🇵🇭 #ကြက်တိုက်ပွဲဝင်ဖမ်းရင်း ဖိလစ်ပိုင်ရဲစခန်းမှူးတစ်ယောက်ကွယ်လွန်။
👮♂️ဖိလစ်ပိုင်နိုင်ငံ NorthernbSamar ပြည်နယ်မှာ ကြက်တိုက်တဲ့လောင်းကစားပွဲကိုဝင်ဖမ်းရင်း ရဲအုပ် Christan Bolok သေဆုံးခဲ့ပါတယ်။
တနင်္လာနေ့က ကြက်တိုက်ပွဲမှာ သက်သေအဖြစ် တိုက်ကြက်ကိုဖမ်းလိုက်စဉ်မှာ တိုက်ကြက်ရဲ့ခြေထောက်မှာချည်ထားတဲ့ ဓားသွားက သူ့ရဲ့ပေါင်ကသွေးလွှတ်ကြော femoral artery ကို ပြတ်ရှသွားတာဖြစ်ပါတယ်။
San Jose မြို့က ရဲအုပ် Christan Bolok ရဲ့ ရဲစခန်းမှာ လူသုံးယောက်နဲ့ တိုက်ကြက်နှစ်ကောင်ကို ဖမ်းဆီးထားပါတယ်။
ဖိလစ်ပိုင်နဲ့ အိန္ဒိယစတဲ့နိုင်ငံတွေမှာ ကြက်တိုက်ပွဲကို လောင်းကစားတစ်ရပ်အနေနဲ့ တရားမဝင်လုပ်လေ့ရှိပြီး မြနေအောင်သွေးထားတဲ့ ဓားသွားကို တိုက်ကြက်ရဲ့အတက်ပုံစံခြေထောက်မှာ ချည်နှောင်ထားပြီး တိုက်လေ့ရှိပါတယ်။
ဒီနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့တုန်းကလည်း အိန္ဒိယနိုင်ငံ Pragadavaram ရွာမှာ ကြက်တိုက်လောင်းကစားပွဲလုပ်ရင်း အသက် ၅၅ နှစ်အရွယ် Sariplli Venkateswara Rao သေဆုံးခဲ့ပါတယ်။
သူဟာ ကြက်တိုက်ပွဲမှာ ကြက်ကိုင်ရဲ့လက်ထဲက လွတ်ထွက်လာတဲ့ တိုက်ကြက်ရဲ့ ခြေထောက်မှာချည်ထားတဲ့ ဓားသွားအတက်နဲ့ တွတ်မိပြီး ဗိုက်မှာပြတ်ရှဒဏ်ရာရခဲ့တာပါ။
ကြက်တိုက်ပွဲကို တချိန်ကကျေးလက်ရိုးရာဝါဿနာတစ်ခုအဖြစ်လုပ်ခဲ့ကြပေမယ့် ဖိလစ်ပိုင်၊ အိန္ဒိယစတဲ့နိုင်ငံတွေမှာ ထက်လှတဲ့ဓားအတက်တွေသုံးလာခြင်းဟာ ရက်စက်ပြီးအန္တရာယ်များလှပါတယ်။
Richard Myo Thant
28-October-2020