ကြံခင်း-ဟင်္သာတ-ပုသိမ် အမြန်ရထားပြန်လည်ပြေးဆွဲ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့အမှတ် (၉) တိုင်းနယ်မြေအတွင်း ကြံခင်း-ဟင်္သာတ-ပုသိမ်လမ်းပိုင်း၌ (၁၈၁) အဆန်နှင့် (၁၈၂) အစုန်အမြန်ရထား ပြေးဆွဲခြင်းကို ဩဂုတ်(၁)ရက် နေ့မှ စတင် ပြေးဆွဲခဲ့ကြောင်း သိရသည်။

အဆိုပါ အမြန်ရထားအား ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ ရထားပြေးဆွဲရေးလုပ်ငန်းများ ထိန်းချုပ် ကွပ်ကဲလျက်ရှိကြောင်း အမှတ်(၉) တိုင်းနယ်မြေအတွင်း ကြံခင်း-ဟင်္သာတ-ပုသိမ်လမ်းပိုင်း၌ (၁၈၁) အဆန်နှင့် (၁၈၂) အစုန်အမြန်ရထား ပြေးဆွဲခြင်း ရပ်နားထားရာမှ ယခုအခါတွင် ဇူလိုင်(၂၁)ရက်နေ့မှ စပြီး အခြေခံပညာ အထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်သဖြင့် ခရီးသွားပြည်သူ များပြား လာမည်ဖြစ်ပြီး သွားလာရေး အဆင်ပြေစေရန် ရပ်နားထားသော အမြန်ရထားအား ဩဂုတ်(၁)ရက်နေ့မှစပြီး ပြန်လည်ပြေးဆွဲကြောင်းသိ ရသည်။

ထိုအမြန်ရထားသည် အထက်တန်း(၃)တွဲ၊ ရိုးရိုးတန်း(၆)တွဲ၊ ဘရိတ်(၁)တွဲဖြင့် ပြေးဆွဲမှာဖြစ်ပြီး ခရီးသွားပြည်သူများ နေရာခြားထိုင်နိုင်ရန် ခရီးသည်တစ်ဦးလျှင် လက်မှတ်တစ်စောင်စီ ရောင်းချပေးပြီး ထိုင်ခုံ(၂)လုံး စီစဉ်ပေးမှာဖြစ်ကြောင်း၊ အပူချိန်တိုင်းပေးခြင်း၊ နှာခေါင်းစည်း Maskတပ်ဆင်သူများသာ လက်မှတ်ရောင်းချသွားလာခွင့် ပြုမည်ဖြစ်ကြောင်းနှင့် ယခင်ပြေးဆွဲလျက်ရှိသော (၁၈၅) အဆန်နှင့် (၁၈၆) အစုန်စာပို့ရထားသည်လည်း ဆက်လက်ပြေးဆွဲသွားမည်ဖြစ်ကြောင်း ကြံခင်းမြို့မီးရထားရုံပိုင်ကြီး ဦးမောင်မောင်ဦးထံမှ သိရသည်။

မိုးမိုး(ပြန်/ဆက်)


Spread the love
  •  
  •  
  •  
  •  
  •  
  •