ကြည့်မြင်တိုင်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားပညာပေးသင်တန်းပြုလုပ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကြည့်မြင်တိုင် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ ရွေးကောက်ပွဲ ဆိုင်ရာ ဆင့်ပွားပညာပေးသင်တန်း နှစ်ရက်တာ ပြုလုပ်ခဲ့

ရန်ကုန်တိုင်း​ဒေသကြီး ၊ ကြည့်မြင်တိုင်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ မဲရုံမှူး ၊ ဒုတိယမဲရုံမှူးများရဲ့ ရွေးကောက်ပွဲ ဆိုင်ရာ ဆင့်ပွားပညာပေး သင်တန်းကို အောက်တိုဘာ ၂၄ ၊ ၂၅ ရက်များတွင် အလက ၂ ကြည့်မြင်တိုင် ကျောင်းမှာကျင်းပပြုလုပ်ခဲ့ပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်ရာများ ၊ မဲရုံအဖွဲ့ဝင်ရဲ့ တာဝန် ၊ မဲရုံအခင်းအကျင်း ၊ မဲရုံအတွင်း ဝင်ခွင့်ရှိသူ ၊ မဲရုံပိတ်ခြင်း ၊ မဲရေတွက်ခြင်း စတဲ့ ရွေးကောက်ပွဲ နဲ့ ပတ်သက်သော အသိပညာပေးခြင်းများကို မျှဝေပို့ချခဲ့တာဖြစ်ပါတယ် လို့ ကြည့်မြင်တိုင် မြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းဆွေက ပြောကြားခဲ့ပါတယ်။

ဓါတ်ပုံ ရွှေအင်းသားခင်မောင်ဝင်း

 


Spread the love
  •  
  •  
  •  
  •  
  •  
  •