ကျပ်သိန်းပေါင်း ၉၇ဝဝဝ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ကျပ်သိန်းပေါင်း ၉၇ဝဝဝ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် – ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသောပူးပေါင်းအဖွဲ့သည် သတင်းအရ ယနေ့ နံနက် ၂ နာရီ ၄၅ မိနစ်ခန့်တွင် ဂျောပကျေးရွာနှင့် စန်းလုကျေးရွာ ကျေးရွာချင်းဆက်တောလမ်းနေရာ၌ စောင့်ဆိုင်းနေစဉ် မိုင်းဆတ်-တာချီလိတ်လမ်းမကြီးမှ ဂျောပကျေးရွာဘက်သို့ လီကျာ(ဘ)ဦးလော့ရှီး မောင်းနှင်လာသည့် Hilux အမျိုးအစား 1Q/—- လိုင်စင်မဲ့မော်တော်ယာဉ်နှင့် ကျဖူ မောင်းနှင်လာပြီး မနာဖူ (ဘ)ဦးကျဖ လိုက်ပါစီးနင်းလာသည့် Hilux အမျိုးအစား 6E/— လိုင်စင်မဲ့မော်တော်ယာဉ်တို့အား စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ကျဖူမှာ ထွက်ပြေးသွားခဲ့ပြီး ကျဖူ မောင်းနှင်သည့် မော်တော်ယာဉ်အား စစ်ဆေးရာ ယာဉ်နောက်ခန်းအတွင်းမှ ဆာလာအိတ်များဖြင့် ထည့်ထားသည့် WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၆၅ဝ၂ဝဝဝ ပြားခန့်(ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်းပေါင်း ၉၇၅ဝဝ ကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မော်တော်ယာဉ်များ၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား တာချီလိတ်မြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

 

Source- တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့


Spread the love
  •  
  •  
  •  
  •  
  •  
  •