ခန္တီးမြို့တွင် ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ရောက်ရှိဖို့ ၂၃ စင်တီမီတာသာလို

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ခန္တီးမြို့တွင် ယနေ့နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ၁၃၃၇ စင်တီမီတာ မြင့်တက်လာပြီး စိုးရိမ်ရေမှတ်ရောက်ရှိဖို့ ၂၃ စင်တီမီတာသာလို

ခန္တီး  ဇူလိုင် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယနေ့နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ၁၃၃၇ စင်တီမီတာ မြင့်တက်လာပြီး စိုးရိမ်ရေမှတ်ရောက်ရှိဖို့ ၂၃ စင်တီမီတာပဲလိုတော့ကြောင်း ခန္တီးမြို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှူး ဒေါ်ဖြူဖြူအေးထံမှ သိရသည်။

ယမန်နေ့ ညနေ ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ  ၁၂၅၂ စင်တီမီတာ ဖြစ်သဖြင့် (၁၂) နာရီ အတွင်း ၈၅ စင်တီမီတာ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ နံနက် ၇ နာရီချိန် ခန့်မှန်းချက်အရ ယနေ့ညအချိန်ထိ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်ဟု ခန့်မှန်ချက်ထုတ်ပြန်ထားသည်။

 

ခန္တီးမြို့တွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ ဇူလိုင်လ ၂၁ ရက်ထိ မိုးရွာသွန်းရက် (၅၆) ဖြစ်ပြီး မိုးရေချိန်မှာ ၆၆ ဒသမ ၂၂ လက်မဖြစ် ၍ ယခင်နှစ်တွင်မူ  ဇူလိုင်လ ၂၁ ရက်ထိ မိုးရွာသွန်းရက် (၃၆) ဖြစ်ပြီး မိုးရေချိန်မှာ ၅၉ ဒသမ ၄၉ လက်မဖြစ်ကြောင်း ခန္တီးမြို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အမ်းအင်းလမ်း (ပြန် /ဆက်)
စစ်ကိုင်းတိုင်းဒေသကြီး


Spread the love
  •  
  •  
  •  
  •  
  •  
  •