ကော့သောင်းနယ်စပ်မှ ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းတင်ပို့မှု ထိုင်းနိုင်ငံမှစည်းကမ်းများတိုးမြှင့်ကန့်သတ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကော့သောင်းနယ်စပ်မှ ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းတင်ပို့မှု ထိုင်းနိုင်ငံမှစည်းကမ်းများတိုးမြှင့်ကန့်သတ်

ကော့သောင်း ၊ စက်တင်ဘာ ၄

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှုကာလတစ်လျှောက် မြန်မာ-ထိုင်းနယ်စပ်ဖြတ်သန်းသွားလာမှုများပိတ်သိမ်းထားခဲ့သော်လည်း ကုန် စည်စီးဆင်းမှုမပြတ်တောက်စေရေး နှစ်နိုင်ငံတာဝန်ရှိအဖွဲ့အစည်းများ ညှိနှိုင်းသဘောတူညီမှုဖြင့် မြန်မာနိုင်ငံမှ ပြည်ပပို့ကုန်ရေထွက် ပစ္စည်း တင်ပို့ရောင်းချမှုနှင့် ပြည်ပမှ အခြေခံစားသောက်ကုန်ဝယ်ယူတင်သွင်းမှုများကို မြန်မာ-ထိုင်းနယ်စပ်ဖြစ်သည့် ကော့သောင်း-ရနောင်း ရောင်းဝယ်ဖေါက်ကားမှုကို ရောဂါထိန်းချုပ်မှုစည်းကမ်းချက်များဖြင့် ဆက်လက်ခွင့်ပြုထားရာမှ ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှု ပြန်လည်မြှင့်တက်လာသဖြင့် ထိုင်းနိုင်ငံဖက်မှ ရေထွက်ပစ္စည်းရောင်းဝယ်မှုလုပ်ငန်းများတွင် စည်းကမ်းများ တိုးမြှင့်တင်းကြပ် ကန့်သတ်ထားကြောင်း သိရသည်။

 

ထိုင်းနိုင်ငံ ရနောင်းမြို့အတွင်း နယ်စပ်တရားဝင်ဂိတ်အဖြစ် စဖန်ပလားဂိတ်တစ်ခုတည်းမှ ကုန်စည်တင်သွင်းရောင်းဝယ်မှုကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကုန်ပစ္စည်းလာရောက် တင်ပို့ရောင်း/ဝယ်သူများအနေဖြင့် မိမိလှေအတွင်းနေထိုင်ကြရေးနှင့် ဆိပ်ကမ်းပေါ်သို့ တက်ရောက်ခွင့်မပြုကြောင်း၊  အခြားနယ်စပ်ဂိတ်များအားလုံးကို သြဂုတ်လ ၃၁ ရက်နေ့မှစတင်၍ ရပ်နားပိတ်သိမ်းထားကြောင်း၊ ထိုင်းနိုင်ငံအတွင်းသို့ ဝင်/ထွက်မှုပြုလုပ်နိုင်သည့်နေရာများအားလုံးတွင် လုံခြုံရေးဆိုင်ရာ ပူးပေါင်းအဖွဲ့များ တင်းကြပ်စွာ ချထားစောင့်ကြည့်ကာကွယ်လျှက်ရှိပြီး တရားမဝင် ဝင်/ထွက် သွားလာမှုများအား ရေကြောင်းကာကွယ်တားဆီးစစ်ဆေးမှုများ အင်အားပြည့်အသုံးပြုဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှလည်း ကော့သောင်းမြို့မှ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ရေထွက်ပစ္စည်းတင်ပို့ရောင်းချမည့် ငါးသယ်လှေများအနေဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များ၏စစ်ဆေးမှုခံယူကာ မလိုလားအပ်သည့်ဖြစ်စဉ်များ မပေါ်ပေါက်ရေး သက် ဆိုင်ရာ သတ်မှတ်ထားသည့်နယ်စပ်ဂိတ်တွင် နံနက် (၈) နာရီမှ မွန်းလွဲ (၁) နာရီအတွင်း လုပ်ငန်းများအပြီး ဆောင်ရွက်ကြရေးနှင့်ရေယာဉ်နှင့်လိုက်ပါမည့်လုပ်သားများ လှေပေါ်တွင်သာနေထိုင်ကြရေး သက်ဆိုင်ရာရေလုပ်ငန်းလုပ်ကိုင်သူများအား ကျယ်ကျယ်ပြန့်ပြန့်အသိပေးထားကြောင်းလည်း သိရသည်။

ကျော်စိုး (ကော့သောင်း)


Spread the love
  •  
  •  
  •  
  •  
  •  
  •