ခိုးဖွင့်နေသော ကွမ်းယာဆိုင်များကို စတင်ဖမ်းဆီးနေ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ခိုးဖွင့်နေသောကွမ်းယာဆိုင်များစတင်ဖမ်းဆီနေ

ကွမ်းယာဆိုင်များ စက်တင်ဘာ၂၄ရက်မှစတင်ကာ ၂ပတ်တိတိပိတ်ထားရမည်၊ဆက်လက်ဖွင့်ထားသူတွေ့ပါက အရေးယူခံရနိုင်

ရန်ကုန်၊၂၀၂၀စက်တင်ဘာ၂၃ရက်

ရန်ကုန်မြို့ရှိကွမ်းယာဆိုင်များ ကိုဗစ်ကူးစက်မှုမှကာကွယ်ရန် စက်တင်ဘာ၂၄ရက်ကစ၍၂ပတ်တိတိပိတ်ထားရမည်ဖြစ်ကြောင်း တာမွေမြို့နယ် စည်ပင်သာယာရေးဥက္ကဌ ကိုအောင်မျိုးလင်းကပြောသည်။

စက်တင်ဘာ၂၃ရက်ဆက်သွယ်မေးမြန်းရာတွင်တာမွေမြို့နယ် စည်ပင်သာယာရေးဥက္ကဌ ကိုအောင်မျိုးလင်းကပြောကြားခဲ့သည်။

“ကိုဗစ်ကော်မတီအစည်းအဝေးအရ ဒီနေ့လိုက်ပြီး အသိပေးကြေညာတယ်။ကွမ်းယာဆိုင်တွေပိတ်ထားပေးဖို့ပေါ့။ရက်ကတော့နှစ်ပတ်ပေါ့။ကျန်းမာရေးဌာနက ထုတ်တဲ့အတိုင်းပဲ။ကျန်တဲ့နေရာတွေလည်း ဒီအတိုင်းပဲဖြစ်ပါလိမ့်မယ်။မနက်ဖြန်မှဆက်ဖွင့်ထားရင်တော့အရေးယူခံရမှာပါ”ဟု၎င်းကပြောသည်။

ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနကစက်တင်ဘာ၂၁ရက်မနက်ပိုင်းမှစတင်ကာရန်ကုန်တစ်တိုင်းလုံးရှိလူများ နေအိမ်တွင်သာနေထိုင်ရန် အမိန့်ထုတ်ခဲ့သည်။

COVID19လူနာမှာလက်ရှိစက်တင်ဘာ၂၃ရက်မနက်ပိုင်းထိ၆၉၅၈ဦး၊ ညနေပိုင်းအထိ သေဆုံးသူစုစုပေါင်း၁၂၉ဦး၊ဆေးရုံဆင်းရသူ၁၀၀၀ကျော်ရှိပြီဖြစ်သည်။

thi thi (Myanmar Harp)

Photo – Ye Zaw


Spread the love
  •  
  •  
  •  
  •  
  •  
  •