ကုလသမဂ္ဂအတွင်းရေးမှူးချူပ်က မြန်မာစစ်အာဏာသိမ်းမှုမအောင်မြင်အောင်ဆောင်ရွက်မည်ဟုဆို

Spread the love
  •  
  •  
  •  
  •  
  •  
  •  

🇺🇳 ကုလသမဂ္ဂအတွင်းရေးမှူးချူပ်က 🇲🇲 #မြန်မာစစ်အာဏာသိမ်းမှုမအောင်မြင်အောင်ဆောင်ရွက်မည်ဟုဆို။

🇺🇳 ကုလသမဂ္ဂအတွင်းရေးမှူးချူပ် Antonio Guterres က #မြန်မာပြည်ကစစ်အာဏာသိမ်းမှုမအောင်မြင်အောင်သူ့ပါဝါရှိသလောက်အစွမ်းကုန်ကြိုးပမ်းမယ်လို့ မနေ့က ဗုဒ္ဓဟူးနေ့ကပြောကြားလိုက်ပါတယ်။

UN Secretary-General Antonio Guterres said Wednesday he would do everything in his power to pressure Myanmar and “make sure that this coup fails.”

“We will do everything we can to mobilize all the key actors and international community to put enough pressure on Myanmar to make sure that this coup fails,” Guterres said in a conversation with The Washington Post.

အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းနဲ့အဓိကပါဝင်သူတွေကို မြန်မာပြည်ကအာဏာသိမ်းမှုမအောင်မြင်အောင် #လုံလောက်တဲ့ဖိအားပေးဖို့ ကျနော်တို့အနေနဲ့ဝိုင်းဝန်းတွန်းအားပေးသွားမယ်လို့ ဝါရှင်တန်ပို့စ်သတင်းစာနဲ့ပြောဆိုရာမှာ ပြောသွားခြင်းဖြစ်ပါတယ်။

“After elections that I believe took place normally and after a large period of transition, it’s absolutely unacceptable to reverse the results of the elections and the will of the people.”

ရွေးကောက်ပွဲအပြီးမှာ ကျနော့်အနေနဲ့ ပုံမှန်အတိုင်းဖြစ်မယ်လို့ယူဆခဲ့ပါတယ်။

ကာလကြာရှည်စွာအပြောင်းအလဲတွေလုပ်ဆောင်ခဲ့ပြီးမှ #ပြည်သူလူထုရဲ့ဆန္ဒနဲ့ရွေးကောက်ပွဲရဲ့ရလဒ်ကိုဆန့်ကျင်ခြင်းကိုလုံးဝလက်မခံနိုင်စရာမရှိဘူးလို့ ဆိုပါတယ်။

When asked about the indictment of Suu Kyi, 75, Guterres said that “if we can accuse her of something, (it) is that she was too close to the military, is that she protected too much the military.

ဒေါ်အောင်ဆန်းစုကြည်ကိုစွဲချက်တင်တဲ့ကိစ္စကိုမေးမြန်းတဲ့အခါမှာ “ကျနော်တို့က သူမကိုစွပ်စွဲမယ်ဆိုရင် … သူမဟာစစ်တပ်နဲ့အရမ်းနီးစပ်ခဲ့ပြီး စစ်တပ်ကိုအကာအကွယ်ပေးလွန်းလွန်းတယ်လို့ စွပ်စွဲစရာပဲရှိပါတယ်” တဲ့။

🇺🇳 ကုလသမဂ္ဂအတွင်းရေးမှူးချူပ်က လုံခြုံရေးကောင်စီအနေနဲ့ မြန်မာပြည်ကအာဏာသိမ်းမှုအပေါ် ကြေညာချက်ထုတ်ဖို့ တူညီတဲ့သဘောတူညီမှုတစ်ခုမရသေးဘူးလို့ဆိုပါတယ်။

မနေ့ကညနေကအခြေအနေအထိ လုံခြုံရေးကောင်စီဝင် (၁၅) နိုင်ငံက အခုထိဆက်လက်ညှိနှိုင်းဆွေးနွေးနေဆဲလို့ဆိုပါတယ်။

📰 သတင်းကိုသတင်းအဖြစ်ဖတ်လို့ရအောင် တင်ပေးပါတယ်ခင်ဗျား။

အင်မတန်ရှုပ်ထွေးတဲ့ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံကို နားမလည်တဲ့အတွက် ဘာမှမှတ်ချက်မပေးလိုပါ။

ဒီရက်မှာသိရသမျှ ကိုဗစ်သတင်းတွေလည်း အချိန်ရရင်တင်ပေးပါမယ်။

Richard Myo Thant
4-February -2021


Spread the love
  •  
  •  
  •  
  •  
  •  
  •