ကိုရီးယားနိုင်ငံက ကိုဗစ်ရောဂါ ရှိ/မရှိ စစ်ဆေးနိုင်သည့် Test Kits (၁၀၀၀၀) လှူဒါန်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ကိုရီးယားနိုင်ငံက ကိုဗစ်ရောဂါ ရှိ/မရှိ စစ်ဆေးနိုင်သည့် Test Kits (၁၀၀၀၀) လှူဒါန်း

ဆိုးလ်၊စက်တင်ဘာ ၂၉ရက်

လူဦးရေ၁သောင်းအား ကိုဗစ်ရောဂါ ရှိ/မရှိ စစ်ဆေးနိုင်သည့် Test Kits များကို ကိုရီးယားကယနေ့တွင် မြန်မာသံရုံးသို့ လှူဒါန်းလိုက်သည်။

ကိုရီးယားသမ္မတနိုင်ငံရှိ IoneBio Inc. ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Kim Min-Bae သည်ယနေ့မနက်ပိုင်းက  မြန်မာသံရုံး၊ ဆိုးလ်မြို့သို့ လာရောက်၍ သံအမတ်ကြီး ဦးသန့်စင်အား တွေ့ဆုံကာ  မြန်မာနိုင်ငံရှိ COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွင် အသုံးပြုနိုင်ရန်အတွက် လူဦးရေ (၁၀,၀၀၀)အား COVID-19 ရောဂါ ရှိ/မရှိ စစ်ဆေးနိုင်သည့် Test Kit(PCR) များအား ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ယခုလာရောက်လှူဒါန်းသည့် Test Kit များသည် COVID-19 ရောဂါ ရှိ/မရှိ စစ်ဆေးမှု ရလဒ်အား အချိန် (၂၀)မိနစ်တွင် ရရှိနိုင်မည်ဖြစ်ပြီး Rapid Test Kit များထက် အရည်အသွေး ပိုမိုကောင်းမွန်ကာ ပုံမှန် PCR Test Kits များကဲ့သို့ပင် အဖြေတိကျမှုရှိကြောင်းနှင့် ယင်း Test Kit များ အသုံးပြုပုံမှာလည်း လွယ်ကူပြီး အပူချိန် -15°C မှ -20°C ကြားတွင် သိမ်းဆည်းထားရမည်ဖြစ်သည်။

မြန်မာသံရုံး၊ ဆိုးလ်မြို့အနေဖြင့် ယခုလက်ခံရရှိသော Test Kit များပါဝင်သည့် သေတ္တာ ပုံးကို မြန်မာနိုင်ငံသို့ ဆောလျင်စွာ ဆက်လက်ပို့ဆောင်သွားမည်ဟုသိရသည်။

Source – Myanmar Embassy,Seoul


Spread the love
  •  
  •  
  •  
  •  
  •  
  •