ချောင်းသာကမ်းခြေမြို့များတွင်
၂၄ နာရီလျှပ်စစ်ဓါတ်အားစတင်ရ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်အတွင်းရှိ ရွှေသောင်ယံမြို့နှင့် ချောင်းသာမြို့တို့တွင် ၂၀၂၀ ပြည့်နှစ် ယမန်နေ့ ည(၁၁) နာရီမှ စတင်၍ ၂၄ နာရီအပြည့် လျှပ်စစ်ဓါတ်အားစတင်သုံးစွဲခွင့် ရပြီဖြစ်ကြောင်းသိရသည်။
အဆိုပါ၂၄နာရီ လျှပ်စစ်ဓါတ်အားရရှိအောင်ဆောင်ရွက်ရာမှာ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် 11/KVဓါတ်အားလိုင်း၊ 400Vဓါတ်အားလိုင်းများ၊ 11/0.4KV Transformer များ တည်ဆောက်ခြင်း ချောင်းသာမြို့မှာ ၂၀၁၈-၂၀၁၉ ပြည်ထောင်စုရန်ပုံငွေဖြင့် 66/11KV(20)MVA ဓါတ်အားခွဲရုံတည်ဆောက်ခြင်းနှင့် ငွေဆောင်နဲ့ ချောင်းသာ 66KVဓါတ်အားလိုင်း ၁၂ ဒဿမ ၃၆ မိုင် တည်ဆောက်မှု၌ မြေပြင်သီးနှံလျှော်ကြေး၊ မြေယာလျှော်ကြေး ပြဿနာတွေကြောင့်ယခင် သတ်မှတ်ကာလဓါတ်အား ဖြန့်ဝေနိုင်မှုလုပ်ငန်း အနည်းငယ်ကြန့်ကြာခဲ့ရခြင်းဖြစ်ကြောင်း၊သို့ သော်လည်းယခုအချိန်မှာတော့မြေပြင်အခက်အခဲများ အားလုံးကို ညှိနှိုင်းပြီးစီးကျော်ဖြတ်၍ ၂၄နာရီအပြည့် လျှပ်စစ်ဓါတ်အားကိုပြည်သူ များထံအရောက်သုံးစွဲနိုင် အောင်ဖြန့်ဖြူးပေးနိုင်ခဲ့ ကြောင်းတာဝန်ရှိသူများထံမှသိရသည်။
ကိုကိုမောင်