ကျနော်တိုရဲ့ Quarantine periodကို ၁၄ ရက် ပြန်ပြောင်းသင့်ပြီလား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

COVID-19 ရောဂါဖြစ်နေတဲ့လူနာတွေဟာ11ရက်ကျော်တာနဲ့ရောဂါကူးစက်ပြန့်ပွားမှုမရှိတော့ဘူးလို့ စင်ကာပူကူးစက်ရောဂါကျွမ်းကျင်ပညာရှင်များကဆို

♦️ COVID-19 ကူးစက်မှုအကြောင်း special report ပါ။ ရောဂါကူးစက်မှုအကြောင်းသေချာသိရင် သေချာပိုမိုထိန်းချုပ်နိုင်ပါလိမ့်မယ်။

♦️ ဒီ Report အရ ကျနော်တိုရဲ့ Quarantine period ကို 14 ရက်ကိုပြန်ပြင်သင့်ပြီလို့ မြင်ပါတယ်။♦️

♦️ COVID-19 #ကူးစက်မှုနဲ့ပတ်သက်လို့အကျဉ်းချုံးပြီးအသေအချာပြောပြထားပါတယ်။

COVID-19 #ရောဂါဖြစ်နေတဲ့လူနာတွေဟာ11ရက်ကျော်တာနဲ့ရောဂါကူးစက်ပြန့်ပွားမှုမရှိတော့ဘူးလို့ စင်ကာပူကူးစက်ရောဂါကျွမ်းကျင်ပညာရှင်များကဆိုပါတယ်။

♦️ 12 ရက်မြောက်နေ့ကစပြီး လူနာကို Test စစ်ရင် positive ပြနေသော်လည်း ကူးစက်မှုမရှိတော့ဘူး။ သူ့ဆီကရောဂါပိုးယူမွေးလို့ မရတော့ဘူးလို့ဆိုပါတယ်။

👉 အခုတွေ့ရှိမှုဟာ Covid လူနာကို treat လုပ်နေတဲ့ trend ပြောင်းသွားနိုင်ပါတယ်။

♦️ ကျနော် Covid လူနာနဲ့ closed contact ဖြစ်ခဲ့စဉ်မှာ အဲ့ဒီကိစ္စကို ပထမဆုံးခေါင်းထဲဝင်လာတာပါ။ ငါ့ကိုကူးနိုင်မကူးနိုင်။⁉️

👉 Viral RNA shedding ကချက်ချင်းခေါင်းထဲပေါ်လာတာပါ။ ငါ့ကို ကူးစက်စေမယ့် လူနာဆီမှာ viral load ဘယ်လောက်ရှိနေမလဲ အလွန်သိချင်နေခဲ့ပါတယ်။

♦️ဒီကိစ္စဟာအတော်အရေးကြီးပါတယ်။

အခုထုတ်ပြန်ချက်ဟာ #စင်ကာပူကူးစက်ရောဂါဆိုင်ရာဌာနနဲ့ #သမားတော်များဆေးပညာကောလိပ် #စင်ကာပူဆေးအကယ်ဒမီ တို့ရဲ့ ပူးတွဲထုတ်ပြန်ချက်မှာပါတာပါ။

🇸🇬 Natinal Center for Infectious Diseases

🇸🇬 Academy of Medicine Singapore

🇸🇬 College of Physicians Singapore

ဘာဖြစ်လို့အရေးကြီးသလဲလို့ ကျနော်ပြောရသလဲ ဆိုလို့ရှိရင်….

👉 ကျနော်တို့ဆီမှာ လူနာတွေအရမ်းများလာခဲ့ရင် Test လုပ်ရတဲ့ ပမာဏနဲ့ PPE သုံးစွဲရတဲ့ ပမာဏ #လျော့ကျသွားစေနိုင်လို့ ဖြစ်ပါတယ်။

👉 ချွေတာရေးအတွက်ရော work load လျော့ချရေးအတွက်ရော စဉ်းစားစရာဖြစ်လာပါတယ်။

အခုတွေ့ရှိချက်ဟာ Covid ရောဂါစဖြစ်ကတည်းက လေ့လာတွေ့ရှိချက်တွေကို အခြေခံထားတာဖြစ်ပါတယ်။

ကျနော်တွေးမိတာတွေက….

♦️ (၁) လူနာဟာ ရောဂါဖြစ်ပြီး 12 ကြာလို့အခြေအနေကောင်းခဲ့ရင် ဆေးရုံ ward သပ်သပ်ခွဲထားလို့ရနိုင်မလား⁉️

PPE အကုန်အကျသက်သာသွားမယ်၊ Work load လျော့ကျသွားမယ်။

♦️ (၂) လူနာအခြေအနေကောင်းရင် အိမ်တောင်ပြန်ခွင့်ပြုလို့ရမလား⁉️

အမေရိကန်မှာ ရောဂါသက်သာတာနဲ့ဆေးရုံကနေဆင်းခွင့်ပြုတယ်။

♦️ (၃) Covid လူနာ 12 ရက်ကျော်တာနဲ့ ဆေးရုံကဆင်းရင် Test လုပ်စရာမလိုဘူးလား⁉️

12 ရက်ကျော်တာနဲ့ မကူးစက်နိုင်တော့ဘူးဆိုရင် ဆေးရုံကမဆင်းခင် ဘာလို့ Test လုပ်နေအုံးမှာလဲ⁉️

အကယ်၍ positive – negative အကြိမ်ပေါင်းများစွာပြနေရင် Test တွေအများကြီးလုပ်ရပါတယ်။

♦️ (၄) Covid ဖြစ်ဖူးတဲ့လူနာတွေ ဆေးရုံကဆင်းသွားအပြီးမှာ PCR Test positive ဖြစ်လည်း စိုးရိမ်စရာမရှိဘူး မကူးစက်နိုင်တော့ဘူးလို့ ဒီ report အရ သိစေနိုင်ပါတယ်။

✍️ အခုအားလုံးသိစေချင်လို့ တွေ့ရှိချက်ကို ပြန်ရေးပေးပါ့မယ်။

♦️ #ပျမ်းမျှရောဂါပျိုးချိန်ဘယ်လောက်ကြာနိုင်သလဲ⁉️

လူတစ်ယောက်ဟာအခြားတစ်ယောက်ဆီကကူးစက်ခံရပြီးသူ့ဆီမှာ ရောဂါလက္ခဏာတစ်ခုခုစပြတဲ့အချိန် (incubation period) ဟာ ပျမ်းမျှခြင်း 5 ရက်ကြာပါတယ်။ (အနည်းဆုံး 2 ရက်ကနေ အများဆုံး 14 ရက်ကြာပါတယ်)

တီးတိန်ကလူနာရဲ့အမေကိစ္စမှာ လူနာမှာ PCR positive ပြချိန်မှာ Viral shedding period ကိုကျော်လွန်ခဲ့ပြီလား ပြန်စဉ်းစားသင့်ပါတယ်။

♦️ #အများဆုံးဖြစ်တဲ့ရောဂါလက္ခဏာတွေကဘာတွေလဲ⁉️

▪️ကိုယ်ပူခြင်း – fever

▪️ချောင်းအခြောက်ဆိုးခြင်း – dry cough

▪️ပင်ပန်းနွမ်းနယ်ခြင်း – fatigue

▪️အသက်ရှုရခက်ခြင်း – shortness of breath

▪️ချမ်းဖျားဖျားခြင်း – chills

▪️လည်ချောင်းနာခြင်း – sore throats

▪️ကြွက်သားများနာကျင်ကိုက်ခဲခြင်း – muscle aches

▪️အနံ့ခံအာရုံပျောက်ခြင်း – loss of smell

▪️ခေါင်းကိုက်ခြင်း – headaches

♦️ #ရောဂါလက္ခဏာမပြပဲကူးစက်သူဘယ်လောက်ရှိသလဲ⁉️

🇨🇳 အစောပိုင်းကာလမှာ တရုတ်ပြည်မှာ လူနာ 72000 ကိုလေ့လာကြည့်ရာမှာ ရောဂါလက္ခဏာမပြပဲကူးစက်မှု 1 ရာနှုန်းရှိပါတယ်။

ဒါပေမယ့်ဒီထက်ပိုမိုတာ သိလာရပါတယ်။

🇺🇸 အမေရိကန်မှာ ရောဂါလက္ခဏာမပြပဲကူးစက်မှု 35 ရာနှုန်းအထိရှိပါတယ်။

လေ့လာမှုပေါ်မူတည်ပြီး ရောဂါလက္ခဏာမပြပဲကူးစက်မှု 17.9 % ကနေ 78%အထိ ရှိတာတွေ့ရပါတယ်။

♦️ #ရောဂါလက္ခဏာပြတဲ့သူတွေဟာဘယ်လိုပြသလဲ⁉️

▪️80 ရာနှုန်းက ရောဂါလက္ခဏာမပြင်းထန်ပါဘူး။

▪️15 ရာနှုန်းကပိုပြင်းထန်ပြီး နမိုးနီးယားလက္ခဏာအဓိကတွေ့ရပါတယ်။

▪️5 ရာနှုန်းကတော့ ကြပ်မတ်ကုသဆောင်ထဲအထိပို့ရပါတယ်။

♦️ Epidemiologic data #အရရောဂါကူးစက်ချိန်ကိုလေ့လာခြင်း။

🇭🇰 ဟောင်ကောင်မှာ ရောဂါကူးစက်စေသူနဲ့ အကူးစက်ခံရသူအတွဲ 77 တွဲကို လေ့လာကြည့်ရာမှာ –

▪️serial interval (ပထမလူနာက ရောဂါလက္ခဏာတစ်ခုခုပြအပြီးကနေ နောက်လူနာမှာရောဂါလက္ခဏာတစ်ခုခုပြချိန်ကြားမှာ) ပျမ်းမျှ 5.8 ရက်ကြာပါတယ်။

♦️ အဲ့ဒီမှာ အကူးစက်ခံရသူက ကူးစက်စေသူထက်စောပြီး ရောဂါလက္ခဏာပြတာက 7.6 ရာနှုန်းရှိပါတယ်။

ဒါမျိုးကြောင့် ရောဂါလက္ခဏာမပြပဲ လမ်းသလားနေသူဆီက အချိန်မရွေးကိုယ်အကူးခံရနိုင်တယ်လို့ ပြောတာပါ။

♦️ အကယ်၍ ပျမ်းမျှရောဂါပျိုးချိန်ကို 5.2 ရက်အဖြစ်နောက်လေ့လာမှုတစ်ခုမှာတွေ့သလို သတ်မှတ်ခဲ့ရင်….

👉 #ရောဂါကူးချိန်ဟာ ရောဂါလက္ခဏာတစ်ခုခုမပြခင် 2.3 ရက် #စောပြီးရောဂါကူးနိုင်တယ်။

0.7 ရက်မြေက်နေ့မှာ အကူးစက်ဆုံးဖြစ်ပြီး တဖြည်းဖြည်း 7 ရက်ကြာတဲ့အထိကူးစက်မှုကျဆင်းသွားပါတယ်။

👉 သဘောက #လူတစ်ယောက်ရောဂါလက္ခဏာမပြခင်3ရက်လောက်ကတည်းကစတင်ကူးစက်နေပါပြီ။

အဲ့ဒီမှာမှ #လူတစ်ယောက်ရောဂါလက္ခဏာမပြခင်2ရက်လောက်အလိုဟာ ရောဂါအကူးဆုံးအချိန်ဖြစ်တယ်။

#ရောဂါလက္ခဏာပြပြီး5ရက်ကြာတဲ့အထိရောဂါကူးစက်မှုတဖြည်းဖြည်းလျော့ကျလာတယ်။

👉 အရင်ပြောကြားချက်ပါထည့်ပေါင်းရရင် #ရောဂါလက္ခဏာပြအပြီး11ရက်ကြာတဲ့အထိရောဂါကူးစက်စေနိုင်တယ်။

🇹🇼 ထိုင်ဝမ်မှာလေ့လာတွေ့ရှိချက်အရ Covid အကူးခံရတဲ့လူနာ အယောက် 100 နဲ့ သူတို့နဲ့ #အနီးကပ်ထိတွေ့ခဲ့သူ အယောက် 2761 ယောက်ကိုလေ့လာကြည့်ရာမှာ…..

ရောဂါကူးစက်စေသူနဲ့ အကူးစက်ခံရသူအတွဲ 22 တွဲကို ရရှိခဲ့ပါတယ်။

ရောဂါပိုးရှိသူမှာ ရောဂါလက္ခဏာတစ်ခုခုပြအပြီး 5 ရက်အတွင်းမှာ နောက်လူကိုကူးစက်ခဲ့တာဖြစ်ပါတယ်။

5 ရက်အတွင်းထိတွေ့ခဲ့သူ 1818 ယောက်မှာ အကူးခံရတာ 22 ယောက်ပဲရှိပြီး ကူးစက်နှုန်း 1% ထက်မပိုခဲ့ပါဘူး။

ကျန်တဲ့ 852 ယောက်က 5 ရက်(သို့) နောက်ပိုင်းမှာထိတွေခဲ့ပြီး တစ်ယောက်မှအကူးမခံခဲ့ရပါ။

♦️ ဒီနေရာမှာ #ကျနော်မေးချင်တာကဘာလို့ရောဂါလက္ခဏာပြအပြီး11ရက်အထိကူးနိုင်တယ်လို့ပြောတာလဲ⁉️

Joint paper ထဲမှာမပါတဲ့အချက်တစ်ခုပြောပါမယ်။

ဒါကြောင့် #ဂျာမနီကပညာရှင်တွေက ရောဂါလက္ခဏာပြပြီး 5 ရက်ကျော်ရင်မကူးတော့ဘူးလို့ပြောပေမယ့် စင်ကာပူကပညာရှင်တွေက ပိုမိုစိတ်ချရအောင် ရောဂါပိုးတွေ့နေသေးတဲ့ 11 ရက်အထိထည့်ပြောတာဖြစ်ပါတယ်။

♦️ ကျနော်ထပ်ပြီး အသေအချာပြောလိုတာက #လူတစ်ယောက်ရောဂါလက္ခဏာမပြခင် အနည်းဆုံး 3 ရက်ကနေ အများဆုံး 11 ရက်အတွင်းအနီးကပ်ထိတွေ့ခဲ့သူတွေအားလုံးကို #မလွတ်အောင်စစ်ပြီး ကျန်တာတွေကို လွှတ်ပေးလို့ရမယ်လို့ ယူဆပါတယ်။

♦️ Microbiologic data #အရရောဂါကူးစက်ချိန် နဲ့ Viral RNA shedding ကိုလေ့လာခြင်း။

PCR Test positive – negative နဲ့ဆက်စပ်၍…….

စင်ကာပူက လူနာ 766 ယောက်ကိုလေ့လာချက်အရ….

👉 ရောဂါလက္ခဏာတစ်ခုခုပြပြီး 15 ရက်ကြာတဲ့နေ့မှာ… အဲ့ဒီ 766 ယောက်ရဲ့ 30% ဟာ nasopharyngeal swab ယူစစ်ရာမှာ PCR-negative ပြခဲ့ပါတယ်။

သဘောကရောဂါပိုးရဲ့ခြေရာလက်ရာတောင်မတွေ့ဘူးပေါ့။

👉 ရောဂါလက္ခဏာတစ်ခုခုပြပြီး 21 ရက်ကြာတဲ့နေ့မှာ… PCR-negative 68% အထိတိုးလာပြီး 28 ရက်အကြာမှာ 88% ကိုတိုးလာပါတယ်။

👉 33 ရက်မြောက်နေ့မှာတော့ လူနာအားလုံးရဲ့ 95% က PCR-negative ပြခဲ့ပါတယ်။

အဲ့ဒီတော့ PCR ကနေ Viral RNA shedding လူနာဆီကနေ ပိုးကိုရှာစစ်ရာမှာ PCR-negative Test အဖြေထွက်ဖို့ 1 လကနေ အချို့လူနာအနည်းငယ်မှာ ဒီ့ထက်တောင်ပိုကြာနိုင်တာတွေ့ရပါတယ်။

♦️ အရေးကြီးတဲ့အချက်က PCR Test လုပ်ပြီး #ရောဂါကူးနိုင်မကူးနိုင်ဆုံးဖြတ်ချက်ချလို့မရပါဘူးတဲ့ဗျာ။

♦️ ဂျာမနီမှာလေ့လာတွေ့ရှိမှုတစ်ခုအရ…

ရောဂါလက္ခဏာတစ်ခုခုစပြတဲ့ ပထမအပတ်အတွင်းမှာ ကူးစက်စေနှုန်းအလွန်များပါတယ်တဲ့။ “စေ” လို့သုံးထားတာကို သတိပြုပါ။

လူနာရဲ့ တံတွေးနဲ့ချွဲသလိပ်ထဲမှာ sgRNA တွေ့ရမှုဟာ 10 ရက် 11 ရက်အတွင်း လျော့ကျလာပါတယ်တဲ့။

လည်ချောင်းက Swab ယူပြီး Test စစ်ရာမှာ ရောဂါလက္ခဏာတစ်ခုခုပြအပြီး 5 ရက်အကြာမှာ sgRNA ကိုမတွေ့ရတော့ဘူးတဲ့။

အဲ့ဒီမှာပြောစရာက ရောဂါကူးနိုင်တဲ့ ဗိုင်းရပ်စ်က ပထမအပတ်အတွင်းမှာ လည်ချောင်းနဲ့အဆုတ်ထဲကယူပြီး ရှင်မရှင် မွေးကြည့်လို့ရပါတယ်။

သို့သော် 8 ရက်ကျော်သွားတဲ့အချိန်မှာတော့ PCR Test မှာ အများအပြားတွေ့နေ ပေမယ့် ရှင်မရှင်မွေးကြည့်ရင် ဗိုင်းရပ်ကမရှင်တာကိုတွေ့ရပါတယ်။

ဗိုင်းရပ်စ်ကမရှင်တော့ရင် မကူးစက်နိုင်တော့ပါဘူး။ PCR Test မှာတွေ့ရတာက RNA ဗိုင်းရပ်စ်ရဲ့ အစအနသာဖြစ်ပါလိမ့်မယ်။

🦠 COVID-19 ကိုဖြစ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်ဆိုတာ RNA အလိမ်တစ်လိမ်ကို အမှေးပါးအုပ်ထားတဲ့ RNA ဗိုင်းရပ်စ်သာဖြစ်ပါတယ်။

အပေါ်က တွေ့ရှိချက် နှစ်ခုကဘာကို ညွှန်ပြနေသလဲဆိုရင်…..

👉 ရောဂါစကူးစက်စေတာက ရောဂါလက္ခဏာတစ်ခုခုမပြခင်လေးနဲ့ပြပြီး 1 ပတ်အတွင်းမှာသာဖြစ်ပါတယ်။

♦️ Clinical data #အရရောဂါကူးစက်ချိန် နဲ့ ပထမ Negative ပြပြီးမှ PCR Positive ပြန်ပြခြင်း။

🌏 နိုင်ငံတွေမှာ ဆေးရုံဆင်းခွင့်ပြုဖို့ 24 နာရီအတွင်း PCR Test အဖြေဟာ 2 ခါဆက်တိုက် Negative ပြရမယ်လို့ သတ်မှတ်လေ့ရှိပါတယ်။

🇨🇳 တရုတ်ပြည်မှာ အဲ့ဒီလို negative နှစ်ကြိမ်ပြလို့ ဆေးရုံဆင်းခွင့်ပြုပြီးမှ positive ပြန်ပြတဲ့ လူနာ 4 ယောက်ရှိခဲ့ပါတယ်။

သူတို့တွေဟာ Positive သာပြန်ပြပေမယ့် ဘာရောဂါလက္ခဏာမှမပြဘူး။ ဓာတ်မှန်တွေရိုက်ကြည့်တော့လည်း အခြေအနေကောင်းတယ်။ သူများကိုကူးစက်တာလည်း မတွေ့ရပါဘူးတဲ့။

🇰🇷 တောင်ကိုရီးယားမှာလည်း အဲ့လို case မျိုး 180 တွေ့ရှိခဲ့ပြီး ရောဂါကူးစက်စေတာ ပိုးယူပြီးမွေးကြည့်လို့ရတာမတွေ့ရပါဘူးတဲ့။

ဒါကြောင့်မို့လို့ အဲ့လို ဆေးရုံကဆင်းတဲ့အချိန်မှာ Negative ပြပြီးမှ Positive ပြန်ပြရင် အသက်မရှင်တဲ့ ဗိုင်းရပ်စ်ရဲ့ RNA အစိတ်အပိုင်းကို PCR စက်က ရှာတွေ့ခြင်းတာဖြစ်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်တဲ့။

♦️ #မသေချာမရေရာချက်များ။

ရောဂါလက္ခဏာမပြသူဆီက ကူးစက်မှုနဲ့ ရောဂါလက္ခဏာမပြခင်ဘယ်လောက်ကူးစက်စေသလဲဆိုတာကို အလွန်ခိုင်မာတဲ့ အချက်အလက်တွေ မတွေ့ရသေးပါဘူး။

ဒါပေမယ့်ရောဂါလက္ခဏာမပြပဲ ပိုးရှိနေသူဟာ ရောဂါလက္ခဏာပြနေသူလိုပဲ ရောဂါပိုးကူးစက်စေနိုင်ပါတယ်။

စင်ကာပူကလေ့လာမှုတစ်ခုမှာ 157 ယောက်ကိုလေ့လာကြည့်ရာမှာ 6.4% က presymptomic မသင်္ကာစရာလက္ခဏာရှိတဲ့လူဆီ ကူးစက်မှုဖြစ်ပြီး asymtoptomatic လုံးဝလက္ခဏာမပေါ်တဲ့သူဆီက ကူးစက်မှုလုံးဝမတွေ့ပါဘူးတဲ့။

♦️ #နိဂုံးချုပ်ကောက်ချက်။

👉 COVID-19 စဖြစ်ကတည်းကလေ့လာချက်များအရ #ရောဂါကူးစက်နိုင်မှုကြာချိန်ဟာ ရောဂါလက္ခဏာတစ်ခုခုမပြခင် 2 ရက်လောက်နဲ့ ပြပြီးနောက် 7 ရက်ကနေ 10 ရက်အတွင်းအထိ ကူးစက်နိုင်ပါတယ်။

👉 ပထမအပတ်အပြီးမှာ ရောဂါပိုးပွားနှုန်းလျင်မြန်စွာကျဆင်းသွားပါတယ်။

👉 ဒုတိယအပတ်မှာ PCR RNA Test က Positive ပြနေသော်လည်း ကူးစက်နိုင်တဲ့ပိုးကို လူနာဆီမှာမတွေ့ရတော့ပါ။

👉 အခုတွေ့ရှိချက်တွေဟာ epidemiologic, microbiologic နဲ့ clinical data တွေအရ တွေ့ရှိချက်တွေပါ။

ဒီလိုတွေ့ရှိချက်တွေအရ…

♦️ ဆေးရုံကဆင်းခွင့်စဉ်းစားရာမှာ PCR Test Positive – Negative ဆိုတာထက် ရောဂါလက္ခဏာပြချိန်ကိုသာ အဓိကစစဉ်းစားဖို့ လိုအပ်မှာဖြစ်ပါတယ်။

♦️ ကူးစက်ရောဂါထိန်းချုပ်ရေးမှာလည်း ဒီရောဂါကူးစက်ချိန်တွေ့ရှိချက်တွေက ပိုမိုအာရုံစိုက်ထိန်းချုပ်နိုင်အောင် အထောက်အကူဖြစ်စေနိုင်ပါလိမ့်မယ်ခင်ဗျား။

မူရင်း Joint Paper ကိုအောက်ကလင့်မှာ ဖတ်ပါ။ 👇

https://www.ams.edu.sg/view-pdf.aspx…

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

Richard Myo Thant
25-May-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •