“ကျန်းမာပျော်ရွှင် ပညာသင် ကြိုတင်တားဆီး COVID-19” ပညာပေး စံပြကျောင်းပြိုင်ပွဲ ကျင်းပမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

“ကျန်းမာပျော်ရွှင် ပညာသင် ကြိုတင်တားဆီး COVID-19” ပညာပေး စံပြကျောင်းပြိုင်ပွဲ ကျင်းပမည်

ဇူလိုင် (၅)

ပညာရေးဝန်ကြီးဌာန ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် စိုးလျှပ်စစ်ဖောင်ဒေးရှင်းတို့ပူးပေါင်းကျင်းပသည့် “ကျန်းမာပျော်ရွှင် ပညာသင် ကြိုတင်တားဆီး COVID-19” ပညာပေး စံပြကျောင်းပြိုင်ပွဲအတွက် ချင်းပြည်နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ရန် ဖလမ်းမြို့နယ်ပညာရေးမှူး ဦးဆောင်မှုဖြင့် ဇူလိုင်လ (၄) ရက်နေ့မှ စတင်ပြီး ရုပ်သံဇာတ်လမ်းရိုက်ကူးလျက်ရှိကြောင်း သိရှိရပါသည် ။

ချင်းပြည်နယ် ကိုယ်စားပြုယှဉ်ပြိုင်ရန်အတွက် ဖလမ်းမြို့နယ်အားတာဝန်ပေးအပ်ခြင်းဖြစ်ပြီး ယင်းရုပ်သံဇာတ်လမ်းတိုအတွက် ဇာတ်လမ်း/ဇာတ်ညွှန်းများကို ဖလမ်းမြို့နယ်အတွင်းရှိ အခြေခံပညာသင်ကျောင်းဆရာ/ဆရာမများမှ ကျန်းမာရေးနှင့်ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဝိုင်းဝန်းရေးသားကြခြင်းဖြစ်ကြောင်းနှင့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများကိုယ်တိုင်ပါဝင် သရုပ်ဆောင်ရိုက်ကူးထားခြင်း ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး၏ ပြောကြားချက်အရ သိရှိရပါသည်။

၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် မြန်မာတစ်နိုင်ငံလုံးရှိ စာသင်ကျောင်းများ COVID-19 ကပ်ရောဂါကို စနစ်တကျ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်ပြီး ကျန်းမာပျော်ရွှင်ပညာသင် ကြိုတင်တားဆီး COVID-19 ပညာပေး စံပြကျောင်းပြိုင်ပွဲအား ကျင်းပခြင်းဖြစ်ကြောင်းနှင့် ပြိုင်ပွဲကို အခြေခံပညာအထက်တန်း ကျောင်းများ ကိုယ်ပိုင်အထက်တန်း ကျောင်းများနှင့် ဘုန်းတော်ကြီးသင် အထက်တန်းအဆင့်ပညာရေးကျောင်းများ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမှာဖြစ်ကြောင်း သိရှိရပါသည်။

ဆုပေးပွဲကို ဇူလိုင်လ (၁၇) ရက်နေ့တွင် နေပြည်တော်တွင် ကျင်းပမည်ဖြစ်ကြောင်းသိရှိရပြီး ချီးမြှင့်ပေးမည့်ဆုများမှာ အခြေခံအထက်တန်းကျောင်းများအတွက် (၃) ဆု၊ ကိုယ်ပိုင်အထက်တန်း ကျောင်းများအတွက် (၃) ဆုနှင့် ဘုန်းတော်ကြီးသင် အထက်တန်းအဆင့် ပညာရေးကျောင်း (၂) ကျောင်းအတွက် တက်ကြွလှုပ်ရှားမှု အထူးဆုများဖြစ်ကြောင်း သိရှိရပါသည် ။

#ဖလမ်းသတင်းဌာနခွဲ
#MRTV


Spread the love
  •  
  •  
  •  
  •  
  •  
  •