ကော့သောင်းမြို့အနီး ကပ္ပလီ ပင်လယ်အတွင်း ပင်လယ်ကူးသင်္ဘောများမှ မြန်မာ သင်္ဘောသားများကို Crew Change ပြုလုပ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကော့သောင်းမြို့အနီး ကပ္ပလီ ပင်လယ်အတွင်း ပင်လယ်ကူးသင်္ဘောများမှ မြန်မာ သင်္ဘောသားများကို Crew Change ပြုလုပ်

ကော့သောင်း  သြဂုတ် ၃၀

ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် အီရတ်နိုင်ငံမှလာရောက်သည့် MV EZ FORTUNA သင်္ဘောပေါ်မှ သင်္ဘောသား(၆)ဦး နှင့် စင်္ကာပူနိုင်ငံမှလာရောက်သည့် MV INCA QUEEN သင်္ဘောပေါ်မှ သင်္ဘောသား(၂၀)ဦး Sign off ထွက်လာရာ ယမန်နေ့ ညနေပိုင်းက မြို့မဆိပ်ကမ်းမှတဆင့် ကော့သောင်းမြို့သို့ဝင်ရောက်လာပြီး Hotel Quarantine ဝင်ရောက်လျက်ရှိကြောင်းသိရသည်။

သင်္ဘောများပေါ်မှ Sign off ထွက်လာသည့် အဆိုပါမြန်မာသသင်္ဘောသား(၂၆)ဦးမှာ  ကော့သောင်းမြို့တွင် ကြိုတင်ရောက်ရှိနေသည့် MV EZ FORTUNA သင်္ဘော ပေါ်သို့ sign on တက်ရောက်မည့်  သင်္ဘောသား (၉)ဦးနှင့် MV INCA QUEEN သင်္ဘောပေါ်သို့   sign on တက်ရောက်မည့်  သင်္ဘောသား (၂၀)ဦးနှင့် တို့ဖြင့်  တာဝန်လွဲပြောင်း ယူခဲ့သူများဖြစ်သည်။

သင်္ဘောများပေါ်မှ Sign off ထွက်လာသည့် မြန်မာသင်္ဘောသား.(၂၆)ဦးအား  ဆိပ်ကမ်း၌ တာဝန်ရှိ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့နှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက လိုအပ်သည့်ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ကာ ကော့သောင်းမြို့ တွင် Hotel Quarantine (၂၁)ထားရှိပြီး ၎င်းတို့၏ Swb နမူနာ များအား ရန်ကုန်အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနသို့ ပို့ဆောင် ဓာတ်ခွဲစစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။

ကျော်စိုး(ကော့သောင်း)


Spread the love
  •  
  •  
  •  
  •  
  •  
  •