ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါရပ်ကွက်ကို Semi Lockdown ချထား၍ အသွားအလာ ကန့်သတ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါရပ်ကွက်အတွင်း Semi Lockdown ချထား၍ အသွားအလာ ကန့်သတ်

COVID-19 ရောဂါ ကူးစက်နှုန်းမြင့်မားသည့်အတွက် ရောဂါကူးစက်မှုထိန်းချုပ်နိုင်ရန် တိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ ညွှန်ကြားချက်ဖြင့် မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါရပ်ကွက်၊ ၃၄x၃၅လမ်းကြား၊ ၇၃x၇၄လမ်းကြား အတွင်းရှိ အကွက် ၆၈၂ ကို အောက်တိုဘာလ ၁၅ရက်နေ့ မွန်းတည့် ၁၂နာရီအချိန်မှ စတင်ကာ Semi Lockdown ချထား၍ အသွားအလာ ကန့်သတ်ထားရှိကြောင်း သိရသည်။

အဆိုပါအကွက် (၆၂၈)တွင် COVID-19 ရောဂါပိုးတွေ့ရှိသူ (၁၃)ဦး ရှိသည့်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်နှင့်အညီ COVID-19 ရောဂါပိုးတွေ့ရှိသူ (၁၀)ဦး ထက် ကျော်လွန်တွေ့ရှိ နေပြီဖြစ်သောကြောင့် ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရန် Semi Lockdown ချထား၍ ဝင်ထွက် သွားလာခွင့် မရှိကြောင်း ကန့်သတ်ထားရှိခြင်းဖြစ်ပြီး တားမြစ်ချက်ကို လိုက်နာမှု မရှိပါက တည်ဆဲ ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

ထိုသို့ Semi Lockdown ချထားရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများက စောင့်ကြပ်ကြည့်ရှုခြင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လိုအပ်သည်များ ပံ့ပိုးကူညီပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ချမ်းအေးသာစံမြို့နယ် အတွင်းတွင် ယနေ့(အောက်တိုဘာလ ၁၅ ရက်) နံနက် ၉ နာရီအထိ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့ရှိသူ (၈၇)ဦး ရှိပြီး (၄၆)ဦးမှာ ဆေးရုံဆင်းခွင့်ရရှိ၍ (၄၁)ဦးမှာ ဆေးရုံတက်ရောက်ဆဲဖြစ်ကြောင်း၊ မောရဂီဝါရပ်ကွက်၊ အကွက်(၆၈၂)တွင် အိမ်ခြေ (၈၂)လုံး၊ အိမ်ထောင်စု (၈၇)စု၊ လူဦးရေ (၄၀၂)ဦးခန့်ရှိကြောင်း သိရသည်။
( Ah Lin Nge )
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •