ကျိုက်ထီးရိုးစေတီတော်ဘဏ္ဍာငွေမှ သိန်းရှစ်ရာကျော် ကိုယ်ကျိုးသုံးထားသူ ငွေစာရင်းဌာနခွဲ စာရေးကြီး ကို ပုဒ်မ ၄၀၈ ဖြင့် အမှုဖွင့်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကျိုက်ထီးရိုးစေတီတော်ဘဏ္ဍာငွေမှ ကျပ်
သိန်းရှစ်ရာကျော် ကိုယ်ကျိုးသုံးစွဲထားသူငွေစာရင်းဌာနရုံးခွဲစာရေးကြီး ကို ပုဒ်မ ၄၀၈ ဖြင့် အမှုဖွင့်

ကျိုက်ထို ၊ စက်တင်ဘာ ၂၁

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဘုရားဘဏ္ဍာငွေများအနက် ကျပ်သိန်း ရှစ်ရာကျော်
ကိုယ်ကျိုးသုံးစွဲထားသူ ငွေစာရင်းဌာနမှ ရုံးခွဲ
စာရေးကြီး ကို ပုဒ်မ- ၄၀၈ ဖြင့် အမှုဖွင့်တိုင်
ကြားထားကြောင်း ကျိုက်ထီးရိုးဘုရားဂေါ
ပက အဖွဲ့မှ သိရသည်။

ကျိုက်ထီးရိုးဘုရား ရင်ပြင်တော်ရှိ ရွှေဆိုင်းဌာန နှင့် ဘက်စုံအလှူခံဌာနများမှငွေများကွာဟနေမှုအပေါ်တာဝန်ရှိသူငွေစာရင်းဌာနမှ ရုံးခွဲစာရေးကြီး ကို ကျိုက်ထီးရိုးဂေါပကဖွဲ့ရုံး၏ စက်တင်ဘာ ၂၁ ရက်နေ့ တွင်ပြုလုပ်သည့် အရေးပေါ်စည်းဝေးဆုံးဖြတ်ချက်အရအမှုဖွင့်လှစ်တိုင်ကြားခဲ့ကြောင်းဂေါပကအဖွဲ့
မှသိရသည်။

” ဟုတ်ပါတယ်ခုညနေအစည်းအဝေးဆုံးဖြ
တ်ချက်အရပဲ အမှုဖွင့်လိုက်တာဖြစ်ပါတယ် “ကျိုက်ထီးရိုးတီတော်ဂေါကပအဖွဲမှဒုတ်ိယခေါင်းဆောင်ကအတည်ပြုပြောကြားသည်။

၂၀၁၉-၂၀၂၀နှင့်၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်များတွင် ရွှေဆိုင်းအရောင်းဌာနနှင့်ဘက်စုံအလှူခံဌာနများမှအပ်နှံ ထားရှိသော ဘုရားကြီး
၏ဘဏ္ဍာတော်ငွေများကို ဘဏ်သို့အပ်နှံရာတွင် အလီလီထိန်ချန်ပေးသွင်းစေခဲ့ပြီးငွေကျပ်(၈၆၆,၄၈၅၃၀)ကျပ်အား ကိုယ်ကျိုးသုံးစွဲခဲ့ကြောင်းပေါ်ပေါက်သဖြင့် ယင်းသို့ကိုယ်ကျိုးသုံးစွဲခဲ့သည့် ဂေါပကရုံး(ငွေစာရင်း)မှ
ရုံးခွဲစာရေးကြီးဦးမြင့်သန်းဆိုသူအပေါ်အရေးယူပေးပါရန် ကျိုက်ထီးရိုးတီတော်ဂေါကပအဖွဲ့ ၊ရုံးအဖွဲ့မှူး ဦးစိုးတင့် က တရားလိုပြုလုပ်
၍ အမှုဖွင့်လှစ်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ပြစ်မှုဆိုင်ရာ ဥပဒေ ၊ ရာဇသတ်ကြီး ပုဒ်မ
-၄၀၈ တွင် စာရေးကဖြစ်စေ ၊အစေခံကဖြစ်
စေ ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေး
ဖောက်ဖျက်မှုကိုကျူးလွန်လျှင် မည်သူမဆို
ထောင်ဒဏ်(၇)နှစ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ ချ
မှတ်နိုင်ကြောင်းသိရသည်။

ယင်းဖြစ်စဉ်အရ တရားလိုက တိုင်ကြားလ
ာမှုအပေါ် နယ်မြေခံကင်မွန်းချောင်းရဲစခန်းမှ
စက်တင်ဘာ(၂၁)ရက်နေ့ ညနေပိုင်း တွင်(ပ)
၇၃/၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၄၀၈
ဖြင့််အမှုဖွင့်လှစ်ခဲ့ပြီး အမှုမှ တရားခံ ဦးမြင့်
သန်း ၅၆နှစ်(ဘ)ဦးတင်လှအားဖမ်းဆီး၍ တ
ရားစွဲဆိုတင်ပို့နိုင်ရေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။

မင်းထွဏ်း

Photo Credit – Win Naing


Spread the love
  •  
  •  
  •  
  •  
  •  
  •