ကုမ္ပဏီများတွင် အစုရှယ်ယာထည့်ဝင်ငွေများ၏ ဝင်ငွေရလမ်းကို ၁လခွဲအတွင်း အပြီးစိစစ်မည်  

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကုမ္ပဏီများတွင် အစုရှယ်ယာထည့်ဝင်ငွေများ၏ ဝင်ငွေရလမ်းကို ဩဂုတ်၁၈ရက်မှစပြီးစီမံချက်ချစိစစ်မည်
——————–
ရလမ်းမ​ဖော်ပြနိုင်ပါက စည်းကြပ်မှုမှလွတ်နေသည့်ဝင်ငွေအပေါ် သတ်မှတ်ပေးထားသောနှုန်းထားဖြင့်အခွန်ဆောင်ရမည်

ရန်ကုန်၊ဩဂုတ် ၁၆ရက်

ကုမ္ပဏီများတွင် အစုရှယ်ယာထည့်ဝင်ငွေများ၏ ဝင်ငွေရလမ်းကို ဩဂုတ်၁၈ရက်မှစပြီးစီမံချက်ချစိစစ်မည်ဟု ပြည်တွင်းအခွန်ဦးစီးဌာနက ကြေညာလိုက်သည်။

 

စီမံချက်ကာလသည် အချိန်၁လခွဲ နီးပါးကြာမြင့်မည်ဖြစ်ကာ ရလမ်းမ​ဖော်ပြနိုင်ပါက စည်းကြပ်မှုမှလွတ်နေသည့်ဝင်ငွေအပေါ် သတ်မှတ်ပေးထားသောနှုန်းထားဖြင့်အခွန်ဆောင်ရမည်ဖြစ်သည်။

နိုင်ငံတွင် ဝင်ငွေရလမ်းမဖော်ပြနိုင်သည့် တိမ်မြှပ်နေသော ငွေများအများအပြားရှိနေသည်ဟု အစိုးရက ပြည်ထောင်စုလွှတ်တော်တွင် ထုတ်ဖော်ပြောကြားထားပြီးဖြစ်သည်။

စီးပွားရေးလုပ်ငန်းရှင်အချို့က ဘဏ်တွေထဲ ပမာဏကြီးမားသည့် အပ်ငွေများ၏ ဝင်ငွေရလမ်းကို စိစစ်သင့်ကြောင်းလည်း အကြံပြုထောက်ပြနေကြသည်။

နောင်နောင်/Myanmar Harp


Spread the love
  •  
  •  
  •  
  •  
  •  
  •