ကျောက်ဆည်မြို့နယ်တွင် စက်မှုလယ်ယာဦးစီးဌာနမှမြေယာပြုပြင်ခြင်း၊ စိုက်ပျိုးခြင်း၊ရိတ်သိမ်းခြင်းလုပ်ငန်းများ ဝန်ဆောင်မှုပေးလျက်ရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မှကိုဗစ်-၁၉ရောဂါ ကာကွယ် ၊ထိန်းချုပ်ရေးကာလအတွင်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်တောင်သူများစိုက်ပျိုးရေး လုပ်ငန်းများအချိန်မီလုပ်ကိုင်ဆောင်ရွက်နိုင်စေရန်ဇွန်လ ၁၀ ရက်နံနက်၉နာရီက မြေယာပြုပြင်ခြင်း၊စိုက်ပျိုးခြင်း၊ရိတ်သိမ်း ခြင်းလုပ်ငန်းများကိုဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါစိုက်ပျိုးရေးလုပ်ငန်းများဝန်ဆောင်မှုပေးရာတွင်မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှထွန်စက်ကြီး (၁)စီး၊ရိတ်သိမ်းခြွေလှေ့စက်(၅)စီး၊ကောက်စိုက်စက်(၁)စီး၊သီးနှံအခြောက်ခံစက်(၁၀)စီးကိုထွန်ယက်စိုက်ပျိုးရန် အခက်အခဲဖြစ်နေသော တောင်သူများ၏ လယ်မြေများတွင် ဝန်ဆောင်လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အတွင်းရှိတောင်သူများစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်သက်သာစေရန်အတွက် စက်များဖြင့်ပျိုးထောင်ပေးခြင်း၊ကောက်စိုက်စက်ဖြင့်စိုက်ပျိုးပေးခြင်း၊သီးနှံအခြောက်ခံစက်ဖြင့်ရိတ်သိမ်းပြီးစပါး များနှင့်မိုးမိစပါးများကိုလည်းလယ်ကွင်းအတွင်းသွားရောက်သယ်ယူပေးခြင်း၊လိုအပ်သောအစိုဓါတ်များရရှိစေ ရန်စပါးများအခြောက်ခံခြင်း၊ခြောက်သွေ့ပြီးစပါးများအားအိမ်အရောက်ပို့ဆောင်ပေးခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မြိုနယ်စက်မှုလယ်ယာဦးစီးဌာနမှမြို့နယ်ဦးစီးမှူးဦးကျော်ဟိန်းကပြောပြ၍သိရသည်။

တင်တင်ထွေး


Spread the love
  •  
  •  
  •  
  •  
  •  
  •