ချမ်းအေးစည်သာဈေးအတွင်း၌ မသင်္ကာဖွယ်အထုတ်တစ်ထုတ်တွေ့ရှိရ၍ ဖယ်ရှားရှင်းလင်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ချမ်းအေးသာဇံမြို့နယ်၊ ချမ်းအေးစည်သာဈေးအတွင်း၌ မသင်္ကာဖွယ်အထုတ်တစ်ထုတ်တွေ့ရှိရ၍ သွားရောက်ဖယ်ရှားရှင်းလင်း
===============
နေပြည်တော်၊ စက်တင်ဘာ – ၂၁

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့နယ်၊ ကန်ကောက်ရပ်ကွက် ချမ်းအေးစည်သာဈေးရှိ ဈေးသန့်ရှင်းရေးဝန်ထမ်းတစ်ဦးသည် စက်တင်ဘာ ၂၀ ရက် နေ့လယ် ၁၂ နာရီ၌ ဈေးအတွင်းသန့်ရှင်းရေးဆောင်ရွက်စဉ် ငါးရောင်းချသည့်ဈေးခုံပေါ်တွင် အနက်ရောင်ကြွပ်ကြွပ်အိတ်ထဲ၌ ဝါယာကြိုးနှင့် ဓါတ်ခဲ ၄ လုံး ချိတ်ဆက်ထားသည့် မသင်္ကာဖွယ်အထုတ်တစ်ထုတ်အား တွေ့ရှိရ၍ သက်ဆိုင်ရာထံသတင်းပို့ရာ စစ်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များပါဝင်သော မိုင်းကျွမ်းကျင်သည့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

အဆိုပါ မသင်္ကာဖွယ်အထုတ်မှာ သစ်သားပြားပေါ်တွင် အဝတ်လျော်စက်၌ အသုံးပြုသည်ဟုယူဆရသော Timer ခလုတ်၊ ပါဝါဓါတ်ခဲအသေး ၄လုံး၊ Testing နန်းကြိုး၊ မီးခြစ်ဆံခေါင်း ၂ ခု၊ သစ်သားရေပေါ်စာနှင့် ဓါတ်ဆီတို့ကို အသုံးပြုကာ မီးလောင်စေရန်ပြုလုပ်ထားသောပစ္စည်းဖြစ်ပြီး ဒီတိုနေတာနှင့် ယမ်းများမတွေ့ရသောကြောင့် ပေါက်ကွဲစေရန်မဟုတ်ဘဲ မီးလောင်စေရန်နှင့် ပြည်သူလူထုအား စိုးရိမ်ထိတ်လန့်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ http://dsinfo.org/node/445


Spread the love
  •  
  •  
  •  
  •  
  •  
  •