“ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကာကွယ်ဆေး ၊အစ္စရေး နဲ့ ပါလက်စတိုင်း အခြေအနေ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကာကွယ်ဆေး ၊အစ္စရေး နဲ့

ပါလက်စတိုင်း အခြေအနေ”

January 31,2021

တကမ္ဘာလုံးဆိုင်ရာအကျပ်အတည်းပြဿ

နာကြောင့် စားသောက်ဆိုင်တွေမှာ ညနေစာ

စားသောက်တဲ့အလေ့အထတွေ မရှိတော့တာကြောင့် အစားအသောက်အချက်အပြုတ်ကဏ္ဍမှာ

လူများစွာအလုပ်လက်မဲ့ဖြစ်ပေါ်လာခဲ့ပါတယ်။

ဒါပေမဲ့စားဖိုမှူးတယောက်ဖြစ်တဲ့တဲ့ ဂျော်ဒီ ကယ်လာ က သူမအနေနဲ့တခြားကွဲပြားခြားနားတဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းတခုကိုပြောင်းတော့

မယ်လို့ပြောပါတယ်။ဒါပေမဲ့ “ပုဂံပြားတချပ်ပေါ်က

ပါလက်စတိုင်း”(Palestine on aPlate) နဲ့

ဘယ်လာဒီ(Baladi)စာအုပ်တွေကိုရေးသားခဲ့တဲ့ အဲဒီ့စာရေးဆရာက လန်ဒန်ကနေ ကျွန်တော်တို့ကိုဆက်သွယ်ပြီး အစားအသောက်ချက်ပြုတ်ခြင်းကို ရောဂါကုထုံးအဖြစ်အသုံးပြုခြင်း အကြောင်း

ကိုပြောပြခဲ့ပါတယ်။

ဒီလိုတွေဖြစ်နေစဉ်မှာပဲ ၁၀နှစ်ကြာလာပြီ

ဖြစ်တဲ့အီဂျစ်တော်လှန်ရေးဟာ ဘာတွေဖြစ်ပျက်နေခဲ့သလဲ။ဒီနေ့အချိန်မှာ

အတိုက်အခံတွေရဲ့အသံတွေဟာ အကျဉ်းထောင်ထဲမှာ နွမ်းလျှပင်ပန်းအား

လျော့လာကြပြီဖြစ်ပါတယ်။ ဒီအကြောင်းတွေကို

ကျွန်တော်တို့ရဲ့သတင်းထောက်တွေဖြစ်တဲ့

ကလယ်ရာဝီလီယော့(ထ်) နဲ့ အ က်ဒိုရါ့ဒ် ဒရော့ပ်ဆီ တို့က သတင်းပေးပို့ခဲ့တာဖြစ်ပါတယ်။

လူငယ်တွေကြားမှာရောဂါကူးစက်ပြန့်ပွါး

မှုတွေလျော့နည်းသွားစေဖို့ ရည်ရွယ်ပြီး

အစ္စရေးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ

ကာကွယ်ဆေးတွေကို အသက်၁၆နှစ်မှ၁၈

နှစ်အထိလူငယ်တွေကိုအစုလိုက်အပြုံလိုက်

ထိုးပေးတဲ့လုပ်ငန်းတွေကိုအရှိန်အဟုန်နဲ့ တိုးမြှင့်ဆောင်ရွက်နေကြပါတယ်။ဒါပေမဲ့

ပါလက်စတိုင်းတွေကတော့ ကာကွယ်ဆေးတွေထိုးနှံရဖို့စောင့်ဆိုင်းနေကြရဆဲဖြစ်ပါတယ်။

Ref:(FRANCE-24)


Spread the love
  •  
  •  
  •  
  •  
  •  
  •