ခန္တီးမြို့၏ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ရောက်တော့မည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ခန္တီးမြို့၏ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ရောက်တော့မည်

၁၅.၇.၂၀၂၀ ရက်နေ့၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏တိုင်းထွာချက်များအရ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၏ ချင်းတွင်းမြစ်ရေအမှတ်သည် 1290cm သို့ရောက်ရှိနေပါတယ်။

 


ဆက်လက်​ပြီး စိုးရိမ်ရေအမှတ် 1360cmသို့ ရောက်ရှိနိူင်ပါသဖြင့် ချင်းတွင်းမြစ်ကမ်းဘေးရှိ ပေါမိုင်းရပ်၊ အောင်သာရပ်၊ ဆင်သေကျေးရွာ၊ လက်ဖက်ခင်းကျေးရွာ၊ ကင်းတော်ကျေးရွာများရှိ မြစ်ကမ်းဘေး/မြေနိမ့်ပိုင်းနေထိုင်ကြသူများအား သတိပြု‌နေထိုင်ကြရန် ခန္တီးခရိုင်/မြို့နယ် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍ ကြိုတင်သတိပေးနှိုးဆော်ခြင်းလုပ်ငန်းအားဆောင်ရွက်ပေးနေပါတယ်။

 

Source – MFSD


Spread the love
  •  
  •  
  •  
  •  
  •  
  •