ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် အနန်းဘော်ကျေးရွာမှာ စစ်တောင်းမြစ်ကမ်းပါးဟာဆက်လက်ပြိုကျနေပါတယ်။
ကမ်းနားတလျောက်ရှ်နေအိမ်တွေဟာလည်းတဖြည်းဖြည်းနောက်ဆုတ်လာရာက သူတပါးအိမ်ခြံ တွေအထိရောက်ကုန်ပြီး ဆက်လက်ပြောင်းရွှေ့ဖို့ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။
ရေကာတာ ရိုက်တာထက် နတ်သံကွင်းဖက်အခြမ်းရိုက်သလို ရေလွှဲလေးတွေရိုက်တာ ကုန်ကျစားရိတ်သက်သာမှုနဲ့ ပိုထိရောက်တာကို လေ့လာတွေ့ရှိရတယ်လို့
မနှစ်က လွှတ်တော်ကိုယ်စားလှယ်များနှင့် ရေအရင်းအမြစ်ဦးစီးဌာနကလာရောက်
ကြည့်ရှုပြီးပြောဆိုထားတာပါ။
ပါတယ်။ အရေးပေါ် အခြေအနေ ဖြစ်လာပြီ ဖြစ်တဲ့အတွက် အစိုးရဌာနအစုံကနေ အကူအညီပေးဖို့ လိုအပ်နေပြီလို့ ဒေသခံတွေကလည်းပြောပါတယ်။
ကျောက်တံခါးမြို့နယ် အနန်းဘော်ကျေးရွာဟာ စစ်တောင်းမြစ်ကမ်းပါးတစ်လျှောက် ပေ ၂၀၀၀ လောက်ရှိပါတယ်။
Credit – Thu Rein Lin