ကျွန်ုပ်တို့ ပြည်ထောင်စု၏ စည်းလုံးညီညွတ်မူနှင့်ခိုင်မာတောင့်တင်းရေး အတွက် ပြည်ထောင်စုမူ (Federal) ကိုဘာကြောင့် လိုလား/လိုအပ်ပါ သလဲ—?

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကျွန်ုပ်တို့ ပြည်ထောင်စု၏ စည်းလုံးညီညွတ်မူနှင့်ခိုင်မာတောင့်တင်းရေး အတွက် ပြည်ထောင်စုမူ (Federal) ကိုဘာကြောင့် လိုလား/လိုအပ်ပါ သလဲ—?

ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ရှမ်း။ကရင်။မွန်။ကချ င်။ချ င်း။ရခိုင်။ကယား။ဗမာ။စသော လူမျ ို းများနှင့် အရေအတွက်များ ပြားလှသော လူမျ ို းစု များနေထိုင်ရာတိုင်းပြည်(multi national state)-ဖြစ်ပါတယ်။

သို့ကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံ အဓွန့်ရှည်စွာရပ်တည်နိုင်ရေး၊ငြိမ်းချ မ်းရေး၊သာယာဝပြောရေး တို့သည်၊

ပြည်ထောင်စုအတွင်းမွေးဖွား နေထိုင်ကြပါ သော
လူမျ ို းစု များက တစ်ဦးနှင့်တစ်ဦး၊တစ်စုနှင့်တစ်စု ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ ညီရင်းအကို မောင်နှမ များဖြစ်ကြကာ
ပူးပေါင်း ဆောင်ရွက်ရေးပေါ် တွင်တည်ရှိပါတယ်။

ပြည်ထောင်စုကြီး၏ လွတ်လပ်ရေး တိုက်ပွဲသမိုင်းကိုပြန်လည်သုံးသပ်မယ်ဆိုလျှ င် အင်အားခိုင်ခံ့မူနဲ့ ထိထိရောက်ရောက် လူပ်ရှားမူတိုက်ပွဲများ၏အောင်မြင်မူများသည် အမျိုးသားစည်းလုံးညီညွတ်ရေး၏ အတိုင်းအတာပေါ်၌တည်ရှိခဲ့ပါတယ်။

ဤကဲ့သို့သော ညီညွတ်မူများအား…

ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ
မိုင်းပွန်စော်ဘွား ကြီး စဝ်စံထွန်း၊တောင်ပိုင်စဝ်ဖလုံ ခွန်ပန်းစိန်၊ညောင်ရွှေစဝ်ဖလုံ စဝ်ရွှေသိုက်၊မြောက်သိန္ဒီစဝ်ဖလုံ စဝ်ဟုံဖ၊ လဲချားစဝ်ဖလုံစဝ်နွံ၊ သာမိုင်းစဝ်ဖလုံ စဝ်ထွန်းအေး၊သထုံစဝ်ဖလုံ၏ ကိုယ်စား ဦးဖြူ၊မြောက်သိန္ဒီ ကချင်စားလှယ် ခွန်ဖုံး၊
ရှမ်းလူငယ်များဖြစ်သော
ဦးတင်အေး၊ဦးထွန်းမြင့်၊ ဦးကြာပု၊ ဦးခွန်စော၊ စဝ်ယိပ်ဖ၊ ဦးခွန်ထီး၊

ကချင်ခေါင်းဆေင်များဖြစ်သော
မြစ်ကြီးနားမှ ဆမားဒူးဝါးနောင်၊ ဇော်ရစ်၊ ဒင်ရတန်း၊
ဗန်းမော်မှ ဇော်လ၊ ဇော်လွန်း၊လဗန်ဂရောင်း၊

ချင်းခေါင်းဆောင်များဖြစ်သော
ဖလမ်းမှ ဦးလွှာမုန်း၊ဦးသောင်ဇာခုပ်၊
ဟားခါးမှ ဦးကွယ်မန်း၊

ဟူသော ပြည်နယ်တောင်တန်းဒေသ
ခေါင်းဆောင်များနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ ဟာ ညီညွတ်ရေး သဘောတူ ပင်လုံစာချုပ်ကို
(12.2.1947) နေ့ မှာ အချက်(၉)ချက်ဖြင့် သဘောတူ ညီကြကာ
နာမည်ကြီးပြီး အဓိကကျတဲ့ ပင်လုံ စာချုပ်ကို ချုပ်ဆိုခဲ့ကြပါတယ်။

ယခု ခေတ်ကာလမှာ
မိမိတို့ ပြည်ထောင်စုကြီး၏ ဒုက္ခ–သုခ
များသည်လည်း…..
အမျိုးသားစည်းလုံးညီညွတ်ရေး ပြို ပျက်မူ နှင့်…
တည်တံ့ခိုင်မြဲမူ များအပေါ် တွင် အဓိကမူတည်ပြီး တည်ရှိပါနေပါတယ်။

ပြည်ထောင်စုကြီး၏ ကောင်းကျိုး၊ဆိုးကျိုးတို့သည် ကျွန်ုပ်တို့အားလုံးရဲ့ အမျိုးသားစည်းလုံး ညီညွတ်မူနှင့်
ပြို ကွဲမူ များပေါ်၌ မှီ တည်နေပါတယ်။

ဒါကြောင့်အမျိုးသားစည်းလုံး ညီညွတ်ရေးသည် မိမိတို့ နိုင်ငံတွင် မရှိမဖြစ် အမှန်လိုလားအပ်သည့်အခြေခံအချက်ပင်ဖြစ်ပါတယ်။

အမျိုးသား စည်းလုံးညီညွတ်ရေး တည်ဆောက်ကြရာတွင်–

လက်နက်–အာဏာ နည်းဖြစ်သော အဓမ္မ နည်းဖြင့် တိုက်ခိုက်သိမ်းယူစုစည်းသောနည်း ကို မသုံးပါဘဲ၊

၎င်းအရာကိုလက်နက်ကိုင်အဖွဲ များဖြစ်သည့် တိုင်းရင်းအဖွဲ့များအပါအဝင် တပ်မတော်မှလည်း သိကြစေဖို့ လိုအပ်လှပါတယ်။

မိမိတို့ ပြည်ထောင်စုအတွင်းနေထိုင်ကြသော လူမျိုးတစ်မျိုး က အ ခြားလူမျိုး တစ်မျိုးအား တန်းတူ ရည်တူ အခွင့်အာဏာ ပေးပြီး တစ်ဦးနှင့်တစ်ဦး။
တစ်စုနှင့် တစ်စု အလေးမြတ်ထား ရိုရိုသေသေ၊ ချစ်ချ စ်ခင်ခင်၊
လေးစားယုံကြည် ၊
အသိအမှတ်ပြုကြပြီး ကြင်ကြင်နာနာ နဲ့
ပူးပေါင်းဆောင်ရွက်သည့် နည်းများကိုသာသုံးကြရမှာပါ။
ထိုသည်ကို ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ဟူသော သတ်မှတ်ချက်ဖြစ်ရပါမယ်၊

ဗိုလ်ချုပ်အောင်ဆန်းရှိခဲ့စဉ်က ဗိုလ်ချုပ်၏ မှန်ကန်သောစုစည်းမူ ကြောင့် တိုင်းရင်းသားအားလုံးစုစည်းမိခဲ့တာဖြစ်ပါတယ်။

လူမျိုးစုတိုင်းက မိမိတို့ရှေ့တွင်
ကြည်လင်တောက်ပသော မျှော်မှန်းချ က်များ ကိုတွေ့ရှိပါမှ အတူတကွ ပူးပေါင်းဆောင်ရွက်ကြမှာဖြစ်ပါတယ်။

သို့ပေမယ့် တစ်ဦးပေါ်တစ်ဦး။
တစ်စုအပေါ်တစ်စု ယုံကြည်မူနည်းပါး၍ မသင်္ကာမူများ ဖြစ်ပေါ်လာလျှင်
နောက်ဆုတ်ကြပြီး မိမိတို့နဲ့သက်ဆိုင်သော အမျိုးသားရေးရာ တစ်ခုခြင်းဆီသို့ကိုသာပြန်သွားကြပါလိမ့်မယ်။

ကျွန်ုပ်တို့ ပြည်ထောင်စုအတွင်းရှိနေကြသော လူမျိုးတိုင်း၊ မျိုးနွယ်စုတိုင်းသည်
လွတ်လပ်ရေးအတွက်
ပူးပေါင်းဆောင်ရွက်ခဲ့ ကြသလို ၎င်းတို့သက်ဆိုင်ရာလူမျိုးစု၊ မျိုးနွယ်စုတို့၏အမျိုးသားရေးတရားပေါ်တွင်လည်း
ရိုးသားစွာ ရပ်တည်ခဲ့ ကြပါတယ်။

သမိုင်းစဉ်အရ နယ်ချဲ့အင်္ဂလိပ်နှင့်
ဖက်ဆစ်ဂျ ပန်များကိုတိုက်ထုတ်ရာတွင် အတူတကွ ပူးပေါင်းခဲ့ကြပါတယ်။

ဒုတိယ ကမ္ဘာစစ်အပြီး နယ်ချဲ့အင်္ဂလိပ်ဝင်ရောက်လာချိ န်တွင်လည်း လွတ်လပ်ရေးအတွက် (1946–နှင့် 1947)-တွင် ပထမနှင့် ဒုတိယ ပင်လုံ ညီလာခံ ကွန်ဖရင့် များကိုအတူတူ စိတ်တူကိုယ်တူဖြစ်လာစေဘို့ ပူးပေါင်း ညှိနှိုင်း ဆွေးနွေး တိုင်ပင်ဆုံးဖြတ်ခဲ့ကြပါတယ်။

ပင်လုံညီလာခံ၏ အနှစ်သာရများ သည် လွတ်လပ်ရေးတိုက်ပွဲဝင်ရာ၌ တောင်တန်းသားများ သည် မခွဲ မခွာကြဘဲ ပါဝင်ခဲ့ ကြသလို လွတ်လပ်ရေးရပြီးလျှ င်
နိုင်ငံရေးအရသော်လည်းကောင်း။
လူမူ စီးပွားရေး အရသော်လည်းကောင်း။
လူမျိုးတစ်မျိုး နှင့်တစ်မျိုး၊
တစ်စုနှင့်တစ်စု တန်းတူရေးပေါ်တွင် မူတည်ထားသည့် ပြည်ထောင်စုကြီးဖွဲ့စည်းရေး
ပင်ဖြစ်ပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားများသည် သွေးစည်းညီညွတ်စွာဖြင့်
မြန်မာပြည်၏ လွတ်လပ်ရေးကို ရရှိရန်
မခွဲမခွာကြဘဲ ပူးပေါင်း ဆောင်ရွက်ခဲ့ ရုံ မျှ မက လူမျိုးစုခြင်း မုန်းတီးရေးနှင့်
မညီမညွတ်ဖြစ်စေမူတို့ကို ဖြစ်စေသော သွေးခွဲ မူမှန်သမျှ ကို ကြံ့ ကြံ့ခိုင်ခိုင် ခုခံကာကွယ်ခဲ့ကြပါတယ်။

သို့ ဖြစ်ပါသာကြောင့် မြန်မာပြည်ရှိ
တောင်တန်းသားများနှင့် တိုင်းရင်းသားလူမျိုးစုတို့သည် လူမျိုးစုတိုင်း တန်းတူ ညီမျှရေးနှင့် တန်းတူရည်တူဖြစ်ရေးတို့ကို အခြေခံသော
(federal) ပြည်ထောင်စု စစ်စစ်မူ ကိုတင်ပြဆွေးနွေး သဘောတူ ဆုံးဖြတ်ခဲ့ ကြပါတယ်။
(federation) ဖြစ်တဲ့ (federalism) ဆီကိုသွားဘို့ သဘောတူ ဆုံးဖြတ်ခဲ့ကြတာပါ။

(confederate) ဖြစ်တဲ့ (confederation) ဆီကို သွားနေကြတာမဟုတ်ခဲ့သလို၊ သွားနေခြင်းလည်းမဟုတ်ပါဘူး။

မြန်မာပြည်လွတ်လပ်ရေးအတွက်
တိုင်းရင်းသားလူမျိုးစု၊ မျိုးနွယ်စုတို့၏
ရိုးသားစွာ ပူးပေါင်းဆောင်ရွက်
ထမ်းဆောင်ခဲ့ ကြသလို—

ပင်လုံစာချုပ်အချက်(၅)…..
အထက်တွင်သဘောတူညီသည့် အတိုင်း
ဘုရင်ခံ၏ အမူဆောင်ကောင်စီကိုတိုးချဲ့မည် ဖြစ်သော်လည်း
နယ်စပ်ဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ယခုခံစားနေရသော ကိုယ်ပိုင်အုပ်ချုပ်ရေးကို မည်သည့်နည်းနှင့်မဆို တစုံတရာ လက်လွှတ်စေရန်အဆိုပါကောင်စီက
ပြုလုပ်ခြင်းမရှိစေရ၊ နယ်စပ်ဒေသများအတွက် နယ်တွင်းအုပ်ချုပ်ရေးရာခိုင်နှုန်းအပြည့်ရှိစေရမည် ဟူသောမူကို သဘောတူကြသည်။

ပင်လုံစာချုပ်အချက်(၇)…..
နယ်စပ်ဒေသများ၏နယ်သူ နယ်သားတို့သည်
ဒီမိုကရေစီနိုင်ငံများတွင် အခြေခံများအဖြစ် အသိအမှတ်ပြုထားသော အခွင့်အရေးများတို့ကို ခံစားပိုင်ခွင့် ရှိစေရမည်။

ပင်လုံစာချုပ် အချက်(၈)…..
ဤစာချုပ်တွင် သဘောတူညီကြသည့် အစီအစဉ်မှာ ပဒေသရာဇ်ရှမ်းပြည်နယ်စု တွင် ယခုအပ်နှင်းထားသော ဘဏ္ဍာရေးနှင့် ပါတ်သက်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ထိခိုက်ခြင်းမရှိစေရ။

ဆိုသည်များကို ချုပ်ဆိုထားကြပါတယ်။
သဘောက ထိုစဉ်က ရှမ်းပြည်စော်ဘွားများသည် ကံကြွေးချ စနစ်ဖြင့် အုပ်ချုပ်ခွင့် ပြုခြင်း အုပ်ချုပ်ခွင့် များကို ဗြိတိသျှ အစိုးရကပေးအပ်ထားပါတယ်၊
သို့ကြောင့် ရှမ်းစော်ဘွားများ၏ အခွင့်အာဏာ မဆုံးရှုံးစေရေးများသည်ကလည်း အဓိက ပါကောင်းပါနိူင်ပါတယ်။

သို့ပေမယ့် (12.2.1947) ပင်လုံညီလာခံနှင့် ပင်လုံသဘောတူစာချုပ်သည်၊

မြန်မာနိုင်ငံ လွတ်လပ်ရေး၏ ညီညွတ်ရေးအတွက် လမ်းပြဖြစ်ခဲ့သလို၊
စည်းလုံးညီညွတ်မူ၏ စုပေါင်းအင်အား တည်ဆောက်နိုင်ခဲ့သည့် လမ်းညွှန်မူ
လည်းဖြစ်ခဲ့ ပြီး ၊
ပြည်ထောင်စုမြန်မာနိုင်ငံ ဖြစ်တည် ပေါ်ထွန်းလာစေဖို့ မီးရှုးတန်ဆောင်လည်းဖြစ်ပါတယ်။

ဤသို့ ဖြင့် မြန်မာပြည်လွတ်လပ်ရေးရရှိစေဘို့ ကို အားလုံးက စိတ်တူ ရည်တူ
ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။

ကျွ န်ုပ် တို့သည် ယခုကာလမှာ ကျ ဆုံးလု ဖြစ်နေသော
အမျိုးသား စည်းလုံး ညီညွတ်ရေး ကိုပြန်လည်တည်ဆောက်ကြရန် ပြည်ထောင်စုအတွင်းတွင်ရှိနေကြသည့်
လူမျိုးတိုင်း၊ လူမျိုးစုတိုင်း၌ ၊
တာဝန်အပြည့် ရှိပါတယ်။
သို့ပါသောကြောင့် ကျွန်ုပ်တို့၏
ပြည်ထောင်စုကြီး တည်တံ့ ခိုင်မြဲရေး အတွက် ပြည်ထောင်စုကြီးအတွင်းရှိ လူမျိုးစုတိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် သာတူညီမျှ ရေးအပေါ် တည်ဆောက်မည်ဖြစ်သော
ပြည်ထောင်စုမူ၊ (Federal)မူဖြင့်
တည်ဆောက်ကြရန်ဖြစ်ပေသည်။

မိမိတို့နိုင်ငံအတွက် က်ဒရယ်၏
အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုလည်း ကျွန်ုပ်တို့ နိုင်ငံတွင်း ဘေးထွက်ဆိုးကျိုးများနည်းပါးကာ ပြည်ထောင်စုတိုင်းရင်းသားများ အချ င်းချ င်းကွဲပြဲ နိုင်မူများဖြစ်ပေါ်လာနိုင်ချေ နည်းနိုင်သမျှ နည်းစေပြီး
လိုက်လျော ညီထွေစေမူများအားကောင်းလာစေ၍ ပြည်ထောင်စုသားအားလုံးက လက်ခံသဘောတူသည့်
အမျိုးသားအဆင့် အဖြစ် ထုတ်ပြန်ပေးနိူင်စေရန်လည်း တိုင်းရင်းသားများနှင့်နိုင်ငံတွင် တာဝန်ရှိသူများ၊ကိုယ်စားပြုသူ လူပုဂ္ဂိုလ်များ၊အဖွဲ့အစည်းများမှ
ညှိနှိုင်းဆွေးနွေး ဆုံးဖြတ်ချက်ချ နိူင်စေဘို့ကြိုးပမ်းဖ်ါဆောင်နိုင်ကြပါစေကြောင်း
………. နှင့်……….
လာမည့် နိုင်ဝင်ဘာလ (၈) ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ ပြည်သူနှင့် အတူ ရှိနေမည့် ပါတီအား လက်ကမ်း လှမ်းလင့် ကြိုဆိုကာ မိမိတို့ရဲ့ ကိုယ်ပိုင် အခွင့်အာဏာကို ယုံကြည်ကြကာ လွတ်လပ် စွာ ဆုံးဖြတ်ချက်ချ၍ရွေးချယ်
ဆန္ဒမဲများပေးနိုင်ကြပါစေကြောင်း
ထပ်လောင်း တင်ပြ
ရေးသားလိုက်ရပါတယ်။

အလေးထားစွာဖြင့်–ကိုသိန်းဌေး ၈၈ ပဲခူး။
………. (19.7.2020)……….


Spread the love
  •  
  •  
  •  
  •  
  •  
  •