ကျွန်မအတွက်ကတော့ အချိန်လေးနည်းနည်းရမယ်ဆိိုရင်စာဖတ်တာပါပဲ ( ဒေါ်အောင်ဆန်းစုကြည် )

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အိမ်မှာနေရတဲ့အချိန်တွေကို ဘယ်လိုသုံးကြမယ်ဆိုတာ တစ်ယောက် နဲ့တစ်ယောက် သဘောထားချင်းတူကြမှာ မဟုတ်ပါဘူး။ ကျွန်မအတွက်ကတော့ အချိန်လေးနည်းနည်းရမယ်ဆိိုရင်် စာဖတ်တာပါပဲ။ ပထမတော့ ‘အချိန်ပိုရင်’လို့ရေးမလိို့ပါ။ ဒါပေမဲ့ အလုပ်တစ်ခုမဟုတ် တစ်ခုကတော့ အမြဲရှိနေတော့ ပိုနေတဲ့အချိန်ရယ်လို့ ရှိနိုင်ပါ့မလားလို့တွေးမိပါတယ်။ ဒါ့ကြောင့် စာဖတ်ဖို့အချိန်ဆိုတာ ရအောင်လုပ်ယူရပါတယ်။ ဥပမာ၊ ‘ဒီအလုပ်ပုံ ဖြိုပြီးရင် စာဖတ်လိုက်ဦးမယ်’ ပေါ့။

ယခုကန့်သတ််ချက်တွေကြောင့် အချိန်ရနေကြမယ်ဆိုရင် စာဖတ်ဖို့အားပေးပါရစေ။ ဖတ်တဲ့စာတွေကတော့ တာဝန်အရ ဖတ်ရတာတွေလည်း ပါမှာပါ။ အလုပ်နဲ့ပတ်သက်တဲ့ စာတွေ၊ ကျောင်းစာတွေလိုမျိုးပေါ့။ ဖတ်သင့်တယ်ထင်တဲ့စာတွေ၊ ဖတ်ချင်တဲ့စာတွေလည်း ပါမှာပါပဲ။

ဖတ်တဲ့စာအမျိုးအစားနည်းတူ စိတ်ဝင်စားစရာကောင်းတာကတော့စာဖတ်ဝါသနာပါခြင်းရဲ့အခြေခံအကြောင်းပါပဲ။ ဒီမှာလည်း တစ် ယောက်နဲ့တစ်ယောက် တူကြမှာ မဟုတ်ပါဘူး။ ကျွန်မအတွက် ကတော့ စာဖတ်တဲ့အခါမှာ ကမ္ဘာသစ်တွေကို ရောက်သွားသလိုပါပဲ။ မသိထားတဲ့ကာလ၊ ဒေသတွေ၊ မစဉ်းစားဘူးတဲ့ အတွေးသစ်တွေ၊ ဒါတွေနဲ့ စိတ်ဟာ ကန့်သတ်ထားတဲ့ နံရံလေးဘက်ကိုထိုးဖေါက်ပြီး လွတ်လပ်တဲ့ ဝေဟင်ကြီးကို ပျံလွှားသွားနိုင်ပါတယ်။ Covid ရဲ့ပိတ် ပင်မှုတွေနဲ့ နေနေရတဲ့ကာလအတွင်းမှာ ကိုယ့်အိမ်ထဲမှာနေ ရင်း ကမ္ဘာသစ်တွေလည်း ကြည့်နိုင်ရင် မကောင်းဘူးလား။

အခြား Covid ဖြေလျှော့မှုတွေနဲ့အတူ၊ ကျွန်မ Facebook အစီအစဉ်် ကိုလည်း ဖြေလျှော့ပြီး၊ တစ်ပတ်ကို(၃)ကြိမ်၊ covid နဲ့ပတ်သက်တဲ့ video conferencing မရှိတဲ့နေ့တွေမှာ တင်ပါမယ်။ နေ့တိုင်းတော့ပြည်သူပြည်သားများ ကျန်းမာချမ်းသာစွာနဲ့ စိန်ခေါ်မှုတွေကိုကျော်လွှားနိုင်ဖို့ ဆုတောင်းမေတ္တာ ပို့သနေမှာပါ။


Spread the love
  •  
  •  
  •  
  •  
  •  
  •