ချင်းတွင်းမြစ်ရေ ဟုမ္မလင်းနှင့် ဖောင်းပြင်မြို့များမှာ ၃ ရက် အတွင်း စိုးရိမ်ရေမှတ်ရောက်မည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ချင်းတွင်းမြစ်ရေ ဟုမ္မလင်းနှင့် ဖောင်းပြင်မြို့များမှာ ၃ ရက် အတွင်း စိုးရိမ်ရေမှတ်ရောက်မည်

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၁၅)ရက်နေ့(၁၄:၀၀)နာရီ အချိန်တွင် မြစ်ရေကြီးခြင်းသတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်။

 

ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့တွင် (၁)ပေခွဲခန့်နှင့် ဖောင်းပြင်မြို့ တွင် (၂)ပေခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအောက်တွင် ရောက်ရှိနေပါတယ်။

အဲဒီမြစ်ရေများဟာ နောက်(၃)ရက်အတွင်း ယင်းမြို့ များ၏ စိုးရိမ်ရေမှတ်အသီးသီးသို့ ရောက်ရှိနိုင်ပါတယ်။
သို့ဖြစ်ပါ၍ ဟုမ္မလင်းမြို့နယ်နှင့် ဖောင်းပြင်မြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ကအကြံပြုထားပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •