“ကျနော့်အဖေလူသတ်သမား” (🇭🇰 ဟောင်ကောင်ရဲရဲ့ဖြစ်ရပ်ကပေးတဲ့သင်ခန်းစာ)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ကျနော့်အဖေလူသတ်သမား”
~~~~~~~~~~~~~~~~~~~~~
(🇭🇰 #ဟောင်ကောင်ရဲရဲ့ဖြစ်ရပ်ကပေးတဲ့သင်ခန်းစာ)

 

ရှောင်လုံလေးအိမ်ပြန်ပြန်ရောက်ရောက်ခြင်း သူ့အမေကိုငိုပြီး​​ ​​ေြပ ာလိုက်တဲ့စကားက …

“မေမေ … ကျနော့်အဖေကလူသတ်သမားတဲ့။”

“သားကို ဘယ်သူကပြောလဲ❓”

“ကျောင်းမှာသူငယ်ချင်းတွေက #ဖေဖေသေနတ်နဲ့ကျောင်းသားတွေကိုပစ်သတ်နေတဲ့ သတင်းစာထဲကပုံကိုထုတ်ပြတယ်။”

“မင်းအဖေဟာလက်နက်မဲ့ပြည်သူကိုသေနတ်အားကိုးနဲ့မတရားပစ်သတ်တဲ့လူသတ်သမား” တဲ့။

“တာဝန်အရလုပ်တာလို့ပြန်ပြောလိုက်လေ”

“တာဝန်အရဆို #လက်နက်မဲ့ပြည်သူတွေကိုအဲ့လိုအသေပစ်သတ်ရလားမေမေ❓

ဒါဆိုရင်သားကြီးလာရင် #ဖေဖေ့လိုရဲမလုပ်တော့ဘူး”

ထိုည ရှောင်လုံးလေးထမင်းမစားပါ။

ဘယ်သူနဲ့မှလည်းစကားမပြောပါ။

သူအမြဲတမ်းလေးစားခဲ့တဲ့ ပြည်သူကိုကာကွယ်ပေးနေတဲ့ သူ့အဖေရဲဆိုတာ လက်နက်မဲ့ပြည်သူကိုမတရားပစ်သတ်နေတဲ့ “#လူသတ်ကောင်” အဖြစ် ရှောင်လုံးလေးသိလိုက်ရတဲ့အချိန်မှာ ရင်နာမဆုံးဖြစ်သွားပါပြီ။

ပြဿနာကဤတွင်မပြီးပါ။

ရှောင်လုံးလေးခမျာ ကျောင်းမှာမည်သူမှပေါင်းမယ့်သူမရှိတော့ပါ။ သူလာလျှင်ကျန်ကျောင်းသားတွေက အလိုလိုထွက်ခွာဖယ်ကြဉ်သွားကြပါတယ်။

ရှောင်လုံးအမေကသူ့ဆရာမကိုသွားတွေ့ပါတယ်။

ဆရာမက ကလေးတွေကိုရှင်းပြပါတယ်။ ဒါပေမယ့်ကလေးတွေက #ထောင်ထဲကလူသတ်သမားထက်ဆိုးတဲ့ သေနတ်အားကိုးလူသတ်သမားသားကို အရောမဝင်ချင်ဘူးတဲ့လေ။

အခုခေတ်ကလေးတွေဟာ ရဲကိုစိတ်နာနေကြတာကို ဆရာမကမထင်မှတ်ပဲတွေ့လိုက်ရပါတယ်။

ဟောင်ကောင်မှာ coloring သင်ခန်းစာမှာ ရဲပုံကို ကာလာမခြယ်ကြပဲ ကလေးတွေကထားခဲ့ကြပါတယ်။

ဤကိစ္စဟာမိဘတွေအကြားအလေးထားပြောရတဲ့ကိစ္စတစ်ခုဖြစ်လာပါတယ်။ အခုခေတ်ကလေးတွေဟာ အကုန်သိလာပါပြီ။

ရှောင်လုံးခမျာမှာ အရင်က တနေ့လူကြီးဖြစ်ရင် ပြည်သူကိုအကာကွယ်ပေးမယ့် ဂုဏ်ယူစရာပြည်သူ့ရဲသိပ်ဖြစ်ချင်သူပါ။

ဂျက်ကီချန်းရဲ့ “Police Story” ရုပ်ရှင်ကားများအကြောင်းကို သူငယ်ချင်းတွေကို ဟန်နဲ့ပန်နဲ့ပြန်ပြောတတ်သူ။

ကျောင်းမှာရဲဝန်ထမ်းရဲ့သားအဖြစ် ကလေးတွေအကြားမှာ မျက်နှာပွင့်ခဲ့သူပါ။

သူ့အဖေကရဲဝတ်စုံအပြည့်နဲ့ကျောင်းလိုက်ပို့ရင် ကလေးတွေကတလေးတစားဝိုင်းကြည့်ခံရတာ သူဂုဏ်ယူလို့မဆုံး ဖြစ်ခဲ့တာပါ။

အခုတော့ သူ့ဖေကျောင်းကိုလိုက်ပို့မှာကို သေမလောက်ကြောက်လို့ သူ့အမေကလိုက်ပို့ရပါတယ်။

နောက်ဆုံး ရှောင်လုံးလေးကိုကျောင်းပြောင်းထားလိုက်ပါတယ်။

နောက်တစ်ကျောင်းရောက်သွားချိန်မှာလည်း အဖေ့ရဲ့အရိပ်မည်းကနေပြေးမလွတ်ပါ။

သူ့အဖေဟာ သတင်းစာထဲမှာပါလာတဲ့ လက်နက်မဲ့ပြည်သူကို လက်နက်အားကိုးနဲ့အနိုင်ကျင့်ပစ်သတ်ခဲ့တဲ့ လူမှန်းတဖြည်းဖြည်းသိလာကြတဲ့အခါမှာ ရှောင်လုံးလေးတစ်ယောက် ဘယ်သွားသွားခေါင်းမဖော်နိုင်ပါ။

ရှောင်လုံးလေးရဲ့အိမ်မက်တွေကိုရိုက်ချိုးဖျက်ဆီးခဲ့တာ။ သားသမီးကိုတသက်လုံးလူတောမတိုးဝံ့အောင်လုပ်ခဲ့တာ … သူ့အဖေလူသတ်သမားပါပဲ။

ကိုယ်ဒီနေ့လုပ်ခဲ့တဲ့ လူမဆန်တဲ့လုပ်ရပ်ဟာ #ကိုယ့်သားစဉ်မြေးဆက်ခေါင်းမဖော်ဝံ့တဲ့လုပ်ရပ်မဖြစ်ပါစေနဲ့။

#သားစဉ်မြေးဆက်မျက်နှာမဖော်ဝံ့တဲ့အဖြစ်ကနေရှောင်ရှားနိုင်ကြပါစေ။

အားလုံးသိကြဖို့ပါ။

ပြည်သူကလေးစားတဲ့ပြည်သူရဲအဖြစ်ပဲခံယူပါ။


Spread the love
  •  
  •  
  •  
  •  
  •  
  •