ယနေ့ ကျွန်မရဲ့ (၇၅)နှစ်ပြည့် မွေးနေ့အတွက် နွေးထွေးတဲ့ မေတ္တာနဲ့ သတိတရ ဆုမွန်ကောင်း တောင်းပေးသူများ၊ မွေးနေ့ကတ်များ၊ လက်ဆောင်များ ပေးပို့သူများအားလုံးကို နှလုံးသားထဲက လှိုက်လှဲစွာ ကျေးဇူးတင်ကြောင်း ပြောပါရစေ။
ရာစုနှစ် (၁)စုရဲ့ လေးပုံ သုံးပုံကို ဖြတ်ကျော်ခဲ့ပြီဆိုတော့ မေတ္တာ၊ သစ္စာ၊ ကျေးဇူးတို့ရဲ့ တန်ဖိုးကို ကောင်းစွာ နားလည်နိုင်ခဲ့ပါပြီ။
ကျွန်မအပေါ် မေတ္တာထားသူများကို သစ္စာရှိစွာဖြင့် ကျေးဇူးဆပ်ဖို့ အစဉ်ကြိုးစားသွားပါမယ်။
အားလုံး တစ်နေ့ထက်တစ်နေ့ တိုးပြီး မေတ္တာပွါးခြင်းဖြင့် နှလုံးစိတ်ဝမ်း အေးချမ်းမှု ရကြပါစေ…