ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ Fever Clinic Guideline

Spread the love
  •  
  •  
  •  
  •  
  •  
  •  

MOHS ရဲ့ Fever Clinic Guideline

 

Fever Clinic တွေအတွက်ဆိုပေမဲ့ Private GPတွေအတွက်လဲ ဆောင်ရန် အချက်တွေတွေ့ပါတယ်။ PPE နဲ့ပါတ်သက်လို့ ဘယ်လို ပုဂ္ဂိုလ် က ဘယ်လိုPPE ဝတ်ဆင်ဖို့လိုတယ် ဇယားနဲ့ ဖော်ပြပါတယ်။

အဲ့ဒီဇယားကို လွယ်ကူအောင်ပြန်ရေးပြပါမယ်။

၁။ ။ ဆေးခန်းလာတဲ့ လူနာ လူနာစောင့်တွေကို
ကြိုဆိုခြင်း အဖျားတိုင်းခြင်း စာရင်းရေးသွင်းခြင်း
ပြုလုပ်သူတွေက
Surgical Mask တပ်ရင်လုံလောက်ပါတယ်
အခြား PPE များဝတ်ဆင်ရန်မလိုပါ။

၂။ ။ လူနာကို စမ်းသပ်ခန်းမှာ စမ်းသပ်မယ်ဆိုရင်တော့
Surgical Mask, Exam Glove နဲ့ Surgical Gown တို့
( ၃ )မျိုးဝတ်ဆင်ရပါမယ်။

၃။ ။ သံသယ လူနာကို စမ်းသပ်ပြီးကုသမယ်
( ဆေးထိုးခြင်းဆေးထည့်ခြင်း ၊ ECGစမ်းသပ်ခြင်း) တို့လုပ်ဆောင်မယ်ဆိုရင်
Surgical Mask, Exam Glove, Gown နဲ့ Facial Protection (Google or Face Shield)
(၄)မျိုးဝတ်ဆင်ရပါမယ်။

၄။ လူနာကို Lab Test တွေလုပ်ဖို့
သွေးဖောက်ရတဲ့သူ၊ ဓာတ်မှန် ရိုက်တဲ့သူတွေကတော့
N 95 Mask, E Glove, Gown နဲ့ Facial Protection
( ၄ )မျိုးဝတ်ဆင်ရပါမယ်
သူကသွေးဖောက်ရင် လူနာနဲ့ ၃ ပေအောက်အထိ
နီးကပ်သွားနိုင်တာမို့ N 95 Mask တပ်ခိုင်းတယ်ထင်ပါတယ်။

၅။ လူနာကို Oxygenပေးခြင်း၊ Ryles’ Tube ထည့်ခြင်း၊Dental Procedure လုပ်ခြင်း၊ Cardio Pulmonary Resuscitate (CPR) လုပ်ခြင်းတို့အတွက်
N95 Mask, Gown, E. Glove နဲ့ Facial Protection
( ၄ ) မျိုး ဝတ်ဆင်ရပါမယ်
ဒါအပြင် gown မဝတ်ခင် Apron ကိုပါ အတွင်းခံ
ဝတ်ဆင်ရပါမယ်။

၆ ။ လူနာကို မ ချီ သယ်ပို့၊ တွန်းလှည်းတွန်းသူ၊ ဝှီးချဲ တွန်းသူ ထိတွေ့ကိုင်တွယ် အထောက်အကူပြုသူများအနေနဲ့
Surgical Mask, E. Glove, Gown နဲ့ Facial Protection
( ၄ )မျိုး ဝတ်ဆင်ရမှာဖြစ်ပါတယ်။

၇ ။ ဆေးခန်းကိုသန့်ရှင်းရေး လုပ်မဲ့သူတွေကတော့
Surgical Mask, Gown, Facial Protection တို့အပြင်
Heavy Duty Glove လို့ခေါ်တဲ့
အလုပ်ကြမ်းလုပ်နိုင်တဲ့ ရာဘာ Gloveနဲ့ ကာကွယ်ရေး ဖိနပ်
စုစုပေါင်း( ၅)မျိုး တောင်ဝတ်ဆင်ရပါမယ်။

၈။ ဆေးခန်းသို့လာရောက္မည့်ဧည့်သည်များ ဆိုတာကတော့ ဘယ်လို ရည်ညွှန်းတယ်မသိပေမယ့် GP အနေနဲ့ဆိုရင် လူနာနဲ့အတူလာရောက်သော လူနာစောင့်တွေကို ဆိုလိုမလားမသိပါ။
လူနာစောင့်ကိုဆိုလိုတယ် ဆိုရင်တော့ ကိုယ့်လူနာက ကိုဗစ် 19 ရောဂါ သံသယရှိတဲ့ လူနာဆို ကိုယ်ဘာသာဝတ်လာရမယ်လို့ ယူဆ ပါတယ်။
အဲ့ဒီလူနာစောင့်တွေက Surgical Mask, Gown နဲ့ E.Glove ( ၃ )မျိုးကိုဝတ်ဆင်လာရပါမယ်
ကိုယ့်လူနာက သံသယလူနာမဟုတ်ရင်ဝတ်စရာမလိုပါ။

ဒါဟာ WHOရဲ့
Rational Use of PPE for Covid 19 ပြဌာန်းချက်ကို
မှီးပြီး MOHS မှ မြန်မာပြည် Fever Clinicတွေအတွက်
17. 07. 2020 က ထုတ်ပြန်တာဖြစ်ပါတယ်။ Version 2 ပါ။

ဒီပြဌာန်းချက်အရကျနော်တို့ တပိုင်တနိုင်GPလေးတွေအနေနဲ့ လူနာစမ်းလည်း ကိုယ်၊ သွေးဖောက်လည်း ကိုယ်၊ Dressing လုပ်လည်း ကိုယ်၊ Ryles tubeထည့် Resuscitateလုပ်၊ ECGဆွဲ
အားလုံးကိုယ်ပဲ ဖြစ်ပြီး
အခုလို community transmission
Local transmissionတွေနဲ့ silent carrier တွေ
များလာတဲ့အချိန်မှာ Suspect Case လာမှ
ဒါတွေ ထ ဝတ်လို့မရပါဘူး။ ဒါကြောင့် GPချိန် တစ်လျှောက် မိမိအတွက် လိုအပ်မယ့် PPEကို
ဆေးခန်းမစခင်ကြိုတင် ဝတ်ဆင်ထားသင့်ပါတယ်။

တဆက်ထည်းပြောလိုတာက
ဒီ Guide Lineအရဆို မြို့ရွာအဝင် တွေမှာဖွင့်ထားတဲ့
စောင့်ကြည့်ရေး စခန်းတွေမှာ တာဝန်ကျသူ၊ အဖျားတိုင်းသူ၊ စာရင်းရေးမှတ်သူတွေ ဟာလည်း Surgical mask တပ်ရုံကလွဲလို့ E.glove တွေ၊ Facial Protectionတွေမလိုအပ်ပါဘူး။
Hand Wash, Hand Gel သုံးရုံနဲ့လုံလောက်ပါတယ်။

ဘာကြောင့်ဒါကိုပြောရသလဲဆိုတော့
တနိုင်ငံလုံးအတိုင်းအတာအရ စောင့်ကြည့်ရေးစခန်းတွေများလှတဲ့အတွက် ရက်ကြာလာရင် ဒီ E gloveဖိုး မျက်နှာကာ ဖိုးတွေက နိုင်ငံအပေါ် ဖိစီးလာမှာပါ။

ကျနော့် နယ်မှာအခုတွေ့နေရတာက
ရွာတိုင်းလိုလို ရွာအဝင်မှာ ဝါးတားဂိတ် လုပ်ပြီး ရွာထဲဝင်လာသမျှလူ ကိုလက်ဆေးဖို့ညွန်ကြား
ဘယ်ကလာသလဲ ဘယ်အိမ်သွားမှာလဲ
လုပ်နေကြပေမဲ့ ဂိတ်စောင့်တဲ့သူတွေကတော့
Maskတောင်တချို့မပါဘဲ ဂိတ်တဲမှာဝိုင်းလေဖော
( ငါးယောက်ထက်ပိုပါတယ်) ကလေးတွေ ရော တရုံးရုံးနဲ့ပါ။
ရပ်ရွာကာကွယ်ရေးလုပ်တဲ့ပုံစံထက် အလုပ်အားနေလို့
လူစုလေဖောနေကြသလိုပုံစံ အများစုတွေ့နေရပါတယ်
ပြုပြင်ကြဖို့လိုပါတယ်။

အတိုချုံးရရင်
လူနာနဲ့တိုက်ရိုက္မထိတွေ့ရရင် Surgical mask တစ်ခုထဲနဲ့လုံလောက်ပါတယ်။
ထိတွေ့ရမယ်ဆို Glove, Mask, Gown, Facial Protection တို့လိုပါမယ်။
ဆေးခန်းသန့်ရှင်းရေးလုပ်တဲ့သူ ဖိနပ်ပါစည်းရပါမယ်။

Crd #
Original Link #

http://mohs.gov.mm/su/ubnx7997UB

PS: ဒါ Standard Guideline ပါ။ Suspect လူနာတွေကို ရင်ဆိုင်ရမဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ရည်ညွှန်းတာပါ။


Spread the love
  •  
  •  
  •  
  •  
  •  
  •