ကုန်တင်ယာဉ်မောင်းများနှင့်ယာဉ်နောက်လိုက်များCovid-19 ရောဂါပိုးရှိ/မရှိ ပဉ္စ မ​​ေမြာက်နေ့စစ်ဆေး၊Positiveလူနာ (၁၉) ဦးတွေ့ရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကုန်တင်ယာဉ်မောင်းများနှင့်ယာဉ်နောက်လိုက်များCovid-19 ရောဂါပိုးရှိ/မရှိ ပဉ္စ မ​​ေမြာက်နေ့စစ်ဆေးမှုတွင် ရောဂါပိုးကင်စင်သူ (၄၈၄) ဦး Positiveလူနာ (၁၉) ဦးတွေ့ရှိ

 

ရန်ကုန် အောက်တိုဘာ ၈

ရန်ကုန်အနောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ် (၄)ရပ်ကွက် မင်းဓမ္မလမ်း မြန်မာကွန်ဗင်းရှင်းစင်တာ (MCC)ခန်းမ၌ကုန်တင် ယာဉ်မောင်းများ နှင့် ယာဉ်နောက် လိုက်များအား Covid-19 ရောဂါပိုး ရှိ/ မရှိ အောက်တိုဘာ ၈ ရက်ယနေ့ နံနက် ၉ နာရီ မှ ညနေ ၅ နာရီထိ ပဉ္စမမြောက်နေ့ အဖြစ် (၅၀၃) ဦးစစ်ဆေးခဲ့ရာရောဂါပိုးကင်စင်သူ( ၄၈၄ )ဦးတွေ့ရှိ၍ Positiveလူနာ (၁၉) ဦးတွေ့ရှိ ကြောင်းတာဝန်ရှိသူများထံမှသိရသည်။

” ရန်ကုန်တိုင်းဒေသကြီး Covid- 19ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီရဲ့လမ်းညွှန်မှုအရ ကျန်းမာရေးစစ်ဆေးရေးပူးပေါင်းအဖွဲ့က အဝေးပြေးကုန်တင်ယာဉ်မောင်းများနှင့်ယာဉ်နောက်လိုက်များကို ကိုဗစ်ရောဂါကူးစက်ခံထားရမှု ရှိ/ မရှိ အောက်တိုဘာ ၄ ရက်နေ့မှစ၍ စစ်‌ဆေးပေးခဲ့ရာတွင် ပထမနေ့၌(၂၂၄ )ဦး ကိုစစ်ဆေးရာ ပိုးတွေ့လူနာ (၅)ဦး ၊ ဒုတိယနေ့(၂၈၈)ဦးတွင် ပိုးတွေ့လူနာ (၆) ဦး၊တတိယနေ့ (၄၂၃)ဦး ကိုစစ်ဆေးရာ ပိုးတွေ့လူနာ (၁၃)ဦး ၊စတုတ္ထ နေ့(၅၀၉)ဦးကိုစစ်ဆေးရာ ပိုးတွေ့လူနာ (၁၃)ဦး၊ပဉ္စမမြောက်နေ့(ယနေ့)တွင်(၅၀၃) ကိုစစ်ဆေးရာပိုးတွေ့လူနာ (၁၉ )ဦးတွေ့ရှိရကြောင်းသိရသည်။

ကုန်တင်ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား Covid 19ရောဂါပိုး ရှိ/ မရှိ သိရှိရန် စစ်ဆေးမှု ပြုလုပ်ပေးသည့်(၅)ရက်တွင်စုစု‌ပေါင်(း၁၉၄၇) ဦးစစ်ဆေးပေးနိုင်ခဲ့ကာ ရောဂါပိုးကင်းစင်လက်မှတ်(၁၈၉၁)ယောက်ထုတ်ပေးထားပြီး ၊Positive လူနာ(၅၆) ဦးကို လူမှုအထောက်အကူပြုယာဉ်များ နဲ့ သက်ဆိုင်ရာ Quarantine Center များသို့ဆက်သွယ်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မင်းထွဏ်း


Spread the love
  •  
  •  
  •  
  •  
  •  
  •