ကျွန်တော်အားလုံးရဲ့နာကျင်မှုတွေကိုထပ်တူခံစားရပါတယ်လို့ ​အောင်လအင်ဆန် ​ပြော

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ကျွန်တော်အားလုံးရဲ့နာကျင်မှုတွေကိုထပ်တူခံစားရပါတယ်လို့ ​အောင်လအင်ဆန် ​ပြော

​အောင်လအင်ဆန်က မြန်မာပြည်လက်ရှိ အ​ခြေအ​နေနဲ့ပတ်သက်ပြီး သူ့ရဲ့ရပ်တည်ချက်ကို လူမှုကွန်ယက်မှာ အခုလိုရှင်းပြထားပါတယ်။

“ပြီးခဲ့တဲ့တစ်ပတ်လုံးကကျွန်တော့်အတွက်တော့အခက်ခဲဆုံး
ကာလဖြစ်ခဲ့တယ်။မြန်မာနိုင်ငံမှာ၊မမျှော်လင့်ပဲနဲ့ပြည်သူက
ရွေးချယ်တင်မြောက်ထားတဲ့ပြည်သူ့အစိုးရကို စစ်တပ်ကအာဏာသိမ်းယူမှုဖြစ်ပွားခဲ့တယ်။

ဒီဖြစ်ရပ်ကြောင့်နောက်ဆက်တွဲအကြောင်းအရာတွေလည်း
ထပ်ပြီးဖြစ်ခဲ့ရတယ်။ကျွန်တော်ကိုယ်တိုင်လည်း ဖြစ်ပျက်သွားတဲ့မြန်မာနိုင်ငံရဲ့အခြေအနေကြောင့် တော်တော်လေးဝမ်းနည်းစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

ကျွန်တော့်ပရိသတ်တွေသိဖို့လိုတဲ့အကြောင်းအရာတချို့ကိုပြောပြရရင် ကျွန်တော့်အဖိုးကဒုတိယကမ္ဘာစစ်အတွင်းမှာ ကချင်ရိုင်ဖယ်တပ်ရင်းနဲ့အတူဗမာ့တပ်မတော်အတွက်စစ်မှုထမ်းခဲ့ပါတယ်။ ဒါပေမယ့်အဲဒီနောက်ကချင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ပြည်တွင်းစစ်အတွင်းမှာကျွန်တော့်ဦးလေးနှစ်ယောက်ကတပ်မတော်နဲ့ဖြစ်ပွားတဲ့ စစ်ပွဲတွေမှာအသက်ဆုံးရှူံးခဲ့ရပါတယ်။တခြားပြောပြစရာအဖြစ်အပျက်အကြောင်းအရာတွေရှိနေသေးပေမယ့်ဒါကိုပြောပြရတဲ့အဓိက ဆိုလိုရင်းကကျွန်တော်အားလုံးရဲ့နာကျင်မှုတွေကိုထပ်တူခံစားရတယ်ဆိုတာပါ။

နောက်တစ်ခုက ကျွန်တော်ကလူအများရှေ့မှာ စကားပြောစွမ်းရည်မကောင်းပါဘူး။အထူးသဖြင့်နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ပြောဆိုတဲ့နေရာမှာ မပြောတတ်မဆိုတတ်နဲ့ ပြောချင်တဲ့အကြောင်းအရာကို နားလည်မှုမလွဲအောင် ပြောနိုင်ဖို့ အရမ်းအားနည်းပါတယ်။ ကျွန်တော်ထုတ်ဖော်မပြောပြတတ်ပေမယ့် ကျွန်တော့်ဘာအတွက်ကိုယ့်ကိုယ်ကိုလိုလိုလားလား
စတေးခံရဲသလဲ?လို့ကိုယ့်ကိုယ်ကိုမေးကြည့်တဲ့အခါရလာတဲ့
ကျွန်တော့်ရဲ့အဖြေကအရမ်းရိုးရှင်းပါတယ်။ ကျွန်တော့်မိသားစုအတွက်ပါ။
မြန်မာနိုင်ငံဆိုတဲ့ကျွန်တော့်မိသားစုမှာ တိုင်းရင်းသားပေါင်းစုံနဲ့ဘာသာတရားအသင်းအဖွဲ့အားလုံးပါဝင်ပါတယ်။တချိန်ချိန်မှာကျွန်တော်သည်ကမ္ဘာမြေပေါ်ကထွက်ခွာသွားတဲ့အခါနောင်လာမယ့်မျိုးဆက်သစ်လူငယ်တွေအတွက်ကျွန်တော်တို့နေထိုင်ရှင်သန်ခဲ့တဲ့အခြေအနေထက်ပိုမိုကောင်းမွန်တဲ့
အနာဂတ်ဖြစ်စေချင်ပါတယ်။

လက်ရှိဖြစ်နေတဲ့အခြေအနေမှာ ကျွန်တော်မြန်မာပြည်သူတွေနဲ့အတူ၊တသားတည်းရပ်တည်ပါတယ်။ ပြီးတော့ကျွန်တော်တို့စည်းစည်းလုံးလုံးနဲ့လုပ်ရမယ့် အရာတွေကိုထိထိရောက်ရောက်အာရုံစိုက်ပြီးဆက်လက်လုပ်ဆောင်သွားဖို့လိုအပ်ပါတယ်။ အန်တီစုနဲ့အတူထိန်းသိမ်းခံထားရတဲ့ပါတီဝင်တွေအမြန်ဆုံး
လွတ်မြောက်ပြီး မြန်မာပြည်သူတွေစစ်မှန်တဲ့ဒီမိုကရေစီစနစ်ကိုအမြန်ဆုံးပြန်လည်ရရှိပါစေလို့လည်းဆုတောင်းပါနေပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲရလာဒ်ကိုအသိအမှတ်ပြုပြီးတော့ အခြေအနေတွေပုံမှန်အတိုင်းပြန်လည်တည်ငြိမ်လာပြီး အားလုံးပိုမိုကောင်းမွန်တဲ့ဘဝတွေမှာရှင်သန်နိုင်ကြပါစေလို့ဆန္ဒပြုပါတယ်။

ဘုရားသခင်ကောင်းကြီးမင်္ဂလာနဲ့အတူ၊မြန်မာပြည်ကြီးငြိမ်းချမ်းစွာနဲ့တရားမျှတပြီး စည်းလုံးမှုများရရှိနိုင်ပါစေ။

အားလုံးကိုချစ်ခင်တဲ့
အောင်လအင်ဆန်


Spread the love
  •  
  •  
  •  
  •  
  •  
  •