ချမ်းအေးသာစံမြို့နယ်ရှိ ပညာရေးဒီဂရီကောလိပ် Quarantine Center သို့ Q ဝင်မည့်သူများ စတင်ရောက်ရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ချမ်းအေးသာစံမြို့နယ်ရှိ ပညာရေးဒီဂရီကောလိပ် Quarantine Center သို့ အသွားအလာကန့်သတ်ထားရှိမည့်သူများ စတင်ရောက်ရှိ

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ ပညာရေးဒီဂရီကောလိပ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့် ထိတွေ့သူများကို အသွားအလာကန့်သတ်ထားရှိနိုင်ရန် အတွက် ခုတင် (၁၆၀)ဆံ့ Quarantine Center ကို ဖွင့်လှစ်ထားရှိရာ အဆိုပါစင်တာသို့ အသွားအလာကန့်သတ်ထားရှိမည့်သူများ အောက်တိုဘာလ ၂၂ရက် ညပိုင်းတွင် စတင်ရောက်ရှိကြပြီဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း (၂၂-၁၀-၂၀၂၀)ရက်နေ့ နံနက်(၁၀)နာရီအထိ COVID-19 ရောဂါ အတည်ပြုလူနာ စုစုပေါင်း (၁၂၂၇)ဦး ရှိပြီဖြစ်ပြီး ဆေးရုံဆင်းခွင့်ရရှိသူ (၆၇၈)ဦး ရှိကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပရဟိတလူမှုကူညီရေးအသင်းများ၊ အလှူရှင်များနှင့် ပူးပေါင်းကာ မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။
( Ah Lin Nge )
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •