ဂေါ်ရင်ဂျီကျွန်းအနီး တရားမဝင်ငါးဖမ်းစက်လှေများဖမ်းဆီးရမိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဂေါ်ရင်ဂျီကျွန်းအနီး တရားမဝင်ငါးဖမ်းစက်လှေများဖမ်းဆီးရမိ
=============
နေပြည်တော်၊ စက်တင်ဘာ – ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ငရုပ်ကောင်းမြို့၊ ဂေါ်ရင်ဂျီကျွန်းအနီး တရားမဝင်ငါးဖမ်းလှေများ ဝင်ရောက်ငါးခိုးဖမ်းလျက်ရှိကြောင်းသတင်းအရ စက်တင်ဘာ ၁၉ ရက်တွင် တပ်မတော်ရေယာဉ် ကင်းလှည့်ဆောင်ရွက်စဉ် ငွေဆောင်မြို့၊ ဆင်မကျေးရွာနေ ဦးထွန်းထွန်းဦး ပိုင်ဆိုင်သည့် ရွှေဇင်ယော်အမည်ရှိ ငါးဖမ်းစက်လှေအား လှေလုပ်သား ၃ ဦး နှင့်လည်းကောင်း၊ ဦးထွန်ထွန်းလှိုင်ပိုင်ဆိုင်သည့် ဖြိုးပိုင်အမည်ရှိ ငါးဖမ်းစက်လှေအား လှေလုပ်သား ၅ ဦးနှင့်လည်းကောင်း၊ ဦးလှိုင်ကိုဦးပိုင်ဆိုင်သည့် ပန်းသဇင်အမည်ရှိ ငါးဖမ်းစက်လှေအား လှေလုပ်သား ၄ ဦးနှင့်လည်းကောင်း၊ ဦးဇော်မင်းထွန်းပိုင်ဆိုင်သည့် စံပယ်ဖြူအမည်ရှိ ငါးဖမ်းစက်လှေအား လှေလုပ်သား ၃ နှင့်လည်းကောင်း၊ ဦးကျော်စိုးပိုင်ဆိုင်သည့် ကောင်းကင်သစ်အမည်ရှိ ငါးဖမ်းစက်လှေအား လှေလုပ်သား ၄ ဦးနှင့်လည်းကောင်း၊ စုစုပေါင်း ငါးဖမ်းစက်လှေ ၅ စီးနှင့် လှေလုပ်သား ၂၂ ဦးတို့အား အသီးသီးဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသည့် တရားမဝင်ငါးဖမ်းစက်လှေများနှင့် လှေလုပ်သားများ အား ငရုတ်ကောင်းမြို့၊ ငါးလုပ်ငန်းဦးစီးဌာနသို့ စနစ်တကျလွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

http://dsinfo.org/node/444

Source – တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

 


Spread the love
  •  
  •  
  •  
  •  
  •  
  •