ကိုးပင်ချောင်းရေလျှံတိုက်စားမှုကြောင့် ရွှေဘို-မြစ်ကြီးနားလမ်း မိုင်တိုင်အမှတ်၈/၅တွင် ကတ္တရာလမ်းပေ (၂၀)ခန့် ပြိုကျ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကိုးပင်ချောင်းရေလျှံတိုက်စားမှုကြောင့် ရွှေဘို-မြစ်ကြီးနားလမ်းပေါ်ရှိ မိုင်တိုင်အမှတ်၈/၅တွင် ကတ္တရာလမ်းအရှည်ပေ (၂၀)ခန့် ပြိုကျပျက်စီး

မုံရွာ၊ ဩဂုတ် ၃၁

စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်တွင် ဩဂုတ် ၃၁ ရက် နံနက် (၆)နာရီမှ (၁၀)နာရီအထိ စုစုပေါင်း (၄)နာရီ
ခန့် မိုးသည်းထန်စွာ ရွာသွန်း၍ ကိုးပင်ချောင်းရေလျှံ တိုက်စားမှုကြောင့် ရွှေဘို-မြစ်ကြီးနားလမ်းပေါ်ရှိ မိုင်တိုင်အမှတ်၈/၅၊ တံတားအမှတ်၂/၂၄တွင် ကတ္တရာလမ်းအရှည်ပေ (၂၀)ခန့် ပြိုကျပျက်စီးခဲ့ပါတယ်။

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ၊ ရွှေဘိုခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်နှင့် တာဝန်ရှိသူများလိုက်ပါ၍  ပျက်စီးမှုအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါတယ်။

 

ပြိုကျပျက်စီးသွားသော ​ပေ( ၂၀ )ခန့် တံတားချဥ်းကပ်တာပေါင်​အား စက်ယန္တရားများအသုံးပြု၍ မကြာမီ အများပြည်သူသွားလာမှုလွယ်ကူစေရန် အားလုံးပူးပေါင်းဆောင်ရွက်ကြရန် နောင်တွင် အလားတူမဖြစ်ပေါ်စေရေးအတွက်ယခုတံတားထက် ခိုင်ခံ့သောတံတားသစ်ရရှိရေးကို အထူးအလေးထား၍ တံတားသစ်အမြန် ပြန်လည်တည်ဆောက်နိုင်ရေး အလေးထားဆောင်ရွက်သွားကြရန် တာဝန်ရှိသူများ အား လမ်းညွှန်မှာကြားခဲ့ပါတယ်။

 


Spread the love
  •  
  •  
  •  
  •  
  •  
  •