ချင်းပြည်နယ် ဖလမ်းမြို့နယ်က ဆူရ်ဘုန် လေဆိပ်ကို မကြာမှီ ဖွင့်လှစ်တော့မည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ချင်းတိုင်းရင်းသားတွေရဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေး ကိစ္စရပ်တွေကို အထောက်အကူပြုစေဖို့ အစိုးရသစ်လက်ထက်မှာ စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့တဲ့ ချင်းပြည်နယ် ဖလမ်းမြို့နယ်က ဆူရ်ဘုန် လေဆိပ်ကို မကြာမှီ ဖွင့်လှစ်တော့မယ်လို.သိရပါတယ်။

ဆူရ်ဘုန်လေဆိပ်ကို ချင်းပြည်နယ် ဖလမ်းမြို့မှာ ၂၀၁၅-၂၀၁၆ ခုနှစ်က စတင်အ‌ကောင်အထည်ဖော် တည်ဆောက်ခဲ့တာဖြစ်ပြီး ယခုအခါ လေဆိပ် တည်ဆောက်မှု (၉၂)ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်တဲ့အတွက် မကြာခင် ဖွင့်လှစ်နိုင်တော့မှာဖြစ်တယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က ဇွန်လ ၁၀ ရက်နေ့က နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနမှာပြုလုပ်တဲ့ နိုင်ငံတော်အစိုးရသစ်၏ စတုတ္ထတစ်နှစ်တာ ဆောင်ရွက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဆူရ်ဘုန် လေဆိပ်ကို ချင်းပြည်နယ်မှာနေထိုင်တဲ့ ပြည်သူတွေရဲ့ လမပန်းဆက်သွယ်ရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး ကိစ္စရပ်တွေကို အထောက်အကူပြုစေရန် ရည်ရွယ်၍ တည်ဆောက်ပေးခဲ့ခြင်းဖြစ်တယ်လို. သိရပါတယ်။

Credit – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တပ်ကုန်း


Spread the love
  •  
  •  
  •  
  •  
  •  
  •