ကျပ်နေတဲ့ကားလမ်းပေါ်မှာ စက်ဘီး သီးသန့်လမ်းကို ထိခိုက်မှု အနည်းဆုံး နဲ့ပြောင်းလဲ ပေးဖို ့နည်းပညာ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကောင်းကင်ပြာနဲ့ Better normal (not new normal)
========================================

 

၂၀၀၈ နာဂစ်ပြီးတော့ Back to normal တဲ့
၂၀၁၉-၂၀၂၀ ကိုဗစ်ပြီးရင် Back to normal
မဖြစ်နိုင်တော့ဘူးတဲ့။ အဲ့တော့ New normal တဲ့။

ဟော! အခုပြောပြန်ဘီ။ New Normal နဲ့
ကျေနပ်နေလို့မရဘူးတဲ့ Better normal ဖြစ်ရမတဲ့
ဘာလို့လည်းဆိုတော့ ဘယ်တုန်းကမှ ပြန်ရဘို့
မလွယ်တဲ့ Blue Sky နဲ့ အိုဇုန်းလွှာ ပြန်ကောင်းလာ
တာ ပြန်မပျက်အောင်ထိမ်းပြီး Normal ရရင်
အဲ့ဒါ Better normal ပေါ့။

ဆန္ဒဝတော ကိံ နာမ ကမ္မံ န သိဇ္ဈတိ ။ တဲ့
ဆန္ဒသာရှိရင် ဘာမဆိုအောင်မြင်နိုင်ပါတယ်။
အများဆန္ဒတူမျှကြပါစေ။ တူမျှအောင်ဆော်ဩ
နိုင်ကြပါစေ။

အမိုးပါတဲ့ သီးသန့် Bike Lane လေး
များပေါ်ထွန်းလာအောင် Decision makers များ
အာရုံရပါစေ။

 

မှတ်ချက်။ ။ ကျပ်နေတဲ့ကားလမ်းပေါ်မှာ စက်ဘီး
သီးသန့်လမ်းကို ထိခိုက်မှု အနည်းဆုံး နဲ့ပြောင်းလဲ
ပေးဖို ့နည်းပညာ (Modal shift and
bike exclusive lane design) တာဝန်ယူပါတယ်။

 

 

အဲ့ဒီ Modal shift ဆိုတဲ့ ကား ကနေ e bike ပြောင်း
သုံးလာအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာရယ်
Bike exclusive lane ကို Junction တွေမှာ ဘယ်လို
လုပ်ရသလဲဆိုတာ နားမလည်ဘဲ Bike exclusive
lane ရဲ့အကျိုးကျေးဇူးတွေနားလည်ကြမှာမဟုတ်။
အဲ့လိုလုပ်လို့ရပါတယ်ဆိုတာလည်း ယုံကြမှာ
မဟုတ်။

နေပူ၊ မိုးရွာ ရာသီဥတုအတွက် အမိုး လိုနေပါတယ်။
မဖြစ်နိုင်ဘူးမပြောပါနဲ့ ။ ကမ္ဗည်းထိုး အလှူခံရင်
လှူကြမှာပါ။ လမ်းကျဉ်း အတွက်ဘာမှမလိုပါ။
အခုအခြေအနေကတော့ ကျနော်တ
ယောက်ထဲ ရူးနေတာပေါ့။ “တလမ်းလောက်လုပ်ပြ
ပါမပြောပါနဲ့။ မရပါ။ Do or die ပါ။”

 

 

Comprehensive design is the solution. အစပိုင်း
တော့ အဆဲခံရမှာသေချာပါတယ်။

“Better normal ရဘို့၊ ထပ်ဖြစ်လတ္တံ့သော ကပ်ဘေးတွေကျော်ကြဘို့ အမိုးပါသော Bike exclusive lane

များဖော်ဆောင်စို့။”

ဒါလေးတောင်အဆဲခံပြီး ဗမာတွေမလုပ်ရဲရင်
၁၈၅၀ ခုနှစ် က “မြေအောက်ရထား Subway ဖောက်ဘို့ဆုံးဖြတ်ရဲတဲ့ အင်္ဂလိပ်တွေ” ရဲ့
Mentality ကို ခဏလောက်ချေးငှါးလိုက်ကြပါ။

 

https://www.facebook.com/1267562151/posts/10217102414053641/?d=n.

 

 

 

Photo Crd: Lin Khaing
#BikeCampaignForYangon


Spread the love
  •  
  •  
  •  
  •  
  •  
  •