ကိုယ့်အလုပ် ကိုယ်လုပ်တတ်ကြဖို့လိုပါသည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကိုယ့်အလုပ် ကိုယ်လုပ်တတ်ကြဖို့လိုပါသည် – –

 

နိုင်ငံရေးဆိုသည်မှာ စျေးကွက်စီးပွားရေးမှာ
စျေးကွက်ချဲ့ထွင်သည့် အသွင် ပုံသဏ္ဍန်နဲ့ သွား၍မရပါ၊
နိုင်ငံရေးအဖွဲ့အစည်းနဲ့ နိုင်ငံရေးသမားဆိုတာ သူ့ဘဝကို ပြည်သူများကြားမှာ မြှတ်နှံနိုင်ရပါမယ်၊
မိမိအသဲထဲ၊ နှလုံးသားထဲမှာ အမြဲနေရာထားနိုင်ရပါမယ်၊
မိမိတစ်ကိုယ်အတွက် အခွင့်အလန်းရလိုစိတ်မရှိရပါဘူး၊
မိမိကြိုးပမ်း အားထုတ်သမျှတွေအားလုံးက မိမိနိုင်ငံနှင့် မိမိပြည်သူအတွက်ဆိုသည်ကို
စိတ်ထဲမှာ ပိုင်းဖြတ်ချက်၊ဆုံးဖြတ်ချက်တွေထားရှိရပါမယ်၊
ပြည်သူ ပြည်သားများအတွက်အခွင့်အလန်းပါ၊မိမိအတွက်အခွင့်အလန်းမဟုတ်ပါဖူး၊
ဒါသည်က နိုင်ငံရေးသမားတစ်ယောက်၏
ရပ်တည်မူဖြစ်ပါတယ်၊
စျေးကွက်ချဲ့ထွင်တယ်ဆိုတာ သူ့အတွက် အခွင့်အလန်း အကျိုးအမြတ် ရသထက် ရစေဖို့ ရှာကြံရတာဖြစ်ပါတယ်၊
ငွေအားကိုအသုံးပြုပြီး ကုမ္ပဏီတစ်ခုက ကုန်ပစ္စည်းကိုကြော်ငြာ သလိုမျိုးသည် နိုင်ငံရေးနှင့် မအပ်စပ်ပါ၊
အလွတ်ကျက် အာဂုံဆောင် နိုင်ငံရေးသည်လည်း ယနေ့အလုပ်ဖြစ်နေပြီလား၊
နောက်တစ်မျိုးက အမာချည့်ပဲ လိုအပ်တာထက်ပြောပြီး လက်ခုတ်သံယူသလိုမျိုးသည်လည်း ပြည်သူ့ထံမှ မဲပြားကိုရယူနိုင်ပါ့မလား၊
ပြည်သူများပေးကြမှာက အသဲကြားမှမဲတစ်ပြား ဖြစ်ပါတယ်၊

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ
အခုတစ်လော တပ်မတော်သားများကို ပြောဆိုနေသည့် လာမည့်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်ရွေးချယ်ရာ၌ တပ်မတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မူအခန်းကဏ္ဍကို နားလည်သဘောပေါက်သူဖြစ်ရမည်ဟူသောအချက်အပါဝင် အချက်ခြောက်ချက်နှင့်ပြည့်စုံသူကိုရွေးချယ်ကြပါစေလိုကြောင်းပြောကြားနေမူသည်က
နိုင်ငံသားတစ်ဦးခြင်း၏ လွတ်လပ်မူ အပြည့်ဖြင့် ဆန္ဒမဲပေးနိုင်မူကို ခြိမ်းခြောက်ခြင်းနဲ့ မလျော်ဘြဇာသုံးခြင်း၊
ဆိုသည့် ရွေးကောက်ပွဲဆိုင်ရာပြစ်မူများနှင့် ပြစ်ဒဏ်များတွင်၊
ဖွင့်ဆိုပြဌာန်းထားသော ပုဒ်မ(၅၇) ကိုကျုးလွန်နေမူ မဟုတ်ပါလား၊
ထို့အပြင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များသည်လည်း အမိန့်ထုတ်ပြန်ချက်များထုတ်ပြန်နေကြမည်ဆိုပါက အထက်ပါရွေးကောက်ပွဲဥပဒေ ပုဒ်မ(၅၇ ကိုကျုးလွန်မူပင်မဟုတ်ပါလား၊

နိုင်ငံတော်ကာကွယ်ရေး၏အဓိကဖြစ်သော တပ်မတော်သည် တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်များနှင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို ချိုးဖောက်နေတဲ့အပြင် တရားဥပဒေစိုးမိုးမူကိုလည်းထိခိုက်နိုင်သည့် အသွင် ပုံစံ မရှိပါဘူးလို့ ဆိုကာ ကောက်ချက်ချလို့ မရပါ၊
သတိထားသင့်ပါတယ်။

နိုင်ငံတစ်ခု၏ အထွေထွေရွေးကောက်ပွဲဆိုသည်မှာ သူ့သက်တမ်းသတ်မှတ်ချက်တွေအလိုက် သွားကြရပါတယ်၊
မိမိတို့နိုင်ငံ၏ သတ်မှတ်သက်တမ်းက ငါးနှစ်တိတိဖြစ်ပါတယ်၊

ပြည်သူ့လွှတ်တော်၏ သက်တမ်းသည် ယင်းလွတ်တော်၏ ပထမအကြိမ်အစည်းအဝေးစတင်ကျင်းပသည့်နေ့ရက်မှစ၍ ငါးနှစ်ဖြစ်သည်၊(ပုဒ်မ-၁၁၉)၊

အမျိုးသားလွှတ်တော်၏ သက်တမ်းသည် ပြည်သူ့လွှတ်တော်၏သက်တမ်းနှင့်အညီဖြစ်သည်၊ပြည်သူ့လွှတ်တော်၏ သက်တမ်းကုန်ဆုံးသောနေ့တွင် အမျိုးသားလွတ်တော်၏ သက်တမ်းသည်လည်းကုန်ဆုံးသည်၊(ပုဒ်မ ၁၅၁ )၊

ပြည်ထောင်စုလွှတ်တော်၏ ပထမအကြိမ်ပုံမှန်အစည်းအဝေးကို ပြည်သူ့လွှတ်တော်၏
ပထမအစည်းအဝေးစတင်သည့်နေ့မှ (၁၅) ရက်အတွင်းကျင်းပရမည်၊ပြည်ထောင်စုလွတ်တော်အစည်းအဝေးများကို ပြည်ထောင်စုလွတ်တော်နာယက ကခေါ်ယူကျင်းပရမည်၊(ပုဒ်မ ၇၈)၊

ပြည်ထောင်စုလွတ်တော်၏သက်တမ်းသည် ပြည်သူ့လွှတ်တော်၏သက်တမ်းနှင့်အညီဖြစ်သည်၊ပြည်သူ့လွှတ်တော်၏ သက်တမ်းကုန်ဆုံးသောနေ့တွင် ပြည်ထောင်စုလွှတ်တော်၏ သက်တမ်းသည်လည်းကုန်ဆုံးသည်၊(ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေ
ပုဒ္မ – ၄) ၊ပုဒ်မ

ပြည်သူ့လွတ်တော်၏ သက်တမ်းတစ်ရပ် စတင်သော ပထမအကြိမ် ပုံမှန်အစည်းအဝေးကို အထွေထွေရွေးကောက်ပွဲ စတင်ကျင်းပသည့်နေ့ရက်မှ ရက်ပေါင်း(၉၀) အတွင်းကျင်းပရမည်။(ပုဒ်မ -၁၂၃ )၊

အမျိုးသားလွတ်တော်သက်တမ်းစတင်သည့်နေ့ရက်သည် ပြည်သူ့လွတ်တော် သက်တမ်းစတင်သည့်နေ့ရက်ဖြစ်သည်၊(ပုဒ်မ ၁၅၄/က)၊

အမျိုးသားလွတ်တော်၏ ပထမအကြိမ် ပုံမှန်အစည်းအဝေးကို ယင်းလွတ်တော်၏ သက်တမ်း စတင်သည့်နေ့မှ ခုနစ်ရက်အတွင်းကျင်းပရမည်၊(ပုဒ်မ – ၁၅၄/ခ) ၊

အထက်ပါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မများသည် မိမိတို့နိုင်ငံ၏ စံနူန်း၊နှစ်သက်တမ်းသတ်မှတ်ပြဌာန်းထားမူပင်ဖြစ်ပါတယ်။

လက်ရှိဒုတိယအကြိမ်လွှတ်တော်သည်
ပထမအကြိမ်လွှတ်တော် အစည်းအဝေးစတင်သည့်နေ့ရက်ကို မှီငြမ်းပြီး လွတ်တော်အစည်းအဝေးများကို စတင်ကျင်းပပြီး သက်တမ်းသတ်မှတ်တာဖြစ်ပါတယ်၊

သို့လိုပဲ တတိယအကြိမ်လွှတ်တော် အစည်းအဝေးများကိုလည်း ဒုတိယအကြိမ်လွှတ်တော်အစည်းအဝေးစတင်သည့်နေ့ရက်ကိုသာ မှီငြမ်းရမှာသာဖြစ်ပါတယ်၊

အထွေထွေရွေးကောက်ပွဲကျင်းစတင်ကျင်းပသည့်နေ့ရက်မှ ရက်ပေါင်း(၉၀) အတွင်းပြည်သဲူလွှတ်တော်၏ သက်တမ်းတစ်ရပ်ကိုစတင်ကျင်းပ ရပါမည်ဟု ဖွဲ့စည်းပုံပုဒ်မ – ၁၂၃ ၊
ဖွင့်ဆိုမူအရ (၂၀၂၀)အထွေထွေရွေးကောက်ပွဲကို ယခင်ရွေးကောက်ပွဲ စံသတ်မှတ်ထားသော နိုဝင်ဘာလ ပထမအပတ်ကို သတ်မှတ်ကျင်းပရခြင်းဖြစ်ပါတယ်။

အထွေထွေရွေးကောက်ပွဲ ကျင်းပသည့်နေ့ရက်သည် ဖွဲ့စည်းပုံပါ စံနူန်းများပင်ဖြစ်ပါတယ်။

covid ကူးဆက်မူမြန် ကပ်ရောဂါသည် အစဉ်အလာတစ်ခုမဟုတ်သလို ဖြစ်ပွားလာမူအား နိုင်ငံတော်အစိုးရနှင့်အတူ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ကုသ ကာကွယ်ပေးရမည့်တာဝန်သည် ဖွဲ့စည်းပုံနှင့်အညီဖြစ်လာသော ပြည်ထောင်စုအစိုးရ၏တာဝန်များသာဖြစ်ပါတယ်၊

အထွေထွေရွေးကောက်ပွဲသည်သာ မိမိတို့နိုင်ငံ၏ အစဉ်အလာတစ်ခုဖြစ်ပါတယ်။
ထို့အပြင် အထွေထွေရွေးကောက်ပွဲကို ဥပဒေအရ ကြီးကြပ်တာဝန်ယူရသည်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အလုပ်ပင်ဖြစ်ပါတယ်။
တစ်ခါ ကပ်ရောဂါ ကုသ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရနဲ့အတူ
ကာကွယ် ကုသမူ အာဏာပိုင်ဖြစ်သော
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ တာဝန်လည်းဖြစ်သည်နှင့်အညီ –
ထိုဝန်ကြီးဌာနမှ အမိန့်ညွန်ကြားချက်များကို အဆက်မပြတ်ထုတ်ပြန်နေသည်ကို တွေ့ရပါတယ်၊
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည်
ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ် စည်းရုံးခြင်းတို့နှင့် စပ်လျဉ်းသည့် လိုက်နာကြရမည့်
ကျန်းမာရေးစံ လမ်းညွှန်ချက်များကို တိတိ ကျကျ ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်၊
အချက်(၃) ချက်နှင့် အချက်ငယ်(၄) ခုပါဝင်ကာ ထုတ်ပြန်ထားပါတယ်။

ရွေးကောက်ပွဲကော်မရှင်မှလည်း၊
Covid ရောဂါပိုး ပြန့်ပွားမူမရှိစေရေးအတွက် နိုင်ငံရေးပါတီများ လိုက်နာကြပါရန်
ညွန်ကြားချက်၊ ကျင့်ဝတ်လမ်းညွန်ချက်များကိုလည်း ထုတ်ပြန်ထားပါတယ်။

လိုက်နာကြရမှာက အထွေထွေရွေးကောက်ပွဲဝင်ကြမည့် နိုင်ငံရေးပါတီအားလုံးနှင့် လွတ်တော်ကိုယ်စားလှယ်လောင်းများနဲ့အတူ မဲဆွယ် စည်းရုံး ကြမည့် ပါတီဝင်အားလုံးပင်မဟုတ်ကြပါလား၊
ကျင့်ဝတ်၊စည်းမျဉ်း စည်းကမ်း၊ညွှန်ကြားချက်များအား လက်ရှိအနိုင်ရပါတီမှ ၊
စံပြ အဖြစ် တိတိ ကျကျ လေးစားလိုက်နာမူသည်လည်း အရေးပါ လိုအပ်ပါတယ်။

ပြည်သူသာ အဓိကဖြစ်၍ covid ကပ်ရောဂါ ဖြစ်ပွားနေချိန်တွင် ပါတီအောင်နိုင်ရေး၊
စည်းရုံးရေးထက် ရောဂါထိန်းချုပ်နိုင်ရေးကို
ပိုမို ဂရုစိုက်ဆောင်ရွက်သွားမည်ဟု လက်ရှိအနိုင်ရပါတီ ဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူများနှင့် သူ၏ ပါတီဝင်များသိကြစေရန် ထုတ်ပြန် ကြေညာ ပြောဆိုနေတာကို တွေ့နေရပါတယ်။

သို့ဖြစ်ပါ၍ covid ကပ်ရောဂါ ကိုအမှီသဟဲပြုကာ အစိုးရကို နိုင်ငံရေးအမြတ် ဘယ်လိုထုတ်လိုက်မယ်၊
ရွေးကောက်ပွဲကော်မရှင်ကို ဘယ်လို
စာထုတ်ပြန်လိုက်မယ်၊
ဆိုတဲ့အပြုအမူ လုပ်ဆောင်မူများကိုသာ ဦးစားမပေးကြပါပဲ ၊

covid ကာလမှာ ပြည်သူကို ဘယ်လို
အသိသညာတွေပေးမယ်၊
မိမိတို့ပါတီကလည်း covid ကာလ ထုတ်ပြန်သည့် ဥပဒေ၊စည်းမျဉ်းစည်းကမ်း၊ညွှန်ကြားချက် ဘောင်ထဲမှ အဘယ်ကဲ့သို့ မဲဆွယ် စည်းရုံးပြီး အသဲကြားက မဲတစ်ပြားကို ပြည်သူအများက ကြည်ကြည်ဖြူ ဖြူပေးနိုင်ကြစေဖို့၊
မည်ကဲ့သို့ ကြိုးစား ဆောင်ရွက်မလဲ၊
ဆိုသည်ကိုသာ ဆင်ခြင်တုံတရားများဖြင့်၊
တွေးဆ စွမ်းဆောင်ကြရမှာမဟုတ်ပါလား၊

မိမိနိုင်ငံကို မိမိတို့ပါတီ၏ မူဝါဒများဖြင့်၊
ထိန်းကျောင်းပြုပြင် တည်ဆောက်ပါမည်ဟု
ဆိုပြီး နိုင်ငံရေးပါတီထောင်ကာ ရွေးကောက်ပွဲဝင်ကြသည့် နိုင်ငံရေးပါတီများက ပြည်သူကို ငြီးငြူမူမပြဖို့လိုအပ်သည့်အပြင် အထင်သေး စော်ကားမူ မျိုးမလုပ်မိဖို့လိုပါတယ်။

မိမိအလုပ် မိမိလုပ်ကြပါ၊
မိမိတို့ပြည်သူများကလည်း ဆန္ဒမဲပေးဖို့
အရံသင့် စောင့်ကြည့်နေကြပါပြီ။

အစိုးရကို ဆော်လိုက်မှ၊ အာဏာရပါတီကို ဆော်ပလော်တီးလိုက်မှ နိုင်ငံရေး သို့မဟုတ်
မဲဆွယ်စည်းရုံးရေး ဆိုသည့် အတွေးတွေ၊
ယူဆချက်တွေက မိမိတို့ပြည်သူများအကြားမှာ ခေတ်နောက်ကျကျန်ခဲ့ပါပြီ။

မဲဆွယ်စည်းရုံးသူအဖွဲ့အစည်းများ၏လူကြီးလူကောင်းဆန်စွာပြောဆိုမူနှင့် မိမိတို့နိုင်ငံနှင့် မိမိတို့ပြည်သူများ၏ အနာဂတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု စနစ်အသစ်ဆီသို့
တက်လှမ်းနိုင်ပါရန်အလို့ငှာ –
ရွေးကောက်ပွဲပြီးမှ အရပ်ဇာတ်ကသလို
ဟိုတစ်စု ဒီတစ်စု ကောက်သင်းကောက်သလိုမျိုးကို လက်ရှိကာလ အခြေအနေက ခွင့်ပြုမူ မပေးနိုင်သေးပါဆိုတာ ယနေ့ကာလ အခင်းအကျင်းက ပြည်သူအများကို မီးမောင်းထိုးပြနေဘိ သကဲ့သို့ဖြစ်နေပါတယ်။

သို့ကြောင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးထူထောင်နိုင်ရန် လုံလောက်သည့် အင်အားရှိကာ စနစ်အသစ်ကို ဆောင်ကျဉ်းနိုင်မည့်၊ ပြည်သူ ပြည်သားအများစုကထောက်ခံသော ခေါင်းဆောင်နှင့်အတူ တောင့်တင်းသည့် အဖွဲ့ဝင်များစွာရှိသည့် နိုင်ငံရေးပါတီသည်သာလျှင် လတ်တစ်လော မိမိတို့နိုင်ငံ၏ လိုအပ်နေသေးသော မြေပြင်အခြေအနေပင်ဖြစ်နေလျက်ပါ။
ဖက်ဒရယ်ပြည်ထောင်စုကြီးဖြစ်တည်လာစေရေးတွင် ဒေသတွင်းရပ်တည်နေကြသော ဒေသခံတိုင်းရင်းသားနိုင်ငံရေးပါတီများ
သည်လည်း ပြည်ထောင်စုကြီးအတွက်
အရေးပါ လိုအပ်လှပါတယ် ဆိုသည်ကိုလည်း အစိုးရဖွဲ့နိ်ုင်မည့် နိုင်ငံရေးပါတီကြီးက မမေ့အပ်ပေ။
တန်းတူ ရည်တူမူ နဲ့အတူ အေးအတူ ပူအမျှ
ကိုသာ အခြေခံရမှာသာဖြစ်ပါတယ်၊
ဆိုသည်မှာ သမိုင်းပေး အချက်အလက်မနှင့် မိမိတို့ မကျေပြွန်ခဲ့ရသည့် သမိုင်းပေးတာဝန်များပင်ဖြစ်ပါတယ်။

မိမိဆောင်းပါးကို အဆုံးသတ်တင်ပြပါရစေ၊
ရွေးကောက်ပွဲကျင်းပရန် မဖြစ်နိုင်သေးသည့် မဲဆန္ဒနယ်များ၏ရွေးကောက်ပွဲများကိုရွှေ့ဆိုင်းနိုင်ခြင်းသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လုပ်ပိုင်ခွင့်နှင့် တာဝန်သာဖြစ်ပါတယ်၊
(ဖွဲ့စည်းပုံ ပုဒ်မ -၃၉၉/င )၊အပြင်ပုဒ်မခွဲ
(က)မှ(ဇ) အထိပုဒ်မခွဲ(၈) ခုဖြင့် ဖွင့်ဆိုပြဌာန်းထားပါတယ် )။

ရွေးကောက်ပွဲဥပဒေ အခန်း(၁၁) မှာလည်း
ကော်မရှင်၏လုပ်ပိုင်ခွင့်များကို
ပုဒ်မ ၅၀ မှ ၅၃ အထိ ပုဒ်မလေးခုဖြင့်ပြဌာန်းထားပါတယ်။

သို့ပါသောကြောင့် ရွေးကောက်ပွဲဝင်ကြမည့် နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလများသည် မိမိတို့အလုပ်ကို ပြည်သူများနဲ့အတူ လုပ်ကိုင်ဆောင်ရွက်ကြခြင်းဖြင့် –
(၂၀၂၀) အထွေထွေရွေးကောက်ပွဲအတွက်
ပြည်သူနဲ့အတူ အသင့်ရှိနေစေပါကြောင်း
ထပ်လောင်းတင်ပြလိုက်ပါတယ်။

အလေးထားစွာဖြင့်- ကိုသိန်းဌေး ၈၈ ပဲခူး၊
……….(၁၂.၉.၂၀၂၀)……….


Spread the love
  •  
  •  
  •  
  •  
  •  
  •