ဂေါ်ဖီထုပ်တောင်သူတွေကို ကူညီပံ့ပိုးပေးတဲ့ ကမ္ဗောဇ မိသားစုရဲ.အလှူ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရှမ်းပြည်နယ်တောင်ပိုင်းက ပအိုဝ့်၊ တောင်ရိုးနှင့် ကယန်းတိုင်းရင်းသားတွေ စိုက်ပျိုးထားတဲ့ ဂေါ်ဖီထုပ်တွေဟာ အခုကာလအတွင်း ဝယ်ယူမယ့်သူမရှိလို့ ဖျက်ဆီးပြစ်ရတော့မယ့်အခြေအနေမှာရှိနေပါတယ်။

ဦးအောင်ကိုဝင်းကဝယ်ယူမယ့်သူမရှိလို့ ဖျက်ဆီးပြစ်ရတောမယ့်ဂေါ်ဖီထုပ် (၅) သိန်းကျော်ကို ဂေါ်ဖီထုပ်တောင်သူတွေကို ကူညီဖို့အတွက် ကိုယ်တိုင်သွားရောက်ဝယ်ယူခဲ့ပြီး ကုန်တင်ကားကြီးများနဲ့ ဖြန့်ဝေလှူဒါန်းခဲ့ပါတယ်။

ဝယ်ယူပြီး တဲ့ ဂေါ်ဖီထုပ်တွေကို မြန်မာပြည်တွင်းက အကျဉ်းထောင်တွေနဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပခုက္ကူ၊ မြင်းခြံ၊ ရမည်းသင်း၊ မော်လမြိုင်၊ အေးသာယာက မိဘမဲ့ဂေဟာများ နဲ့ အခြေခံပြည်သူတွေကို စနစ်တကျ ဖြန့်ဝေနေတယ်လို့ သိရပါတယ်။

“တစ်ရက်တစ်ရက် စိုက်ထာခဲ့တာတွေ ဘယ်ပို့ရမှန်းမသိတော့ စိတ်မကောင်းဘူး။ ဘယ်ရောင်းရမှန်းလည်း မသိဘူး။ အခုတော့ နောက်ရာသီဆက်ပြီး ရင်းနှီးစိုက်ပျိုးဖို့ ကျွန်မ အရင်းလေး ရပါပြီ။ ” ဆိုတဲ့ တောင်ရိုးလူမျိုး တောင်သူတစ်ဦးရဲ့ ပြောစကားကို ကြားတဲ့အခါမှာ ကျွန်မ စိတ်မကောင်းဖြစ်မိပါတယ်။ သူတို့ရဲ့အခက်အခဲကို တတ်နိုင်သမျှ ကူညီလိုက်နိုင်လို့လည်း ပီတိဖြစ်မိပါတယ်။ လို့ ဦးအောင်ကိုဝင်းရဲ့သမီးဖြစ်သူက သူမရဲ့လူမှုကွန်ရက်စာမျက်နှာ မှာရေးသားဖော်ပြထားပါတယ်။

 

တောင်သူတွေ လတ်တလော အဆင်ပြေစေဖို့အတွက်လည်း ဆန်( ၃)ပြည်၊ ဆီ(၁)ဗူး၊ ဆား(၁)ထုပ်၊ ကုလားပဲ (၅၀) ကျပ်သား၊ ငွေကျပ်တစ်သောင်းစီကိုလည်း ပေးဝေခဲ့တယ်လို့သိရပါတယ်။

 

Photo – https://www.facebook.com/nanglangkham/

 


Spread the love
  •  
  •  
  •  
  •  
  •  
  •