ကုန်တင်ကားတွေရဲ့ ယာဉ်မောင်း၊ယာဥ်နောက်လိုက်တွေကိုရမည်းသင်းအထိသာ ဝင်ခွင့်ပြုမှာဖြစ်ပြီး လူလဲပြီးမှ ကုန်ကားတွေကို မန္တလေး တိုင်းထဲဆက်ဝင်ခွင့်ပြုမည်
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ရဲ့ ဖေ့စ်ဘွတ် page မှာ အခုလို ဖော်ပြထားပါတယ်။
မန္တလေးမြို့သို့ အဝင်/အထွက်ရှိနေတဲ့ ခရီးသည်တင်ယာဉ်လိုင်းအားလုံးကို ယာယီရပ်ဆိုင်းထားဖို့ ဒီနေ့ဆုံးဖြတ်လိုက်ပါတယ်
************
လက်ရှိဖြစ်ပွားနေတဲ့ကိုဗစ်၁၉ရောဂါဟာပြည်တွင်းကူးစက်မှု မြင့်လာတာကြောင့် ကာကွယ်ထိန်းချုပ်တဲ့အ နေနဲ့ မန္တလေးတိုင်းဒေသကြီးကို အဝင်/အထွက်ရှိနေတဲ့ ခရီးသည်တင်ယာဉ်လိုင်းအားလုံးကို ယာယီရပ်ဆိုင်းထားလိုက်ဖို့ ဒီနေ့ညနေမှာ ပြုလုပ်တဲ့ ကိုဗစ် ၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုန့်ပြန် ရေးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးမှာဆုံးဖြတ်ခဲ့ပါတယ်။
ကုန်စည်စီးဆင်းမှုမရပ်တန့်ဖို့အတွက်လည်းထည့်သွင်းစဉ်းစားရတာမို့ ကုန်တင်ယာဉ်တွေကိုတော့ ခွင်ပြုဦးမှာဖြစ်ပေမယ့် အဲ့ဒီယာဉ်တွေရဲ့ ယာဉ်မောင်း၊နောက်လိုက်နဲ့ ပါလာသူတွေကို မန္တလေးကို တိုက်ရိုက်ဝင်ခွင့်ပြုမှာတော့မဟုတ်ပါဘူး။ ရမည်းသင်းမြို့အထိသာ ဝင်ခွင့်ပြုဖို့ဆုံးဖြတ်ပြီး အဲ့ဒီကနေ လူအပြောင်းအလဲလုပ်၊ကား အပြောင်းအလဲလုပ်ပြီးမှ ကုန်တွေကို တိုင်းဒေသကြီးအတွင်း တစ်ဆင့်သယ်ယူခွင့်ပြုမှာဖြစ်ပါတယ်။
အမျိုးသားကျန်းမာရေးဆိုင်ရာကိစ္စဖြစ်တာကြောင့် ပြည်သူတွေနားလည်ပေးကြမယ်ထင်ပါတယ်။
တာဝန်သိကြဖို့လည်းလိုပါတယ်။ ရောဂါပြန့်ပွားရာနေရာကလာတဲ့သူတွေ မိမိကြောင့်တခြားသူတွေပါဒုက္ခမရောက်စေဖို့ ပူးပေါင်းကူညီပေးကြပါ။ ကျန်းမာရေးဝန်ကြီးဌာနကညွှန်ကြားချက်တွေကိုလိုက်နာကြဖို့တိုက်တွန်းလိုပါတယ်။