“ကိုရိုနာကပ်ရောဂါကြီးဖြစ်ပွါးနေပေမဲ့ နှစ်သစ်ကူးပါတီပွဲကြီးကျင်းပဖို့ နေမာ စီစဉ်”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ကိုရိုနာကပ်ရောဂါကြီးဖြစ်ပွါးနေပေမဲ့ နှစ်သစ်ကူးပါတီပွဲကြီးကျင်းပဖို့ နေမာ စီစဉ်”

December 30, 2020

ဘရာဇီးနိုင်ငံသား ဘောလုံးကြယ်ပွင့်
နေမာ ဟာ ကိုရိုနာဗိုင်းရပ်(စ်) ကပ်ရောဂါဖြစ်ပွါးနေပေမဲ့ နှစ်သစ်ကူးအကြိုညမှာ ခမ်းနားကြီးကျယ်တဲ့
ပါတီပွဲကြီးကျင်းပဖို့စီစဉ်နေတယ်လို့ သတင်း
သမားတွေကရေးသားနေကြတာကြောင့်
အငြင်းပွါးစရာပြစ်တင်ဝေဖေဖန်မှုမုန်တိုင်း
အလယ်ခေါင်မှာရောက်ရှိနေရပါတယ်။
“အို ဂလိုဘို”သတင်းစာရဲ့ကော်လံစား သတင်းထောက် “အက်ဆယ်လို ဂိုး(စ်)က
ပဲရစ် စိန့် ဂျာမိန်းရဲ့ရှေ့တန်းကစားသမားဟာ
ရီယို ဒီ ဂျနေရိုး အနီးမှာရှိတဲ့ သူရဲ့ပင်လယ်ကမ်းခြေနံဘေးက ဇိမ်ခံစံအိမ်ကြီးမှာ တပတ်ကြာကျင်းပမဲ့ပါတီ
ပွဲအဖြစ် လူ၅၀၀ဖိတ်ကြားထားပြီး ဧည့်ခံမယ်လို့ ပြောပါတယ်။
စနေနေ့ကစတင်တဲ့ပါတီပွဲဟာ နှစ်သစ်ကူးနေ့အထိကြာမြင့်မှာဖြစ်ပါတယ်။
ဘရာဇီးနိုင်ငံဟာကမ္ဘာပေါ်မှာကိုရိုနာဗိုင်းရပ်(စ်)
ရောဂါကြောင့် သေဆုံးမှုဒုတိယအများဆုံး နိုင်ငံဖြစ်ပြီး သေဆုံးသူ၁၉၁၀၀၀ကျော်ရှိကာ
ရောဂါကူးစက်သူ ၇.၄သန်းရှိပါတယ်။
သူကျင်းပတဲ့ပါတီတွေနဲ့ပတ်သက်ပြီး
အငြင်းပွါးစရာတွေဖြစ်ပေါ်ရတာတွေကို
နေမာဟာအခုမှကြုံဖူးတဲ့အစိမ်းသက်သက်တော့မဟုတ်ပါဘူး။ကြားရတဲ့အဆိုအရ
နေမာဟာ သူ့ရဲ့အိမ်နီးနားချင်းတွေ ပါတီပွဲ
ကြောင့်အနှောက်အယှက်မဖြစ်ရအောင်
အသံလုံကရိယာတွေကိုတောင်မှတပ်ဆင်ထား
မယ်လို့ကြားသိရပါတယ်။
ထင်ရှားကျော်ကြားလူသိများတဲ့ ဆယ်လီတွေနဲ့ပတ်သက်ပြီးသတင်းဦးတွေဖော်ပြနိုင်လို့နာမ်မည်ကြီးနေတဲ့ မက်ထရိုပိုလိ(စ်) ကော်လံစားသတင်းထောက် လီယိုဒိုင်းယတ်စ်
က နေမာရဲ့ ပါတီပွဲကိုတက်ရောက်ဆင်နွှဲမဲ့
လဒ်မီလာ နဲ့ ဝက်စလေဆာဖာဒို တို့လို အနုပညာသည်တွေရဲ့နာမ်မည်ကိုတောင်မှ
ရေးသားဖော်ပြခဲ့ပါတယ်။
လူမှုသတင်းမီဒီယာကွန်ယက်တွေ အပေါ်မှာပါတီပွဲအကြောင်းတွေပျံ့နှံ့သွားမှာကို
ကာကွယ်တားဆီးဖို့ ဧည့်သည်တွေရဲ့ မိုဘိုင်းဖုန်းတွေကို တံခါးဝမှာပဲသိမ်းဆည်း
ထားတာခံရမယ်လို့ဆိုပါတယ်။
နေမာ့အတွက်အလုပ်လုပ်ပေးနေတဲ့
ကိုယ်စားလှယ်တွေကတော့ဒီကောလဟာလ
တွေကိုငြင်းဆိုကြပြီး နေမာ့ရဲ့ စံအိမ်မှာ
ဘာပါတီမှ မကျင်းပဖူးလို့ပြောဆို ပါတယ်။
အထူးကျွမ်းကျင်သူ
အဖြစ်အပျက်များအေဂျင်စီတခုဖြစ်တဲ့
“အေဂျင်စီယာ ဖာဘရီကာ”က နေမာရဲ့စံအိမ်
တည်ရှိတဲ့ ကိုစတာ ဗာဒီဒေသမှာ နှစ်သစ်ကူးပွဲအတွက် ကန်ထရိုက်နဲ့ငှါးရမ်း
ထား တယ်လို့အတည်ပြုပြောဆိုချက် ထုတ်ပြန်ခဲ့ပါတယ်။အများပြည်သူနဲ့သက်ဆိုင်တဲ့ဌာနတွေက ဆုံးဖြတ်ထားတဲ့ကျန်းမာရေးဆိုင်ရာစည်းမျဉ်း
တွေကိုလေးစားလိုက်နာပြီးလူ ၁၅၀ ဝန်းကျင်ကိုသာ ဧည့်ခံမယ်လို့ ပြောဆိုပါတယ်။
ရီယို ဒီ ဂျနေရိုး ပြည်နယ်က ပင်လယ်ဘေး ဇိမ်ခံအပန်းဖြေရိပ်သာ တွေရှိတဲ့ဒေသကမြို့ငယ်လေး မန်ဂ ရာတီဘာ မှာနေမာရဲ့စံအိမ်ရှိပါတယ်။
ဒေသမြို့တော်ခန်းမက ဒေသတွင်း နေထိုင်သူ ၄၁၀၀၀ ကို
နှစ်ရဲ့အဆုံးသတ်ပါတီပွဲများမကျင်းပကြဖို့ ပန်ကြားထားပြီး၊ လူသူစုဝေးမှုတွေကို
ကာကွယ်ရန် အတားအဆီးများချထားခဲ့ပြီးပြီ
ဖြစ်ပါတယ်။
“ဒီပါတီပွဲနဲ့ပတ်သက်ပြီး ကျွန်တော်တို့
ဘာသတင်းမှ မကြားပါဘူး။”လို့ မြို့တော်ခန်းမက AFPကို ပေးပို့တဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
နေမာဟာ လိုင်ယွန်အသင်းနဲ့ ယှဉ်ပြိုင်ရတဲ့ပွဲမှာ
ခြေကျင်းဝတ်ထိခိုက်ဒါဏ်ရာရသွားတဲ့
အတွက် ဒီဇင်ဘာလ၁၃ရက်နေ့ကတည်း ကစပြီး ခုချိန်အထိ ဘောလုံးပြန်မကစားရသေးပါဘူး။သူကပါတီပွဲနဲ့ပတ်သက်ပြီးဘာမှဝေဖန်ချက်မပေးပါဘူး။သူဟာ မကြာသေးခင်ရက်များက
သူရဲ့မိသားစုဓာတ်ပုံတွေကို လူမှုမီဒီယာပေါ်မှာတင်ခဲ့ပြီး ဘာထင်မြင်သုံးသပ်ချက်မှ မရေးသားခဲ့ပါဘူး။
သူ့ရဲ့မန်ဂ ရာတီဘာ စံအိမ်ဟာ ၁၀၀၀၀ မီတာစကွဲရား ရှိတဲ့မြေကွက်ပေါ်မှာတည်ရှိပြီး၊
ရဟတ်ယာဉ်ဆင်းသက်ဖို့ကွင်းတခုပါဝင်
ပါတယ်။ကစားကွင်းများ၊အလှပြုပြင်ဆိုင်များ
၊ရေနွေးရေချိုးခန်းများ နဲ့ထမင်းစားသောက်ဖို့နေရာများပါဝင်ပါတယ်။
ဒီနေရာဟာ သူဒါဏ်ရာကနေ ပြန်လည်သက်သာအောင် အနားယူခဲ့ရာနေရာ ဖြစ်သလို၊ ပြင်သစ်ပြည်မှာကိုရိုနာဗိုင်းရပ်(စ်) ရောဂါ အပြင်းအထန်ဖြစ်ပွါးနေလို့ ကြေးစား
တန်းမြင့်ဘောလုံးပွဲများ ရပ်နားထားစဉ်မှာ
မတ်လကနေ ဇွန်လအထိ သူသွားရောက်ပြီးဦးစီးဦးဆောင်လုပ်ခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။

Ref:(AFP)


Spread the love
  •  
  •  
  •  
  •  
  •  
  •