ဂန့်ဂေါ- ကလေး ရထား ပြန်လည်ပြေးဆွဲမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဂန့်ဂေါ- ကလေး ရထား ပြန်လည်ပြေးဆွဲမည်

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နေသည့်ကာလအတွင်း ဧပြီလလယ်မှစ၍ ဂန့်ဂေါ- ကလေး ရထား ခရီးစဉ်ကို ခေတ္တပိတ်ထားခဲ့ရာ အဆိုပါ ရထားခရီးစဉ်ကို ဇူလိုင် ၇ ရက်မှစတင်၍ ပြန်လည်၍ နေ့စဉ် ပြေးဆွဲမည်ဖြစ်ကြောင်း ဂန့်ဂေါဘူတာတွင် ကြေညာထားသည်။

ရထားခရီးစဉ် ခေတ္တပိတ်ထားစဉ် ကိုဗစ် – ၁၉ ရောဂါကာကွယ်ရေး သက်ဆိုင်ရာမှ ပန်ကြားထားချက်များနှင့်အညီ  ဂန့်ဂေါဘူတာနှင့် ကလေးဘူတာကြားရှိဘူတာများတွင် သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက် ထားသည်။ ထို့ပြင် ကိုဗစ် – ၁၉ ရောဂါကာကွယ်ရေး သက်ဆိုင်ရာမှ ပန်ကြားထားချက်များနှင့်အညီ  လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထား၍ လက်ကိုရေနှင့် ဆပ်ပြာနှင့် စနစ်တကျဆေးကြောနိုင်ရန် ဆောင်ရွက်ထားပြီး ရထားစီးခရီးသည်များအားလုံး နှာခေါင်းစည်းများ တပ်ဆင်ကြရန် နှိုးဆော်ထားကြောင်း သိရသည်။

အဆိုပါ ရထားခရီးစဉ် ခေတ္တရပ်နားထားသည့်ကာလ၌ ဂန့်ဂေါဘူတာနှင့် မြောက်ခင်ရန်းဘူတာကြားတွင် ယိုယွင်းပျက်စီးသည့် သစ်သားဇလီဖါးများနေရာ၌ ကွန်ကရစ်ဇလီဖါး ၃၈၀၀ ကို အစားထိုး လဲလှယ်ထားကြောင်း သိရသည်။

တောင်သားမောင်သန်း


Spread the love
  •  
  •  
  •  
  •  
  •  
  •