ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ မိဘ၊ အစိုးရ အားလုံး ဝိုင်းပြီးရုန်းရမဲ့အချိန်ပါ။ အင်အားတွေဖြည့်ကြပါ (ဒေါ်အောင်ဆန်းစုကြည်)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ မိဘ၊ အစိုးရ အားလုံး ဝိုင်းပြီးရုန်းရမဲ့အချိန်ပါ။ အင်အားတွေဖြည့်ကြပါ (ဒေါ်အောင်ဆန်းစုကြည်)

မနေ့က အထက်တန်းကျောင်းတွေ ပြန်ဖွင့်ပါတယ်။ တစ်နိုင်ငံလုံးမှာ အခြေခံပညာ အထက်တန်းဆင့်သင်ကျောင်း စုစုပေါင်း (၇၁၇၃) ကျောင်း ရှိတဲ့အနက်၊ ကျန်းမာရေး ဆန်းစစ်မှုပြုလုပ်ပြီး ဖွင့်ခွင့်ပြုပေးခဲ့တဲ့ကျောင်း ၃၉၉၉ ကျောင်း ရှိပါတယ်။ ကျောင်းသူ၊ ကျောင်းသားဦးရေ တစ်သန်းကျော် ကျောင်းအပ်နှံခဲ့ပါတယ်။ ကျောင်းတက်ရက် တစ်ပတ်ခြား စီစဉ်ထားတဲ့အတွက် ယခုအပတ်မှာ ကျောင်းအပ်နှံထားသူဦးရေရဲ့တစ်ဝက်ဖြစ်တဲ့ ၀.၅၅၄ သန်း ကျောင်း တက်ရောက်ပါတယ်။

ဖွင့်ခွင့်မရသေးတဲ့ ကျောင်းများမှာ ပိုးသတ်သန့်စင်မှုပြည့်စုံစွာ မဆောင်ရွက်နိုင်ခြင်း၊ လက်ဆေးရန်နေရာ၊ အိမ်သာနဲ့ အဖုံးပါခြေနင်းအမှိုက်ပုံးတို့ ပြည်စုံစွာ မထားရှိနိုင်ခြင်း စတဲ့ လိုအပ်ချက်များ ရှိနေခြင်းတို့ကြောင့် မဖွင့်လှစ်နိုင်သေးခြင်းဖြစ်ပါတယ်။ ဒါတွေကိုလည်း ဆောလျင်စွာ ဖြည့်ဆည်းပေးပြီး၊ ကျောင်းဖွင့်ခွင့်ပေးသွားမှာ ဖြစ်ပါတယ်။

မနေ့က ကျောင်းစတက်တဲ့အခါ ကျောင်းသူ၊ ကျောင်းသားများ ပုံစံအသစ်နဲ့ စာသင်ရတဲ့အတွက် ခက်ခဲမှုတွေ ရှိတယ်လို့ ကြားပါတယ်။ Mask နဲ့ Face Shield ကို အကြာကြီး တပ်ထားရတာ၊ သူငယ်ချင်းတွေ အချင်းချင်း ခပ်ခွါခွါနေကြရတာတွေဟာ သူတို့လေးတွေအတွက် ခက်ခဲမှာ အမှန်ဖြစ်ပါတယ်။ ထို့အတူ ဆရာ၊ ဆရာမများလည်း ယခင်ကထက် ပိုပြီး စိတ်ပင်ပန်း၊ လူပင်ပန်း ဖြစ်ကြရတယ်လို့ သိရပါတယ်။

“ပညာရှာ၊ ပမာသူဖုန်းစား” ဆိုတဲ့စကားလေးကိုညွှန်းပြီး ပင်ပင်ပန်း ပန်း စစ်ပညာသင်ယူနေရတဲ့ ရဲဘော်တွေကို ဖေဖေက အားပေးခဲ့ဖူးပါ တယ်။ နိုင်ငံ့လွတ်လပ်ရေးအတွက်သင်ယူခဲ့ရတဲ့ပညာတွေ။ ယခု တော့ နိုင်ငံ့တိုးတက်ရေးအတွက် ကျွန်မ
တို့လူငယ်တွေ ပညာလမ်းဆက်လျှောက်နိုင်ဖို့ ခြေလှမ်းတွေ
မပျက်အောင် ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ မိဘ၊ အစိုးရ အားလုံး ဝိုင်းပြီးရုန်းရမဲ့အချိန်ပါ။ အင်အားတွေဖြည့်ကြပါ။

(ဒေါ်အောင်ဆန်းစုကြည်)


Spread the love
  •  
  •  
  •  
  •  
  •  
  •