ခြေနှစ်ဖက်ပြတ် ဧဝရတ်တောင်တက်သမား Xia Boyu

Spread the love
  •  
  •  
  •  
  •  
  •  
  •  

#ကင်ဆာကိုအရှုံးမပေးပဲ ဧဝရတ်တောင်တက်နိုင်ခဲ့သူ။
🏆 အခက်ခဲမျိုးစုံကို အလျော့မပေးပဲ အနိုင်တိုက်သူ။
👉 အသက် ၂၅နှစ်အရွယ်မှာ ခြေလက်အစုံအလင်နဲ့ ဧဝရတ်တောင်ကို စတက်ဖို့ကြိုးစားတယ် မအောင်မြင်ခဲ့ဘူး။ မအောင်မြင်တဲ့ အပြင် ခြေထောက် နှစ်ဖက်စလုံး ဖြတ်ပစ်လိုက်ရပါတယ်။
👉 အသက် ၆၉နှစ်အရွယ်မှာ ခြေနှစ်ဖက်ပြတ်ဘဝနဲ့ Xia Boyu ဟာ ကမ္ဘ္ဘာ့အမြင့်ဆုံးတောင်ကို “#တောင်ကြီးဖဝါးအောက်“အဖြစ် သက်နေပြနိုင်ခဲ့ပါပြီ။
————————————
🙏 ၂၀၁၈ ဧပြီ ၂ ရက်နေ့မှာ နီပေါနိုင်ငံ ခက်မန်တူရှိ ဗုဒ္ဓဘုရားကျောင်းထဲမှာ Xia Boyu ဟာ အလေးအနက်ဆုတောင်းနေပါတယ်။
ရှားရှားပါးပါး နောက်ဆုံးဖြစ်သွားနိုင်တဲ့အခွင့်အရေးမှာ အန္တရာယ်ကင်းကင်းနဲ့ အောင်မြင်စွာ ကမ္ဘ္ဘာအမြင့်ဆုံးတောင်ထိပ်ကိုရောက်ဖို့ ဆုတောင်းနေခြင်းပါ။
🏆 ၂၀၁၈ မေလ ၁၄ ရက်နေ့ မနက် ၈နာရီ ၂၆ မိနစ်မှာ Xia Boyu ဟာ သူနှစ်ပေါင်း ၄၀ ကျော်မက်ခဲ့တဲ့ အိမ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပါတော့တယ်။
၁၉၇၅ ခုနှစ်မှာ သူဟာ ဘောလုံးသမားတစ်ယောက်ဖြစ်ချင်ခဲ့ပါတယ်။ မထင်မှတ်ပဲ လူပေါင်းများစွာထဲက အယောက် ၂၀ ရွေးတဲ့အထဲ သူပါသွားခဲ့ပြီး ဧဝရတ်တောင်ကို ရောက်ဖို့ မီတာ ၂၀၀ လေးပဲအလိုမှာ မုန်တိုင်းထန်လို့ ပြန်ဆင်းခဲ့ရပါတယ်။
သူဟာ သူ့ရဲ့ ညအိပ်အအေးခံ sleeping bag ကို သူ့ရဲ့ တောင်တက်ဖေါ်ကို အနစ်နာခံပြီး ပေးခဲ့ပါတယ်။ ရလဒ်ကတော့ မနက်မှာ နှင်းကိုက်ပြီး သူ့ခြေဖဝါးနှစ်ဖက် ဖြတ်ပစ်ခဲ့ရပါတော့တယ်။
သူသိပ်ဖြစ်ချင်ခဲ့တဲ့ ဘောလုံးသမားဘဝကို အပြီးတိုင်စွန့်လွှတ်လိုက်ရတဲ့ အပြင်းထန်ဆုံးထိုးနှက်ခံရမှုတစ်ခုပါ။
ဧဝရတ်တောင်တက်ဖို့ စရိတ်ကြီးလှတဲ့အတွက် သူဟာ သည်းခံပြီးကြိုးစားနေချိန် ၁၉၉၆ မှာ သူဟာ lymphoma ကင်ဆာဖြစ်လာပြီး ခြေထောက် ၂ ဖက်လုံး ဒူးအောက်က ဖြတ်ပစ်လိုက်ရပါတော့တယ်။
သူဟာ ကင်ဆာရဲ့ ကုသထုံးကို ခံယူရင်း အားကစားကို လုပ်နိုင်သမျှလုပ်ပါတယ်။ ကမ္ဘ္ဘာ့အမြင့်ဆုံးတောင်ထိပ်ကို #မသေခင်တက်ကိုတက်နိုင်ရမယ်လို့လည်း အခိုင်အမာ ဆုံးဖြတ်ထားပါတယ်။
၂၀၁၄ ထပ်ပြီး ဧဝရတ်တောင်တက်ချိန်မှာ ရေခဲတောင်ပြိုမှုကြောင့် လက်လျော့ခဲ့ရပါတယ်။ ၂၀၁၅ မှာ နီပေါငလျင်ကြောင့် တောင်တက်တာ ရပ်ခဲ့ရပါတယ်။
၂၀၁၆ မှာ အမြင့်ဆုံးတောင်ထိပ်ကို ရောက်ခါနီး မီတာ ၁၀၀ လေးအလိုမှာ ရာသီဥတုဆိုးဝါးလွန်းလို့ ပြန်ဆင်းလာခဲ့ရပါတယ်။ အရင် မီတာ ၂၀၀ အလိုထက်တော့ နီးလာပြီလို့ပဲ မှတ်ယူခဲ့ရပါတယ်။
၂၀၁၈ တောင်မတက်ခင်မှာ AFP သတင်းဌာနကအမေးမှာ သူက ဒါဟာသူ့ရဲ့ ဘဝအိမ်မက်ဖြစ်ကြောင်း “I have to realize it” “It also represents personal challenge, a challenge of fate” လို့ ဖြေခဲ့ပါတယ်။
⛔️ တကယ်တော့ Xia Boyu မတက်ခင် နီပေါအစိုးရက ခြေလက်မသန်စွမ်းသူတွေ၊ အသက် ၁၆ နှစ်အောက်တွေ တက်ခွင့်ကို ပိတ်ပင်ခဲ့ပါတယ်။
သူ့ရဲ့ အိမ်မက်ဟာ မဖြစ်နိုင်တော့ဘူးလို့ ထင်ရပေမယ့် အလျော့မပေးပဲ ဆက်လက်လေ့ကျင့်ကာ အသင့်ပြင်ဆင်ထားခဲ့ပါတယ်။
၂၀၁၈ ခုနှစ်မှာနီပေါ တရားရုံးက အစိုးရကို ပြန်ဖွင့်ပေးဖို့ အမိန့်ချခဲ့ပါတယ်။ တောင်းဆိုမှုတွေကြောင့် နီပေါအစိုးရက ယာယီဖွင့်ပေးချိန်မှာ သူက အမိအရ တက်ခဲ့တာပါ။ အဲ့ဒီအချိန်မှာ သူဟာ အသက် ၆၉ နှစ်ရှိနေပါပြီ။
👉 ၂၀၁၈ ခုနှစ်တက်ချိန်မှာ သူဟာ သူ့ရဲ့နောက်ဆုံးတက်ခွင့်ရချိန်ဖြစ်သွားနိုင်တယ်ဆိုတာ သိပြီးစိုးရိမ်မှုရှိနေခဲ့ပါတယ်တဲ့။ ဒါကြောင့်လည်း နီပေါဘုရားကျောင်းမှာ အချိန်ရသမျှ ဆုတောင်းခဲ့ပါတယ်။
Moral of the story
—————–
👉 ခြေ ၂ ဖက်ပြတ်ဘဝနဲ့ နှစ်ပေါင်းများစွာ အလျော့မပေးမှု။ ခြေထောက်တွေသာ အဖြတ်ခံရပေမယ့် စိတ်ဓါတ်က အမြဲရှင်သန်နေသူ။
👉 မျှော်လင့်ချက်ရောင်ခြည်ကို အမြဲမျက်ခြေမပြတ်ပဲ အမြဲအသင့်ပြင်ဆင်ထားသူ။
👉 ကင်ဆာကုသထုံးခံယူနေချိန်မှာလည်း သူ့ရဲ့အိမ်မက်ကို အကောင်အထည်ကို မရရအောင်ဖော်မယ်လို့ ဆုံးဖြတ်ချက်ချထားပြီး အားကစားလေ့ကျင့်မှုတွေဆက်လုပ်နေသူ။
👉 နီပေါအစိုးရရဲ့ မသန်စွမ်းသူတွေတက်ခွင့်ပိတ်လိုက်ချိန်မှာလည်း စိတ်ဓါတ်မကျပဲ မျှော်လင့်ချက်နဲ့ အမှောင်ထဲမှာ ဆက်လက်လေ့ကျင့်နေသူ။
👉 နောက်ဆုံးတော့ အသက်ကြီးမှု old age ကမတားဆီးနိုင်ပဲ တောင်ကြီးဖဝါးအောက်အဖြစ် ခြေ ၂ ဖက် မရှိသော်လည်း ဧဝရတ်တောင်ပေါ်မှာ ခြေရာထင်ကျန်စေခဲ့ပါပြီ။
👉 “Reaching the summit has always been a dream and a goal. I have fought it over the past decades. Despite several bad things, I never give up. The perseverance has made my life Colorful and Meaningful.”
👉 ဘဝမှာ ကိုယ့်ဘဝဟာ “Colorful နဲ့ Meaningful” ဖြစ်ဖို့ အချိန်တစ်ခုကို ဇွဲရှိရှိ စိတ်ရှည်ရှည်နဲ့ ဖြတ်သန်း ကြိုးစားရလေ့ရှိတယ် မဟုတ်လား။
ကျနော်တို့ တော်ရုံအလျော့ပေးဖို့ စဉ်းစားမိတိုင်းမှာ Xia Boyu က #အလျော့မပေးဖို့သတိပေးနေသလိုပါပဲ
“ဘယ်တော့မှလက်မြှောက်အရှုံးမပေးနဲ့!”
https://www.facebook.com/Richard-Myo-Thant-109119807474881/
https://www.facebook.com/richard.myothant

Spread the love
  •  
  •  
  •  
  •  
  •  
  •