ခုတင်(၁၀၀၀)ဆန့် Fortune Covid Centre အမြန်ဆုံးပြင်ဆင်ဆောင်ရွက်နေ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ခုတင်(၁၀၀၀)ဆန့် Fortune Covid Centre အမြန်ဆုံးပြင်ဆင်ဆောင်ရွက်နေ

ရန်ကုန်မြို့၊ သာ​ကေတမြို့နယ် မှာရှိတဲ့ Forturne Plaza Expo ခန်းမ ကို ခုတင်(၁၀၀၀)ဆန့် ယာယီဆေးရုံအဖြစ် အသုံးပြုဖို့အတွက် Excellent Fortune Development Group  ဥက္ကဌ  ဖြစ်သူ ဦးစိုင်းမျိုးဝင်းက လှုဒါန်းတာဖြစ်ပါတယ်။

အဲဒီ Centre ကိုလူနာတွေ အမြန်ဆုံးအသုံးပြုနိုင်ဖို့အတွက် စတင် ပြင်ဆင် ဆောင်ရွက် နေပြီဖြစ်ပါတယ်။

 

အဲဒီခန်းမကြီးကို ခုတင်(၁၀၀၀)ဆန့် Fortune Covid Centre ဆေးရုံအဖြစ် အသုံးပြုမှာဖြစ်ပြီး တက်ရောက်လာမယ့် လူနာတွေအတွက် လိုအပ်သည်များသုံးစွဲဖို့ ကျပ်သိန်းတစ်ထောင်ကိုလည်း မတည်လှူဒါန်းထားပါတယ်။

#YangonNation

 


Spread the love
  •  
  •  
  •  
  •  
  •  
  •