ကြာအင်းကြီးမှာ ချောင်းရေအဆင်းများလို့ ရုတ်တရက်ရေမြုပ်ရာ နေရာများကို လူမှုရေးဝန်ကြီး စစ်ဆေး
ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦဘိုဘိုဝေမောင် သည်ကြာအင်းကြီးမှာ ချောင်းရေ အဆင်းများလို့
အိမ်များ ရုတ်တရက်ရေမြုပ်ခဲ့ရာ နေရာများကို
ကိုယ်တိုင် သွားရောက်ကြည့်ရှု့နေကြောင်း သိရပါတယ်။
ကြာအင်းကြီးမှာ ချောင်းရေအဆင်းများလို့ အိမ်ခြေ ၂၀ ကျော် ရုတ်တရက်ရေမြုပ်ပြီး တိရစ္ဆာန်တချို့သေဆုံးခဲ့ပါတယ်။
ထောက်ပံ့ရေးလုပ်ငန်းများ အမြန် ဆောင်ရွက်လျက်ရှိပြီး ချောင်းတွင်းတမံတုတ်ငါးဖမ်းမှုများရှိမရှိ အမြန်စစ်ဆေးရှင်းလင်းသွားပါမယ်လို့ သိရပါတယ်။
Credit – Bo Bo Wai Maung