ချင်းပြည်နယ်ရဲ့ ဒုတိယမြောက်ဖြစ်တဲ့ လိုင်လင်းပီလေယာဥ်ကွင်း ၈၃ ရာခိုင်နှုန်းပြီးစီးပြီ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ချင်းပြည်နယ်မတူပီခရိုင် လိုင်လင်းပီမြို့အနီးမှာဆောက်လုပ်နေတဲ့ ၈၃ ရာခိုင်နှုန်းပြီးစီးပြီဖြစ်တဲ့ လိုင်းလင်းပီလေယာဥ်ကွင်းကိုဒုသမတဦးဟင်နရီဗန်ထီးယူကယနေ့လာရောက်စစ်ဆေးကြည့်ရူ့ခဲ့ပါတယ်။

လိုင်လင်းပီလေယာဥ်ကွင်းကို နိုင်ငံတကာINGO တခုဖြစ်တဲ့ MAF(Mission Aviation Fellowship)အဖွဲ့ရဲ့နည်းပညာ၊ငွေကြေးထောက်ပံငွေနဲ့Dr.SaSaဦးဆောင်တဲ့ Health and Hope အဖွဲ့တို့ပူးပေါင်းမူနဲ့ ​အရေးပေါ်လူနာတွေကိုသယ်ဆောင်ဖို့အတွက်ရည်ရွယ်ပြီးလူ ၁၄ ယောက်ဆန့်လေယာဥ်အသေးတွေဆင်းဖို့တည်ဆောက်နေတဲ့ချင်းပြည်နယ်ရဲ့ဒုတိယမြောက် လေယာဥ်ကွင်းဖြစ်ပါတယ်။

ချင်းပြည်နယ်ရဲ့ပထမဆုံးလေဆိပ်အဖြစ် နိုင်ငံတော်အစိုးရစီမံကိန်းဖြစ်တဲ့ ဖလမ်းမြို့အနီးကဆူဘုန်ရ်လေယာဥ်ကွင်းဟာပြီးစီးပြီဖြစ်ပြီး အောက်တိုဘာလထဲမှာပထမဆုံးအကြိမ်လေယာဥ်ဆင်းသက်မူပြုလုပ်ခဲ့ပါတယ်။

Photo By Dr.SaSa Page


Spread the love
  •  
  •  
  •  
  •  
  •  
  •