ခြင်္သေ့တော့​ခြင်္သေ့…..ဒါပေမယ့်……(ဂျင်မီ)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ခြင်္သေ့တော့​ခြင်္သေ့…..ဒါပေမယ့်……

တခါကတောသုံးတောင်ကိုအစိုးရတဲ့ ခြင်္သေ့ကြီးတကောင်ရှိတယ်။သူကတနေ့ကိုသုံးကြိမ်တတောလုံးကြားအောင်ဟိန်းဟောက်ပြီးအခုလိုအမြဲကြိမ်းဝါးတတ်တယ်။
“ငါတို့ဟာကေသရာဇာမျိုးရိုးဖြစ်တယ်။သားစဉ်မြေးဆက်အုပ်ချုပ်မယ်။”

ဒီလိုနဲ့တရက်မှာ ခြင်္သေ့ကြီးဟာခြွေရံသင်းပင်းတွေနဲ့တောလှည့်ထွက်လာတယ်။တနေရာမှာအင်မတန်လှတဲ့ရေကန်ကိုတွေပြီးရေသောက်ဆင်းဖို့ပြင်လိုက်တယ်။အဲဒီအချိန်မှာပဲဟန့်တားတဲ့အသံတသံကြားလိုက်ရတယ်။
“ဟေ့ ဟေ့ ကန်ထဲမဆင်းနဲ့။ရေသောက်ချင်ရင်ကန်ဘောင်ပေါ်ကနေသောက်။”
ခြသေ့င်္ကြီးကအသံ  လာရာကိုကြည့်လိုက်တော့ကြာဖက်ပေါ်မှာအခန့်သားထိုင်နေတဲ့ဖားသူငယ်တကောင်ကိုတွေ့ရတယ်။ဒါကြောင့်ဒေါသထွက်သွားပြီးခြသေ့င်္ ကြီး ကပြောတယ်။
“ငါ့ပိုင်နက်ထဲကရေကို ငါဘယ်လိုသောက်သောက်မင်းအပူလား”
ဖားသူငယ်ပြုံးပြီးပြန်ပြောတယ်။
“ခင်ဗျားပိုင်နက်ဆိုပြီးတနေ့သုံးကြိမ်ဟိန်းဟောက်နေတာကျုပ်ကြားပါတယ်။ဒါပေမယ့်ခင်ဗျားဟာအခွင့်ထူးပဲခံတတ်တယ်။တောတောင်သာယာရေးကျတော့ဘာတခုမှမလုပ်ပေးဘူး။အခုဒီရေကန်ကြီးလှပကြည်လင်နေတာကျုပ်တို့ကိုယ်ထူကိုယ်ထလုပ်ထားတာဗျ။ဒါကြောင့်ဘယ်သူ့ကိုမှရေကန်ထဲဆင်းသောက်ခွင့်မပေးဘူး။”
ဖားသူငယ်စကားကြောင့်ခြင်္သေ့ကြီးဟာပိုဒေါသထွက်သွားတယ်။
“သယ် ရာရာစစ ငါတချက်ဟောက်ရင်အသက်ပျောက်မယ့်ကောင်ကများ…”
ခြင်္သေ့ကြီးစကားမဆုံးခင်ဖားသူငယ်ကစိမ်ခေါ်လိုက်တယ်။
“ဒါဆို လုပ်လိုက်လေ”
ခြင်္သေ့ကြီးဟာဖားသူငယ်ဘက်ကိုမျက်နှာမူပြီးအုန်းကနဲဟိန်းဟောက်လိုက်တယ်။ဖားသူငယ်လည်းရေထဲကိုငုပ်လျိူးသွားတယ်။ခြသေ့င်္ ကြီးရဲ့စိတ်ထဲမှာမလောက်လေးမလောက်စားနဲ့ခုတော့သွားပြီလို့တွေးနေတုန်းဖားသူငယ်ဟာကြာဖက်ပေါ်ပြန်ခုန်တက်လာတယ်။
“ဘယ်လိုလဲခြင်္သေ့ကြီး။တချက်ဟောက်လို့ကျုပ်မသေပါလားဗျ။ဒါဆိုနှစ်ချက်ဟောက်ကြည့်ပါဦး”
ဖားသူငယ်ကရယ်သံနဲ့ပြောလိုက်တယ်။ခြသေ့င်္ကြီးဒေါသနှစ်ဆထွက်လာပြီးအသံနှစ်ဆမြှင့်လိုက်တယ်။
“ဝေါင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးး”
ဟိန်းဟောက်သံကခဏကြာမှငြိမ်သွားတယ်။ရေထဲငုပ်သွားဖားသူငယ်ဟာပေါင်လေးကားပြီးပေါ်လာတယ်။ဒီတခါတော့ပွဲသိမ်းသွားရှာပြီလို့ခြင်္သေ့ကြီးတွေးနေတုန်းဖားသူငယ်ဟာကြာဖက်ပေါ်ပြန်ခုန်တက်လာပြန်တယ်။
“ကျုပ်မသေဘူး ရေကူးတတ်တယ်။ဒါခင်ဗျားပါဝါအကုန်ပဲလား။”
လို့ဖားသူငယ်ကဆွပေးလိုက်တယ်။ခြင်္သေ့ကြီးရဲ့ဒေါသဟာအတိုင်းအဆမဲ့သွားပြီးအာဏာကုန်ဟိန်းဟောက်ပစ်လိုက်တယ်။

ရှေးပုံပြင်အရဆိုရင်ဒီတကြိမ်မှာခြင်္သေ့ကြီးဟာရင်ကွဲပြီးသေသွားတယ်။ကျနော့်ဇာတ်လမ်းမှာတော့ခြင်္သေ့ကြီးမသေဘူး။လည်ပင်းကွဲသွားတာ။ပါးစပ်ကသွေးတွေဒလဟောကျနေပြီးတကိုယ်လုံးတုန်ခါနေတဲ့ခြင်္သေ့ကြီးဟာဖားသူငယ်ရဲ့ဆုံးမသံကိုကြားနေရတယ်။

ဖားသူငယ်ပြောတာကသူဟာရူပဗေးသဘောတရားအရဘယ်လောက်အသံထုတ်ရင်ရေဘယ်လောက်အနက်ကိုငုပ်ရမယ်ဆိုတာသိကြောင်း၊အာဏာဆိုတာသူ့နေရာနဲ့သူရှိလို့လောဘမကြီးသင့်ကြောင်းနဲ့ခြင်္သေ့ကြီးသေသေ ချာချာမှတ်မိလိုက်တာကတော့
“အင်အားဟာအမြဲတမ်းအတွက်အမှန်တရားမဟုတ်ဘူး။အမှန်တရားသာလျှင်အမြဲတမ်းအတွက်အင်အားဖြစ်စေတယ်။”
ဆိုတာပဲဖြစ်ပါတယ်။ဒီလိုနဲ့ဖားသူငယ်ရဲ့စကားသံတွေကိုမကြားတချက်ကြားတချက်နားထောင်ရင်းခြေဦးတည့်ရာပြေးနေတဲ့ခြင်္သေ့ကြီးဟာအမြင်တွေဝေ့ဝါးလာတယ်။နောက်ဆုံးမှာအမှောင်ထုကြီးနဲ့အတူခြသေ့င်္ကြီးလဲကျသွားတယ်။

သတိရလာတဲ့အချိန်မှာတော့အခြေအနေတွေအားလုံးပြောင်းလဲသွာပြီ။ပြန်မကောင်းနိုင်တဲ့လည်ချောင်းဒါဏ်ရာကြောင့်အစားအသောက်ပုံစံတွေလည်းပြောင်းသွားပြီးခြသေ့င်္ကြီးရဲ့ခန္ဓာကိုယ်ဟာသေးသွားတယ်။လည်ဆံမွှေတွေပါးသွားတယ်။

ခြေသည်းလက်သည်းတွေတုံသွားတယ်။အသံကလည်းအူလို့ဟောင်လို့ပဲရတော့တယ်။သူ့ကိုတတောလုံးကမယုံကြည်တော့ပဲဝိုင်းဝန်းမောင်းထုတ်လိုက်တာကြောင့်တောစပ်ကရွာတရွာကိုထွက်ပြေးခဲ့ရတယ်။

နောက်ဆုံးတော့ရွာအစွန်ကတဲတလုံးမှာနေတဲ့ခွေးမတကောင်နဲ့အိမ်ထောင်ကျပြီးမျိုးစပ်အသစ်လေးတွေမွေးလာပါတယ်။အဲဒီမျိုးစပ်နာမည်က..ခြင်္သေ့တော့င်္ခြသေ့…..ဒါပေမယ့်…။

 


Spread the love
  •  
  •  
  •  
  •  
  •  
  •