“ခရစ္စမတ်ကာလအတွင်းဆုံတွေ.ကြရာမှာ နှာခေါင်းစည်းမျက်နှာဖုံးများတပ်ဆပ်ထားကြဖို့ WHO တိုက်တွန်း”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ဥရောပရှိ(WHO)ကမ္ဘာ့ကျန်းမာရေး
အဖွဲ့အစည်းက ပြည်သူတွေ ခရစ္စမတ်ကာလအတွင်းစုရုံးကြရာမှာနှာခေါင်းစည်းမျက်နှာဖုံးများတပ်ဆပ်ထားကြဖို့တိုက်တွန်း”

December17,2020

ဥရောပမှာရှိတဲ့WHOအဖွဲ့အစည်းက၂၀၂၁ခုနှစ် အစောပိုင်းကာလတွေမှာ ကိုဗစ်-၁၉ရောဂါကူးစက်မှုတွေပြန်လည်ပြီးဖြစ်ပွါးလာနိုင်ခြေရှိတာကြောင့် ခရစ္စမတ်
ကာလအတွင်း ပြည်သူတွေစုရုံးတွေ့ဆုံကြ
ချိန်မှာ နှာခေါင်းစည်းမျက်နှာဖုံးတွေတပ်ဆင်
ထားကြဖို့ ဗုဒ္ဓဟူးနေက တိုက်တွန်းပြောဆိုခဲ့ပါတယ်။
အထိအခိုက်အတိမ်းအစောင်းမခံနိုင်တဲ့တိုးတက်မှု တချို့ကိုဆောင်ရွက်ခဲ့ပြီးဖြစ်ပေမဲ့ဥရောပဒေသ အနှံ့အပြားမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဖြစ်ပေါ်နေနိုင်သေးတယ်လို့ WHOရဲ့ထုတ်ပြန်ကြေညာချက်မှာ သတိပေး
ပြောဆိုထားပါတယ်။

“၂၀၂၁ခုနှစ်ရဲ့ ပဌမပိုင်းလတွေ နဲ့
ရက်သတ္တပတ်တွေမှာကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွါးမှုတွေ နောက်ထပ်တကြော့ပြန်ထပ်မံဖြစ်ပွါးလာနိုင်တဲ့အန္တရယ်ရှိနေလို့ ဒီ ရောဂါကို အောင်မြင်စွာတားဆီးနိုင်ချင်ရင်ကျွန်တော်တို့တတွေ အတူတကွ ပူးပေါင်းဆောင်ရွက်ကြဖို့လိုအပ်တယ်။”လို့ဥရောပWHOက ပြောဆိုလိုက်ပါတယ်။
WHOက ပြည်သူလူထုကို”ခင်ဗျားတို့ရဲ့
ဆုံးဖြတ်ချက်တွေဟာအရေးပါတယ်ဆိုတာ
လျှော့မတွက်ကြဖို့” တိုက်တွန်းပြောဆိုခဲ့ပြီး
အားလပ်ရက်တွေမှာလူသူစုရုံးကြတဲ့အခါ
ကြိုတင်သတိပေးချက်တွေကို တတ်နိုင်သမျှများများလေး ပြင်ဆင်ဆောင်ရွက်ထားကြဖို့လိုအပ်တယ်လို့
သတိပေးခဲ့ပါတယ်။
“ဖြစ်နိုင်ရင် အခမ်းအနားတွေကို အိမ်အပြင်ဘက်တွေမှာပဲကျင်းပသင့်ပြီး၊နှာခေါင်းစည်းမျက်နှာဖုံးတွေဝတ်ဆင်တာ နဲ့လူတွေတယောက် နဲ့တယောက်မထိတွေ့မိ
အောင်အလှမ်းကွာကွာနေထိုင်ကြဖို့လိုအပ်
တယ်။” လို့WHOကပြောဆိုထားပါတယ်။
အိမ်တွင်းကျင်းပတဲ့ပွဲတွေမှာလူဦးရေကန့်
သတ်ထားဖို့လိုပြီး ရောဂါကူးစက်ပြန့်ပွါးမှုကို
လျှော့နည်းစေရန် အခန်းအတွင်း လေဝင်လေထွက်ကောင်းမွန်ဖို့ဟာအဓိကအရေးပါတဲ့အချက်ဖြစ်တယ်လို့WHOကပြောဆိုပါတယ်။
“မိတ်ဆွေတွေ မိသားစုတွေရဲ့အနီးဝန်းကျင်မှာနှာခေါင်းစည်းမျက်နှာဖုံးတွေတပ်ဆင်ထားရတာနဲ့အလှမ်းကွာကွာနေထိုင်ဆက်ဆံကြရတာဟာ ကသိက
အောက်ဖြစ်ကောင်းဖြစ်နိုင်မယ်ဆိုပေမယ့်
ဒီလိုလုပ်ဆောင်ခြင်းဟာ ဘေးအန္တရယ်ကင်းပြီး ကျန်းမာရေးအတွက်လုံခြုံစိတ်ချရနိုင်မှာ
အသေအချာပဲဖြစ်ပါတယ်။”လို့ ကျန်းမာရေး အေဂျင်စီ ကပြောပါတယ်။
WHOဥရောပဒေသမှာ နိုင်ငံ
ပေါင်း၅၃နိုင်ငံပါဝင်ဖွဲ့စည်းထားပြီး၊ရုရှနိုင်ငံ နဲ့
ဗဟိုအာရှဒေသက တိုင်းပြည်များလဲပါဝင်
နေပြီး ကိုရိုနာဗိုင်းရပ်(စ်)အသစ်ရောဂါ ကူးစက်နေသူ၂၂သန်းကျော်ရှိနေပြီး သေဆုံးသူစုစုပေါင်းဟာ ၅၀၀၀၀၀နားကိုရောက်ရှိနေပြီဖြစ်ပါတယ်။

Ref:((AFP)


Spread the love
  •  
  •  
  •  
  •  
  •  
  •