ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် ထောက်ပံ့ကြေးများ အခုလ ၂၁ ရက်နေ့ကစပြီး KBZPay မှတိုက်ရိုက် လက်ခံရရှိမှာဖြစ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကမ္ဘောဇဘဏ်အနေနဲ့ မြန်မာနိုင်ငံတော်အစိုးရရဲ့ CERP (Covid-19 စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက်) အ‌ကောင်အထည်ဖော်ဆောင်ရေးမှာ စဥ်ဆက်မပြတ် ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် “ငွေဗိုက်” စီမံချက် ရဲ့‌ ထောက်ပံ့ကြေးလွှဲပြောင်းပေးအပ်မယ့် အစီအစဥ်မှာ KBZPay က digital payment platform တစ်ခုအနေနဲ့ ပံ့ပိုးဆောင်ရွက်ပေးနေပါတယ်။

စက်တင်ဘာလ ၂၁ ရက်နေ့ကစပြီး ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ နေပြည်တော်၊ မ‌ကွေး၊ မွန်၊ စစ်ကိုင်း၊ ကချင်နဲ့ တနင်္သာရီတိုင်းဒေသကြီးများမှာ နေထိုင်ကြတဲ့ အကျိုးခံစားခွင့်ရ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ သူတို့ရဲ့ ကမ္ဘောဇဘဏ်ငွေစာရင်းအကောင့် (သို့) KBZPay မိုဘိုင်းပိုက်ဆံအိတ်သို့ KBZPay Agent များကနေတဆင့် ထောက်ပံ့ကြေးငွေကို တိုက်ရိုက် လက်ခံရရှိသွားမှာ ဖြစ်ပါတယ်။

အခက်အခဲတွေဖြစ်ပေါ်နေတဲ့ အခုလိုကာလမှာ ကိုယ်ဝန်ဆောင်မိခင်များအတွက် ဒီစီမံချက်မှာ ပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။
💙

#KBZPay #KBZBank #financialinclusion #digitalpayments #Myanmar


Spread the love
  •  
  •  
  •  
  •  
  •  
  •