ကျွန်မတို့နိုင်ငံပညာရေးစနစ် တကယ်မြင့်ဖို့လုပ်ရမှာတွေ အများကြီးရှိနေသေးလို့ ပညာရေးကို ကျန်းမာရေးနဲ့ တန်းတူ အလေးထား ဆောင်ရွက်နေတာပါ (ဒေါ်အောင်ဆန်းစုကြည်)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ကျွန်မတို့နိုင်ငံပညာရေးစနစ် တကယ်မြင့်ဖို့လုပ်ရမှာတွေ အများကြီးရှိနေသေးလို့ ပညာရေးကို ကျန်းမာရေးနဲ့ တန်းတူ အလေးထား ဆောင်ရွက်နေတာပါ (ဒေါ်အောင်ဆန်းစုကြည်)

ကျန်းမာရေးနဲ့ ပညာရေး အဆင့်အတန်းကောင်းဖို့က နိုင်ငံသူနိုင်ငံသားများအတွက် အခြေခံကျတဲ့လိုအပ်ချက်များဖြစ်ပါတယ်။ နှစ်ခုစလုံးဟာ တစ်သက်တာအတွက် လိုအပ်ချက်တွေပါ။ နှစ်ခုစလုံးကိုအမြဲဂရုစိုက် ပြုစုပျိုးထောင်ဖို့လိုပါတယ်။

 

ကျန်းမာရေးကတော့ဟုတ်ပါပြီ၊ ပညာက တစ်သက်လုံး ဆည်းပူးနေရမှာလားလို့ စောဒကတက်သူများ ရှိနိုင်ပါတယ်။ ဒီမှာ ပညာကို ကျယ်ပြန့်စွာ အဓိပ္ပါယ်ဖေါ်စေချင်ပါတယ်။ လောကီ၊ လောကုတ္တရာ အမြင် တိုးတက်လေးနက်ရာလေးနက်ကြောင်း လေ့လာ၊ ရှာဖွေ၊ဆင်ခြင်တာ ပညာရှာတာပဲ မဟုတ်ပါလား။ ပညာဆိုတာ တကယ်တော့ လူတိုင်း ကိုယ်တိုင်ရှာရတာပါ။ ကျောင်းတွေရဲ့အဓိကတာဝန်က ကျောင်းသူ ကျောင်းသားတွေ ပညာရှာတတ်အောင် သင်ပေးဖို့ပါပဲ။ ပညာရေးစနစ် တစ်ခုရဲ့အောင်မြင်မှုအဆင့်ကို ပညာရှာတတ်သူ ဘယ့်လောက်မွေးထုတ်နိုင်လဲဆိုတာကြည့်ပြီး ဆုံးဖြတ်ရမှာပါ။

 

ကျွန်မတို့နိုင်ငံပညာရေးစနစ် တကယ်မြင့်ဖို့လုပ်ရမှာတွေ အများကြီးရှိနေပါသေးတယ်။ ဒါကြောင့် ပညာရေးကို ကျန်းမာရေးနဲ့ တန်းတူ အလေးထား ဆောင်ရွက်နေတာပါ။

ကျောင်းသူကျောင်းသားတွေ ပညာရှာရေးနဲ့ မဝေးသွားဖို့က ​အရေး ကြီးပါတယ်။ နောက်အပတ်မှာ ကျောင်းတွေ covid ကြောင့် ပိတ်ထားရတာက ပြန်ပြီးဖွင့်ဖို့ စပြီးခြေလှမ်းမှာဖြစ်ပါတယ်။ အများသိကြတဲ့ အတိုင်း အထက်တန်းကျောင်းများဖွင့်တာနဲ့ ပြန်စပါမယ်။ ဒီအစီအ စဉ် အဆင်ပြေမှုပေါ်မူတည်ပြီး အလယ်တန်း၊ မူလတန်းများ ဖွင့်ဖို့ ဆက်လက်စီစဉ်မှာ ဖြစ်ပါတယ်။

တားဆီး၊ ကုသဆေး မပေါ်သေးတဲ့ ရောဂါနဲ့ ရင်ဆိုင်နေရချိန်မှာ ခြေတစ်လှမ်း လှမ်းဖို့ရာ တွက်ချက်ရတာတွေက အများကြီးပါ။ ခပ်မှန် မှန်နဲ့ မြန်နိုင်သ၍မြန်မြန် ခရီးရောက်ဖို့ကြိုးစားရတာပါပဲ။


Spread the love
  •  
  •  
  •  
  •  
  •  
  •