ကျေးသီးမြို့နယ်အတွင်း ငွေကျပ် ၁၁ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး များသိမ်းဆည်းရမိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကျေးသီးမြို့နယ်အတွင်း ငွေကျပ် ၁၁ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး များသိမ်းဆည်းရမိ
======================
နေပြည်တော် ၊ ဩဂုတ် – ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် မိုင်းနောင်မြို့အရှေ့မြောက်ဘက် ၉ မိုင်ခန့်အကွာ၌ မော်တော်ယာဉ် ဖြတ်သန်းသွားလာမှုများအား စစ်ဆေးနေစဉ် ယနေ့မွန်းလွဲ ၂ နာရီခန့်တွင် မိုင်းနောင်မြို့ဘက်မှ မိုင်းစံမြို့ဘက်သို့ မောင်းနှင်လာသည့် တိုယိုတာဟိုင်းလတ် အမျိုးအစားမော်တော်ယာဉ်အမှတ်၊ MDY-3H/—- အား ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်းမှာ ယာဉ်အားရပ်တန့်၍ ကားလမ်း၏မြောက်ဘက်လျှိုအတွင်းသို့ ထွက်ပြေးသွားခဲ့သည်။

ရပ်တန့်ထားခဲ့သည့် မော်တော်ယာဉ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ယာဉ်ပေါ်တွင်တင်ဆောင်လာသည့် အိုက်စ်အဖြူရောင်ပုံဆောင်ခဲ ၁ ကီလိုဂရမ်ခန့်စီပါ အထုပ် ၃၁၄ ထုပ်(၃၁၄ ကီလိုဂရမ်)၊ ဘိန်းဖြူ အဖြူရောင်ဘလောက်တုံး ၀ ဒသမ ၃၃၄ ကီလို ဂရမ်ပါအထုပ် ၄၄၀ ထုပ်(၁၄၆ ဒသမ ၉၆ ကီလိုဂရမ်) (စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ်သိန်းပေါင်း ၁၁၅၂၄၀ )ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

သတင်းအပြည့်အစုံသို့ — http://dsinfo.org/node/302

Source- တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့


Spread the love
  •  
  •  
  •  
  •  
  •  
  •