ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလရုံးပိတ်ရက်များအတွင်း ပြင်ဦးလွင်သို့လာရောက်လည်ပတ်မှုခွင့်ပြုမည်မဟုတ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ပြင်ဦးလွင် ဒီဇင်ဘာ ၂၃

ပြင်ဦးလွင်မြို့သို့ ခရစ္စမတ်ပွဲတော်နှင့် နိုင်ငံတကာ နှစ်သစ်ကူးနေ့ ကာလရှည် ရုံးပိတ်ရက်များအတွင်း လာရောက်လည်ပတ်မှု မရှိစေရန် စီစဉ်လျက်ရှိကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးမှ သိရသည်။

ပြင်ဦးလွင်မြို့သည် ခရီးသွားမြို့ဖြစ်သည်နှင့်အညီ ရုံးပိတ်ရက်ရှည်များ၌ လာရောက်လည်ပတ်သူ များပြားသောကြောင့် ခရစ်စ္စမတ် ပွဲတော်နှင့် နိုင်ငံတကာ နှစ်သစ်ကူးနေ့ ကာလရှည် ရုံးပိတ်ရက်များအတွင်း လာရောက်လည်ပတ်မှုမရှိစေရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေခြင်းဖြစ်ပြီး (၂၃) မိုင်ဂိတ်၌ စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ကျန်းမာရေးထောက်ခံစာ မပါရှိဘဲ အလည် လာရောက်သူများအား ဝင်ရောက်ခွင့် မပြုကြောင်း သိရသည်။

“ယခင်တန်ဆောင်တိုင်ပိတ်ရက်က ပြင်ဦးလွင်ကို လာရောက်သူများပြားတဲ့အတွက် ပိတ်ရက်ပြီးတဲ့အခါ မြို့တွင်း ပိုးတွေ့ရှိမှု ပိုမိုများလာတဲ့အတွက် ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အခုလို ပြင်ဆင်နေတာပါ” ဟု ခရိုင် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာသန်းဝင်းက ပြောသည်။

ဆက်လက်၍ “ခရစ္စမတ်ပိတ်ရက် ဒီဇင်ဘာ ၂၅၊ ၂၆၊ ၂၇ ရက်၊ နှစ်သစ်ကူးရုံးပိတ်ရက် ဒီဇင်ဘာ ၃၁ ရက်ကနေ ၂၀၂၁ ခုနှစ်၊  ဇန်နဝါရီလ ၄ ရက်ထိ အဲ့ရက်တွေမှာ ပြင်ဦးလွင်စစ်ဆေးရေးဂိတ်ကိုလည်း ပိုမိုတင်းကျပ်စွာ စစ်ဆေးသွားမှာဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ထို့ပြင် မြို့ရှောင်လမ်း၊ ထင်းရှူးတော စသည့်နေရာများ၊ မြို့တွင်းလည်ပတ်နိုင်သည့် နေရာများအား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး၏ ဦးဆောင်မှုဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်းကာအဖွဲ့ (၄)ဖွဲ့ခွဲ၍ စစ်ဆေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြတ်ဆုမွန်


Spread the love
  •  
  •  
  •  
  •  
  •  
  •